(Unicod)ဖြေးနှင်းစွာပြေးနေသော ဝမ်ရီပေါ်နားသို့ အိုဆယ်ဟွန်း ထီးဆောင်းလျက် အနားကပ်လိုက်လေသည်
.ဝမ်ရီပေါ် မင်းဆက်ပြေးဦးမှာလား
အိုဆယ်ဟွန်း အနားရောက်လာသောေကြာင့် ဝမ်ရီပေါ်ရဲ့ ခြေလှမ်းတွေက ရပ်တန့်ကာ အိုဆယ်ဟွန်းကိုစူးစူးစိုက်စိုက်ကြည့်နေလေသည်
ဒီဝမ်ကျောင်းသားလေးကတော့ စိတ်ဆိုးနေပြီထင်ပါရဲ့...
.ဝမ်ရီပေါ် ငါမေးနေတာ မင်းဆက်ပြေးဦးမှာလား
.၂၀၀မပြည့်သေးဘူး... ဆရာ
.တော်တော့ တော်ပြီ မင်းစာသင်ခန်းထဲ ပြန်ဝင်လို့ရပြီ
.(...)အိုဆယ်ဟွန်းသည် အဆောက်အအုံ၏လက်ယာဘက်အပေါ်ထက်အခြမ်းမှ ဝမ်ရီပေါ်ရဲ့ စာသင်ခန်းကို ညွှန်ပြကာ ပြောလိုက်သော်လည်း ဝမ်ရီပေါ်က တုပ်တုပ်မှမလှုပ်
.ဝမ်ရီပေါ် ဆရာ စာသင်ခန်းကိုပြန်ခိုင်းနေတယ်လေ
ပြူးကြောင်ကြောင်နဲ့ ကြည့်လာတဲ့ ဝမ်ရီပေါ်ရဲ့ မျက်ဝန်းတွေနဲ့အပြိုင် အိုဆယ်ဟွန်း ပြန်ပြူးပြလိုက်သည်
.ဘာလဲ ခေါင်းမာမနေနဲ့.အမောဖောက်ပြီးသေရင် မင်းရဲ့အဖေမှာ နောက်မျိုးဆက်မရှိတော့လို့ကွ ရှင်းလား ဝမ်ရီပေါ် သွားတော့ စာသင်ခန်း..
နေပူကျဲတဲတွင် အိုဆယ်ဟွန်းရဲ့ဒေါသ တကယ်ပင် ပြန်ထွက်လာရပြန်သည်
တုံဏှီဘာဝေ လုပ်နေတဲ့ ဝမ်ကျောင်းသားရဲ့ တင်ပါးကို ခပ်ဆက်ဆက်လေး ၂ချက်လောက်ရိုက်လိုက်တော့ အလန့်တကြားနောက်ဆုတ်သွားကာ ပြုးကျယ်စွာ ကြည့်လာပြန်လေသည်.ဘာလဲ ဆရာကို ဘယ်လိုပြန်ကြည့်နေတာလဲ သွား အခန်းထဲ
.ထိုင်ခုံမရှိဘူးလေသံတိုးတိုးကို ရုတ်တရက် အိုဆယ်ဟွန်း မကြားတာမို့ နောက်တခေါက်ပြန်မေးရသည်
.ဘာ..ဘာပြောလိုက်တာ
.ထိုင်ခုံမရှိဘူးပီပီပြင်ပြင် ကြားလိုက်ရတဲ့ စကားကြောင့် အိုဆယ်ဟွန်း ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်သည်
.ဪ မင်းထိုင်ခုံမရှိလို့မသွားချင်တာပေါ့ ဟုတ်လား
.(...)ဟူတ်တယ်..တကယ်ကို မှန်နေတာပဲ ထိုင်ခုံဘယ်ရှိမလဲ သူ့ကိုဒီလိုပတ်ပြေးခိုင်းရတဲ့အကြောင်းတရားကလဲ သူ့ရဲ့စာရေးခုံကို ပြတင်းပေါက်ကနေပစ်ချတာ အောက်တည့်တည့်မှာ ဖိနပ်ကြိုးပြေလို့ ထိုင်ပြီး ကြိုးချည်နေတဲ့ ကျောင်းသူလေးတစ်ယောက်အနားကိုပြုတ်ကျသွားလို့လေ
အဲ့ကျောင်းသူလေးအပေါ်သာကျလိုက်ရင်တော့
အဟေး..ဟေး..ဝမ်ကျောင်းသားရေ မင်းအစားငါရင်မောတယ်ကွာ....
YOU ARE READING
Profesor de escuela Oh
Fanfictionအိုဆယ်ဟွန်း>ဒီကလေးကိုတကယ်ပဲ ငါ မနိုင်တော့ဘူး ဝမ်ရီပေါ်> (...) Just fiction Don't judge my OTP #Kanato_Sakamaki