အပိုင်း[4] Two Version

3.5K 295 3
                                    

[Zawgyi]

နှလုံးသားရဲ့စေရာ အပိုင်း[4]


ဘယ်လိုအခြေအနေကြီးလဲ ... ရုတ်တရက် သူ့စိတ်ကိုမထိန်းလိုက်နိုင်တာကြောင့်အခြေအနေအကုန်လုံး ဗြောင်းဆန်ကုန်ပြီ......



ရူးချင်တယ် ရှောင်းကျန့်ရေ ...ကိုယ့်စိတ်ကိုယ်တောင် မထိန်းနိုင်လောက်အောင်ကို ဖြစ်နေပြီလား...

ကုတင်ပေါ် လှဲနေသည့် ရိပေါ်ကို ရှောင်းကျန့် လှမ်းကြည့်လိုက်သည်...

မျက်စိပတ်ထားတဲ့ပတ်တီးစတာ စိုစိုစိစိဖြစ်နေတာကိုမြင်ရသည်မို့ ...ဒီကလေးငိုနေတာများလား

မဖြစ်ဘူး ငိုလို့မဖြစ်ဘူး လုံးဝပဲ ရိပေါ်လှဲကာကုတင်ထပ်သို့တက်သွား၍ ...

"ရိပေါ် ...ရိပေါ် မင်း ငိုနေတာလား"

ပထမတော့ ထိုကလေးငြိမ်နေတုန်းပဲ နောက်မှ ရှိုက်ကြီးတငင် ထငိုတော့သည့်ကလေးကိုကြည့်ကာ သနားမိပြန်သည်...


"ငါမငိုပါဘူး...ဟင့် ငါဝမ်းနည်းတာပါ ဘာလို့ငါ့အလှည့်ကျမှ ဒီလိုတွေဖြစ်နေတာလဲဆိုတာ ငါနားမလည်ဘူး"

ဗြောင်လိမ်တယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မည်~

"မငိုနဲ့ ရိပေါ်...မင်းငိုအောင်ငါဘာတစ်ခုမှထပ်မလုပ်ဘူး ငါမုန်းတယ် မင်းမျက်ရည်တွေကို ...မင်းကိုငိုအောင်လုပ်တဲ့သူမှန်သမျှကို ငါလက်စားချေရအုန်းမယ် "



"မင်းဘာလို့ငါ့ကို ခုလိုတွေဆက်ဆံနေတာလဲ"


"ငါ............မသိဘူး ငါ့ရင်ထဲကပေါ်လာတဲ့ မင်းနဲ့ပတ်သတ်တဲ့ခံစားချက်တွေကို ငါ့ကိုယ်ငါတောင်နားမလည်ဘူး ဒါပေမဲ့ မင်းပျော်နေရင် ငါပျော်တယ် မင်းငိုနေရင် ငါပါငိုချင်တယ် "


"အမှန်တိုင်းပြောမယ်ဆို ငါမင်းကိုရွံ့တယ် မင်းကိုမမြင်ရသေးပေမဲ့ ...ငါ့က်ုခုလိုတွေဆက်ဆံတဲ့မင်းကိုရွံ့မိတယ် မုန်းတယ် ငါချစ်ရတဲ့သူတောင် မနမ်းရက်ခဲ့တဲ့ နှုတ်ခမ်းကို မင်းအပိုင်သိမ်းသွားလို့ မုန်းတယ် "



"Hk! မင်းကြိုက်သလောက်မုန်းစမ်းပါ...... တနေ့တော့ မင်းသေချာပေါက်ငါ့ကိုလက်ထပ်ရမယ်"



နှလုံးသားရဲ့စေရာDonde viven las historias. Descúbrelo ahora