ကျွန်မနာမည်ကစုလေး။တက္ကသိုလ် တတိယနှစ်တက်နေတဲ့ ကျောင်းသူတစ်ဦးပါ။တစ်ရက်တော့ ကျွန်မအဆောင်မှာအိပ်နေရာကနိုးလာတော့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက ထူးဆန်းနေတယ်။နေရာကြီးကအတော်ကိုထူးဆန်းနေတာ။ကျွန်မမျက်လုံးဖွင့်ကြည့်လိုက်တော့ ဆံပင်ညိုညို၊မျက်လုံးအစိမ်းရောင်နဲ့ ကြင်နာတတ်ပုံရတဲ့ အန်တီကြီးတစ်ယောက်က မေးလိုက်တာက
"ဟာမွန်နီ သမီးလေးနိုးလာပြီလားတဲ့"ငါ့ကိုအဲ့လိုလေးပြောပြီးတာနဲ့အခန်းထဲက ထွက်သွားတယ်။
W to T to F!?
ငါဒီအန်တီကြီးကိုမြင်ဖူးသလိုလိုရှိတယ်။ ဟယ်ရီတို့ကားထဲက ဟာမွန်နီရဲ့အမေ မလား။ဇာတ်ကားထဲခဏလေးပါတာလေ။ နေပါဦး။ဟာမွန်နီတဲ့လား။ ဘယ်လို ဘယ်လို? ငါ့နာမည်ကစုလေးပါ။ ဘာလို့အန်တီကြီးက ဟာမွန်နီလို့ခေါ်နေတာလဲ? အံ့အားသင့်နေပြီးမှ တစ်ချက်သတိရလိုက်မိတယ်။
'သြော် ငါ့နှယ်၊ ဟယ်ရီပေါ်တာကားကို အသေအလဲကြိုက်မိတာ လွန်လွန်းသွားလို့ဒီလိုအိပ်မက်အထူးအဆန်းကို မက်နေတယ်ထင်ပါ့'
အင်း အိပ်မက်ကောင်းလေးထဲ ရောက်တုန်းရောက်ခိုက် ဟိုဟိုဒီဒီပတ်ကြည့်လိုက်ပါဦးမယ်လေ။ဘာနေနေ အိပ်မက်ပဲဟာ။အခန်းထဲဝေ့ကြည့်လိုက်တော့ ပစ္စည်းပစ္စယများများတော့မတွေ့ရဘူး။အခန်းက တကယ်ကို သပ်ရပ်နေတယ်။ငါ့အဆောင်က အခန်းနဲ့တော့ကွာပါ့။ကိုယ်က သပ်သပ်ရပ်ရပ်နေတတ်တဲ့သူမျိုးမဟုတ်ဘူးလေ။မညစ်တော့ မညစ်ပတ်ပါဘူး။ ထားပါ။ကဲ အခန်းထဲဘာတွေရှိလဲကြည့်လိုက်ကြရအောင်။အခုငုတ်တုတ်ထိုင်နေတဲ့ခုတင်၊ဗီရိုတစ်လုံး၊စာကြည့်စားပွဲတစ်ခု၊စာအုပ်စင်တစ်ခု၊မှန်တင်ခုံလေးတစ်ခု။
'တကယ့်စာကြမ်းပိုးအခန်းပဲ'
မှန်တင်ခုံရှေ့ရပ်ကြည့်တော့ မှန်ထဲက ပုံရိပ်က အသက်၁၁နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ပုံရိပ်ကိုမြင်ရတယ်။ဆံပင်ညိုညိုကို နည်းနည်းပွနေပြီး မျက်လုံးညိုလေးတွေနဲ့။အယ်။ အိပ်မက်ထဲကငါအတော်ချောပါလား။ဘဝင်ရူးစိတ်မပျက် စိတ်ထဲကပြောလိုက်တယ်။ငါ့ရဲ့တကယ့်ရုပ်လေးသာဒီလောက်ချောရင်ကောင်းမယ် ချစ်မရယ် အားကျ။
ပြတင်းပေါက်ကနေခေါ်င်းပြူပြီးကြည့်မိတော့ ဟာ!အမိုက်စားဟ။ ၁၉ရာစုလောက်က ဒီဇိုင်းကာလာဘာညာအနေအထားတွေနဲ့။ဟိုငေးဒီငေးလုပ်နေတုန်း အသံတစ်သံကြားလိုက်ရတယ်။
"သမီးလေးဟာမွန်နီ မနက်စာစားဖို့ဆင်းလာခဲ့တော့လေ"
