ငါလာပြီဟော့ဝပ်ရေ

117 8 2
                                    

ငါလေးအလုပ်တွေအသေရှုပ်နေပြီ။ဘာလို့လဲဆိုတော့ဟော့ဝပ်သွားရမယ့်ရက်ကနီးလာပြီလေ။ဟော့ဝပ်အကြောင်းဂဃနဏသိရဖို့ Hogwarts:A Historyကိုကျေညက်နေအောင်လေ့လာထားရတယ်။ကိုယ်ပိုင်မှော်ကျိန်လုံးရထားပြီဆိုပေမဲ့ ကျောင်းပြင်ပမှာမှော်မသုံးရဆိုတဲ့ကန့်သတ်ချက်ကြောင့် ဂါထာတွေကိုအဖြစ်လောက်ပဲ လေ့လာထားရတာ။ မက်ဂယ်ဖွားမှော်ဆရာတွေက သွေးသန့်တွေနှိမ်တာခံရတယ်လေ။မျက်နှာမငယ်ရဖို့တော့တတ်နိုင်သလောက်ကြိုးစားရမှာပေါ့လေ။ မူလဟာမွန်နီကို ဒရေဂိုတောင်ဘယ်လိုပြောဆိုခဲ့သလဲဆိုတာတွေတွေးမိတော့ငါ့သွေးတွေတောင်ရေခဲကုန်မလိုပဲ။ ငါပြင်ဆင်လို့ရပါ့မလား။ သူ့အမြင်တွေပြောင်းလဲလာအောင်လေ။ ဟူး... အနည်းဆုံးတော့သူ့အနားမှာရပ်တည်နေနိုင်တဲ့ထိအရည်အချင်းရှိမှဖြစ်မယ်။ဖတ်ဖူးတဲ့စာတွေအရ ဒရေဂိုက ဉာဏ်သိပ်ကောင်းတာသေချာတယ်။ သူ့အမြင်မှာငါ့အရည်အချင်းက တအားနိမ့်ကျနေလို့မဖြစ်ဘူး။အဲ့တော့နှာခေါင်းသွေးလျှံအောင်ထိကြိုးစားပစ်လိုက်မယ်။ဘာနေနေ သူနဲ့နီးစပ်ရဖို့ကအဓိကမိန်းပွိုင့်ပဲ။အတော်ဖြစ်နေတာပဲလို့ထင်ချင်ထင်ကြပါစေလေ။ ဒရေဂို့အတွက်ဆို ဣန္ဒြေဆိုတာကြီးကငါ့ရန်သူပဲ။စောင့်‌ကြည့်နေလိုက်အသည်းလေး။နင်လေးကငါ့အတွက်ပဲဖြစ်လာစေရမယ်။ ငါသဘောတူတာက Dramioneလေ။ အခုငါကဟာမွန်နီဖြစ်လာပြီဆိုတော့ ငါ့သဘော်ကြီးကိုလွှင့်နိုင်အောင်ကြိုးစားရမှာပဲ။မူလကမ္ဘာတုန်းကဘယ်လိုမှမဖြစ်နိုင်ခဲ့ပေမဲ့ အခုတော့ကြိုးစားပိုင်ခွင့်ရှိလာပြီလေ။
​(ง'̀-'́)ง

ဟော့ဝပ်ကိုသွားရမယ့်နေ့ကိုရောက်လာခဲ့ပြီ။အဖေနဲ့အမေက လန်ဒန်ကင်းခရော့ဘူတာထိလိုက်ပို့ပေးကြတယ်။အဝတ်တွေထည့်ထားတဲ့သေတ္တာတစ်လုံးရယ်၊စာအုပ်တွေထည့်ထားတဲ့သေတ္တာတစ်လုံးရယ်၊အငြိမ်မနေတဲ့ကြောင်တစ်ကောင်ရယ်နဲ့ပလတ်ဖောင်း9 3/4ထဲမဝင်ခင်ကတည်းကမနိုင်မနင်းပျာယာခတ်နေရပါပြီ။ကော်ဖီတွေအများကြီးသောက်ထားတဲ့အတိုင်းပဲ ရင်တွေလည်းတုန်နေတယ်။အဲ့ဒီပလတ်ဖောင်းနံပါတ်၉နဲ့၁၀ကြားကနံရံကိုဖြတ်လိုက်ရင်တကယ်ကြီး ဟော့ဝပ်ဘူတာကိုရောက်သွားမှာလား။‌မတော်လို့ သွားမရပဲ အုတ်နံရံကြီးနဲ့ သွားမိတ်ဆက်မိရင်တော့ ဒုက္ခပါပဲ။ အင်း ဘာနေနေစိတ်ကိုအေးအေးထားရမယ်။
relax..relax..

ကျွန်မရဲ့အရှင်သခင်(Unicode Ver)Where stories live. Discover now