ဒီလောကကိုရောက်ပြီး၃လလောက်မှာတော့ အိမ်ရဲ့စာတိုက်ထဲကို စာအိတ်လေးတစ်စောင်ရောက်လာခဲ့တယ်။ ပေါ်တာခေါင်းတစ်ယောက်မို့ မြင်တာနဲ့တန်းသိလိုက်တာပေါ့ ဟော့ဝပ်ကခေါ်စာဆိုတာ။အမလေးနော်၊ ဒီခေါ်စာရဖို့ကို ငါဘယ်လောက်ထိစိတ်ကူးယဥ် ရူးသွပ်ခဲ့ရသလဲ၊အခုတော့ငါ့ဆီတကယ်ကြီးရောက်လာပြီပေါ့လေ။ အဖေအမေတို့နဲ့အတူ ဟော့ဝပ်တံဆိပ်နှိပ်ထားတဲစာအိတ်လေးကို ဖွင့်ဖတ်လိုက်တယ်။ စာရွက်ကနှစ်ရွက်ပါတာ။ပထမစာရွက်ကိုအရင်ဖတ်လိုက်တယ်။
ဟော့ဝပ်မှော်ပညာကျောင်း
ကျောင်းအုပ် အဲလ်ဘတ်စ်ဒမ်ဘယ်ဒေါ (အပြည်ပြည်ဆိုင်ရာမှော်အသင်းဥက္ကဌ၊ မာလင်အဖွဲ့ပထမတန်းမှော်ဆရာကြီး၊ မှော်ဆရာအစည်းအရုံးဥက္ကဌ)ချစ်လှစွာသောမစ်စ်ဂရင်းဂျာ
သင့်အားဟော့ဝပ်ကျောင်းသို့ ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။လိုအပ်တဲ့စာအုပ်စာရင်းနဲ့ပစ္စည်းစာရင်းကိုပါ ထည့်ပေးလိုက်ပါတယ်။စက်တင်ဘာတစ်ရက်နေ့တွင်ကျောင်းစဖွင့်မှာဖြစ်ပါတယ်။သင့်ထံမှဇီးကွက်နဲ့ပေးပို့မယ့်ပြန်စာကို ဇူလိုင်လ၁၃ရက်နေ့အမှီစောင့်မျှော်နေပါမယ်။
သင့်ရဲ့ချစ်လှစွာသော
တွဲဖက်ကျောင်းအုပ်ကြီး
မီနာဗာမက်ဂေါ်နဂယ်နောက်တစ်ရွက်ကို ဖတ်လိုက်တယ်။
ဟော့ဝပ်မှော်ပညာနှင့်မှော်အတတ်သင်ကျောင်း
ဝတ်စုံ
*ဗြောင်ဝတ်ရုံရှည်၃ထည်(အနက်)
*နေ့ခင်းပိုင်းဝတ်ရန်ဦထုပ်ချွန်၁လုံး
*အကာအကွယ်လက်အိတ်၁စုံ(နဂါးအရေခွံ သို့မဟုတ် အလားတူပစ္စည်း)
*ဆောင်းရာသီသုံးဝတ်ရုံရှည်၁ထည်(အနက်ရောင်၊ငွေကြိုးနှင့် ငွေကြယ်သီးတပ်)
ကျောင်းသားအကုန်လုံး ကိုယ့်ဝတ်စုံကိုယ်နာမည်ကဒ်တပ်ဖို့အထူးသတိပြုပါ။
![](https://img.wattpad.com/cover/204398519-288-k430238.jpg)
YOU ARE READING
ကျွန်မရဲ့အရှင်သခင်(Unicode Ver)
FanficPotterheadမလေးတစ်ယောက်အိပ်ရာကနိုးလာတော့ ဟယ်ရီပေါ်တာကားထဲက မှော်ကမ္ဘာကြီးကိုရောက်နေတဲ့အခါ...သူမ ဘာတွေဆက်ဖြစ်မလဲ။သိထားပြီးသား ကံကြမ္မာတွေကို ရှောင်လွှဲဖို့ ဘယ်လိုကြိုးစားမလဲ။ 👉Not a translated one👈 ဟယ်ရီပေါ်တာဇာတ်လမ်းကိုမှီထားတဲ့ocပါ။ မူလဇာတ်လမ်းနဲ့...