[Zawgyi]
နှလုံးသားရဲ့စေရာ အပိုင်း[2]
စုတ်ပဲ့ပဲ့ဆံပင်တွေကို ရှောင်းကျန့်ထိတွေ့မိတော့ …ဆွဲဖက်ခံလိုက်ရသည့် အခြေအနေ…
"Ah………! "
အိပ်နေတယ်လို့ထင်ထားတဲ့ ရိပေါ်ဆိုသည့်လူမှာ သူ့ကိုဆွဲဖက်လိုက်တာကြောင့် စိတ်တော့ တုန်လှုပ်သွားပေမဲ့ …ဘာကြောင်းကြောင့်လဲဆိုတာတော့မေးရမည်
"ဘာလုပ်တာလဲ လွတ်ပါ…"
"မင်း ယွီပင်းမလား…ဘာလို့ခုမှ ပြန်လာရတာလဲ …ငါမင်းကိုစောင့်နေခဲ့ရတာ"
"လူမှားနေပြီ သခင်လေး ကျွန်တော်……အာ……ကျွန်မက သခင်လေးပြောတဲ့သူမဟုတ်ပါဘူး…"
"မလိမ်နဲ့စမ်း ……ယွီပင်း မင်းရဲ့ကိုယ်သင်းနံ့ကိုငါမှတ်မိတယ်"
ရိပေါ် ရင်ခွင်ထဲ ရောက်နေသော ရှောင်းကျန့်မှာ အတင်းရုန်းနေရသည်…
"ကိုယ်သင်းနံ့ တူတာနဲ့ သခင်လေးရဲ့လူမဟုတ်ပါဘူးရှင့် …လွှတ်ပါနော်…အသက်ရှုရခက်လို့ပါ…"
"ငါ့ကိုမင်းညာနေတာလား…မင်းယွီပင်းမဟုတ်ဘူးလား"
"သခင်လေး အရင်ဆုံး လွှတ်ပေးပါအုန်း ပြီးရင် ကျွန်မ သခင်လေးရဲ့ လူမဟုတ်ကြောင်း သက်သေပြပါ့မယ်…"
ရှောင်းကျန့်ရဲ့ ပြေပြစ်တဲ့ပြောဆိုမှုကြောင့် …သခင်လေးဆိုသည့်လူမှာ သူ့ကိုအသာလွှတ်ပေးလိုက်သည်
"သခင်လေး… "
ရှောင်းကျန့်က ရိပေါ်ရဲ့ လက်ကို ကိုင်ကာ သူ့မျက်နှာပေါ် တင်ပေးလိုက်သည်…
ရိပေါ်လက်တွေဖြင့် ရှောင်းကျန့်မျက်နှာအနှံ့ကို ထိတွေ့မိသည် …
ဖြောင့်စင်းလွန်းသည့်နှာတံ ကြော့ရှင်းလွန်းတဲ့ မျက်ခုံး ပါးဖောင်းလေးမဟုတ်ပေမဲ့ သူ့နေရာနဲ့သူုကြည့်ကောင်းနေမည့်ပုံစံပါ
"ဒါဆို မင်းဘယ်သူလဲ"
"ဟုတ်ကဲ့ ကျွန်မက…ရှောင်းကျန့်ပါ သခင်လေးကို ပြုစုရမဲ့ သူနာပြုတစ်ယောက်ပါ"
ESTÁS LEYENDO
နှလုံးသားရဲ့စေရာ
Fanfic[Zawgyi] ဘာလို့လဲ ရိပေါ် မင်းဘဝထဲ ထပ်ဝင်လာမဲ့ငါ့ကို ယ မကြည်ဖြူနိုင်ဘူးလား......မင်းကိုလိမ်ခဲ့သလိုဖြစ်ခဲ့ပေမဲ့ ငါမင်းကိုချစ်တယ် ငါ့ အသက်လိုချင်တဟ်ဆိုယူပါ ငါ့ကိုတော့ မမုန်းလိုက်ပါနဲ့......... (ရှောင်းကျန့်) မုန်းတယ် ရှောင်းကျန့် ငါမင်းကိုအရမ်းမုန်း...