အဟင်း။ အိပ်မက်ပဲဟာ။ပူမနေနဲ့ မိစု။ မီးစင်ကြည့်ကကြတာပေါ့။ မျက်နှာသစ်၊ သွားတိုက်၊ကိုယ်လက်သန့်စင်ပြီးဗီရိုထဲက အကျီလှလှလေးတစ်ထည်ထုတ်ဝတ်ပြီး အိမ်အောက်ထပ်ကိုဆင်းလာခဲ့တယ်။
"လာ သမီးလေး မနက်စာစား"
မစ္စက်ဂရင်းဂျာ(ဟာမွန်နီ့အမေ)၊မစ္စတာဂရင်းဂျာ(ဟာမွန်နီ့အဖေ)တို့နဲ့ မနက်စာအတူစားပြီးတော့ သူတို့နှစ်ယောက် အလုပ်သွားကြတယ်။ ဇာတ်ကားနဲ့ဝတ္ထုအရဆို သူတို့၂ယောက်လုံးက သွားဆရာဝန်တွေပဲ။ ငါလေးလည်းအိပ်မက်က နိုးမည့်အချိန်ကို စောင့်နေတုန်းပဲ။ နေ့လည်စာစားပြီးတာ့ အကျင့်အရ တစ်ရေးအိပ်လိုက်သေးတာ။ညနေကျ ဟာမွန်နီရဲ့ မိဘတွေပြန်လာကြတယ်။ ၃ယောက်သားညစာကိုအတူစားကြတယ်။ငါလေးအိပ်ရာဝင်ခဲ့တယ်။အိပ်မက်ကနေနိုးထပြီး ငါ့ရဲ့မူလကမ္ဘာကို ပြန်ရောက်ဖို့ပဲ ဆုတောင်းနေမိပါရဲ့။
မနက်ရောက်တော့မျက်လုံး၂လုံးပွင့်တာနဲ့ခုန်ထပြီးအော်လိုက်မိတယ်။"ဟေးကမတွေ။ငါဘာအိပ်မက်မက်ခဲ့လဲသိလား။အဂေါ်ပါနော်။အိပ်မက်ထဲမှာ ငါက ဟာမွန်နီဂရင်းဂျာတဲ့ဟ..."
အခန်းဖော်သူငယ်ချင်းတွေကိုမတွေ့ပဲ ငါ့မျက်စိထဲမြင်လိုက်ရတာက မနေ့ကအတိုင်း ဟာမွန်နီရဲ့အခန်းကြီး။ omfg!!!ကယ်တော်မူကြပါဦး။ငါအိပ်မက်မက်နေခဲ့တာမဟုတ်ဘူးလား?ကိုယ့်အသားကိုယ်ပြန်ဆွဲဆိတ်ကြည့်တယ်။ နာတယ်ဟ!ဒါဆိုအခုဖြစ်နေတာတွေအကုန်လုံးက တကယ်ကြီးတွေပေါ့? မေမရေ သမီးအဖြစ်ကိုမြင်လှည့်ပါဦး။ သမီးအိမ်ပြန်ချင်တယ်။ (╥﹏╥)
အခုတော့ကျွန်မဟာမွန်နီဂရင်းဂျာဖြစ်ခဲ့တာ၁လလောက်ရှိပြီ။နေ့တိုင်းက ထူးမခြားနား ကုန်ဆုံးခဲ့တာပဲ။မစ္စတာနဲ့မစ္စက်ဂရင်းဂျာတို့ကတော့ ကျွန်မကိုတုန်နေအောင်ချစ်ကြတယ်။ ပျော်စရာတော့ကောင်းပေမဲ့ မူလကမ္ဘာက မိသားစုကို သတိရစိတ်က ပိုတယ်။
ဒါနဲ့စကားမစပ်။ငါသိရသလောက်တော့ ဟာမွန်နီအသက်၁၁နှစ်လောက်မှာ ဟော့ဝပ်ကခေါ်စာရောက်လာမှာမို့လား။ အင်း ဘယ်တော့ပါလိမ့်။ မကြာလောက်တော့ဘူးနဲ့ တူပါတယ်။
************************************
YOU ARE READING
ကျွန်မရဲ့အရှင်သခင်(Unicode Ver)
FanfictionPotterheadမလေးတစ်ယောက်အိပ်ရာကနိုးလာတော့ ဟယ်ရီပေါ်တာကားထဲက မှော်ကမ္ဘာကြီးကိုရောက်နေတဲ့အခါ...သူမ ဘာတွေဆက်ဖြစ်မလဲ။သိထားပြီးသား ကံကြမ္မာတွေကို ရှောင်လွှဲဖို့ ဘယ်လိုကြိုးစားမလဲ။ 👉Not a translated one👈 ဟယ်ရီပေါ်တာဇာတ်လမ်းကိုမှီထားတဲ့ocပါ။ မူလဇာတ်လမ်းနဲ့...