ချစ်ဖူးတယ်
part - 2
''ဟ. . .မင်းဘာလို့ အိမ်သာတံခါးကို ဖွင့်လိုက်တာလဲ. . . 😠😠
''ကျနော်. . ဟို. . sorry. . . . 😥
ဒုက္ခ ပါပဲ အားနာလိုက်တာ ငါ ကလဲလေ ဒီအကိုနဲ့ မှ ဘာလို့ ခနခန ဆုံပြီး ဒီလိုဖြစ်နေပါလိမ့်. . . . 😥
နေမင်းက တံခါးကို ပြန်ဆွဲပိတ်လိုက်ပြီးထွက်လာသည်နှင့် စိတ်တိုပြီးဟောက်ပြစ်လိုက်သည် . . .တစ်ခါလာလဲ sorry . . တစ်ခါလာလဲ. .sorry. .ဒီလောက် sorry သုံးတာကြိုက်နေရက်. . ဘုန်းကြီးခေါင်းခေါက်ပြီးမှ sorry သွားလုပ်ပါလား. . 😠😠''မင်းတော့နော် တစ်ခါမကတော့ဘူး. .
''ဟို . .ကျနော်. . . လူမရှိဘူးမှတ်လို့. . . .
နေမင်း ဘယ်သူအပြစ်တင်ရမှန်းမသိ . . . အိမ်သာတံခါး ကိုပဲအပြစ်တင်ရမလား ဒီငနဲ ကိုပဲအပြစ်တင်ရမလား. . .
''နောက်တစ်ခါ. . . မင်းနဲ့ ထပ်မဆုံဖို့ ဆုတောင်းရမလိုပဲ. . တောက်. .😡😡 .
နေမင်း က ဒေါသတကြီး ခြေလှမ်းကြဲတွေဖြင့်လှမ်းထွက်သွားသည်. . .
''ဖြန်း သေစမ်း. . 😵😲
ရဲရင့်သော် ကို့ယ့် နဖူး ကိုပြန်ရိုက်လိုက်မိသည်. .
ရှေ့မကြည့်နောက်မကြည့် သူ့ရဲ့စရိုက်. .
အကိုချော က ဒေါသ အလွန်ထွက်သွားပုံရသည်. .ရှက်တာလဲ ပါမှာပေါ့. . . . . ဖြူ နုသည့်မျက်နှာမှာ နီရဲလျှက်. . . .''ကျနော် ကတော့ထပ်ဆုံချင်ပါတယ်အကို. . . ခနခန လွဲချော် အနာတရ အရှက်ရအောင်လုပ်မိတဲ့အတွက်တောင်းပန်ချင်ပါတယ်. .
ရဲရင့်သော်. .ပြေးထွက်လိုက်ကြည့်ပေမယ့်နေမင်းရဲ့အရိပ်အရောင်တောင် မတွေ့ရတော့. . . . ဒါပေမယ့် သူ့စိတ်ထဲ မှာတော့ အကို နေမင်းရဲ့မျက်နှာက ဆွဲထင်လျှက်. . .
''ဟာ. . ငါ ဘာလို့ သူအကြောင်းခနခန ပြန်တွေးနေမိပါလိမ့်. . . .
ရဲရင့်သော် ကနေရင်းဖြင့် ပြန်ပေါ်လာသည့် နေမင်း၏ မျက်နှာကြောင့် ခေါင်းကို ခါယမ်းပြစ်လိုက်သည်. .ဘယ်က မှန်းမသိ . . . ဘာအလုပ်လုပ်မှန်းမသိ. . . .၃ ခါ ထဲဆုံဖူးပေမယ့် ဟိုးအရင်ထဲက သိခဲ့သည့်အတိုင်း . . . သတိ
ရနေမိသည်. . . .
YOU ARE READING
ချစ်ဖူးတယ်
Romance၂၀၁၇ ကရေးသားထားသည့် ficဟောင်းတစ်ပုဒ် project k fan ficဖြစ်သလို boy love တစ်ပုဒ်ပါ