(Unicode)
မိမိရဲ့အခန်းမှ ကျောင်းဝန်းအပြင်ဘက်ကို ငေးကြည့်နေရင်း အိုဆယ်ဟွန်း သက်ပြင်းအကြိမ်ကြိမ်ချမိသည်
ခြစ်ခြစ်တောက်ပူနေသောနေသူရိန်အရှိန်ထဲတွင် ကျောင်းကို အထပ်ထပ်အခါခါ ပတ်ပြေးနေရသော ဖြူဖြူပိန်ပိန် ဝမ်ကျောင်းသားလေးကို ကြည့်၍ မသနားဘူးလို့တော့ အိုဆယ်ဟွန်း ဗြောင်မညာချင်ပါ...သို့သော်လည်း အရွယ်နဲ့မလိုက် သိပ်ဆိုးလွန်းတဲ့ ဒီကျောင်းသားလေးကို ပြုပြင်ပေးရမယ့် တာဝန်က မိမိပခုံးပေါ်မှာမဟုတ်လား
.ဆရာကတော့ professor Ohရဲ့လက်ထဲပဲ သားကိုအပ်ပါတယ်ကွာ မင်းလို သိပ်တော်တဲ့လူငယ်တစ်ယောက်ဖြစ်လာဖို့ သားလေးကို ပြုပြင်ကြည့်ရှုပေးပါ
နားထဲကြားယောင်လာတဲ့ ဆရာဝမ်ယွီဟန်ရဲ့စကားသံတွေကြောင့် အိုဆယ်ဟွန်း ကျောတောင့်ရသည်အထိ...
စဥ်းစားကြည့်ပါ မိတ်ဆွေ...ကျွန်တော်မျိုး အိုဆယ်ဟွန်းက သာမန်အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ
မိဘတွေက coffee shopနဲ့ book land ဖွင့်ထားရုံမှအပ နေထိုင်တဲ့နှစ်ထပ်အိမ်နှင့်တကွ စီးနေတဲ့ကားလေးတစ်စီးအပြင် ပိုင်ဆိုင်မှုဘာမှထပ်မရှိသူပါ...
သာမန်အထက်တန်းကျောင်းကနေအောင်မြင်ခဲ့ပြီး ဆရာဝမ်ယွီဟန်ရဲ့ ကူညီထောက်ပံ့မှု ကျွန်တော်မျိုးရဲ့ ကြိုးစားမှုတွေနဲ့အတူ ယခုလို ထိုင်ဝမ်ရဲ့အကောင်းဆုံးပုဂ္ဂလိကကျောင်းမှာ Professor ရာထူးလေးနဲ့တည်တည်ငြိမ်ငြိမ်ရှိနေရခြင်းပါ...ဆိုရသော်..ဝမ်ကျောင်းသားလေးရဲ့ ဖခင်၏ ကူညီမှုသာမပါလျှင် ကျွန်တော်လဲ ဒီလို အေးဆေးလေးနေရဖို့မလွယ်ပါလေ
နောက်တနည်းကြည့်ရရင် ဝမ်ကျောင်းသားလေးကို ကျွန်တော့်လို လူတော်လူမော် တယောက် ဖြစ်စေချင်သော ဆရာဝမ်ယွီဟန်ရဲ့ စိတ်ကိုလည်း နားလည်ပေးရမည် မဟုတ်ပါလား
အိုဆယ်ဟွန်း နာရီကြည့်မိသည် အချိန်က ညနေ၄နာရီ
နေ့ခင်းထမင်းစားတက်ချိန်ကနေ ယခုအချိန်ထိ တရွေ့ရွေ့ပြေးနေဆဲ ဖြစ်တဲ့ ဝမ်ရီပေါ် ရဲ့ အကြောမသေးမှုကိုတော့ မင်းတို့ပဲ ရှုစားြကပါတော့ မိတ်ဆွေ....
YOU ARE READING
Profesor de escuela Oh
Fanfictionအိုဆယ်ဟွန်း>ဒီကလေးကိုတကယ်ပဲ ငါ မနိုင်တော့ဘူး ဝမ်ရီပေါ်> (...) Just fiction Don't judge my OTP #Kanato_Sakamaki