ချစ်ဖူးတယ်
part -3
yoyo ရဲ့ လက်တွေ လေပေါ်မှာပဲ အဆုံးသတ်သွားသည် . .
တကယ်တော့ yoyo နေမင်း ကို မထိလိုက်ပါ . .
နေမင်းနှင့် yoyo က အတန်အသင့်ဝေးသောနေရာတွင်ရှိနေသည်. . . .သူ စိပ်ကူး လိုက်ရုံသာဖြစ်သည်. . . .''ဖလူး. . . . အဟွတ်. . .အဟွတ်. . . .
နေမင်း ရေသောက်နေရင်းတစ်ယောက်ယောက် က စောင့်ကြည့်နေသလို ခံစားလိုက်ရသဖြင့် ဝေ့ အကြည့် ရွှန်းလဲ့သော မျက်လုံးတွေဖြင့် သူ့ကိုငေးကြည့်နေသော yoyoကြောင့်. . . .. . အသက်ရူလမ်းကြောင်းလွဲပြီး ရေ ပါ သီး သွားသည်.. . . .
အားလုံးက ထိုအခြေအနေကို သတိထားမိပုံမပေါ်. . . .
ပင်ပန်းသဖြင့် ကသည့်နေရာမှာပဲ ခြေပြစ်လက်ပြစ်လှဲနေကြပြီး မျက်လုံးမှိတ်ထားကြသည်. . . ,
yoyo က သူပုံစံကိုကြည့်ပြီး အကြည့်လွဲမသွားသည့်အပြင် သွားဖြဲပြီးရယ်ပြနေသေးသည်. . . .''ဘာကောင်လဲ ဟ. . . . . . . ယောက်ျားချင်း ဒီလောက်ထိ ကြည့်စရာလား. . .
သူမှာတော့ အသက်ရူ လမ်းကြောင်းတွေမှား ရေတွေ သီး. . . . . .
နေမင်း မျက်နှာ တစ်ဖတ်လှည့်လိုက် ပြီး စိုသွားသည့် ရင်ဘက်ကို အနည်းငယ် ခါထုပ်ပြစ်လိုက်သည်. . တမင် အကျီင်္ ကိုရေစိုအောင် သူသောက်ရတာ သဘောကျသည်. . . . ကထားသည့် အရှိန်ကြောင့် ပူလွန်းအိုက်လွန်းနေသည် မို့ . . ထိုသို့ ရေအနည်းငယ် စိုသွားလျှင် နေသာထိုင်သာ သလိုခံစားရသည့် သူ့ အကျင့်. . .
ဒီလိုနဲ့ သူတို့အဖွဲ့ ကိုရီးယားသို့ သွားပြိုင်ခဲ့ကြ သည်. . .
ကိုရီးယား နိုင်ငံ ချမ်းချမ်းအေးအေး ထဲ ကိုရီးယား စတိုင် ဘောင်းဘီ ဒူးပြဲတွေဖြင့်. . . . . . သူတို့ ထင်မထားလောက်အောင် သူတို့အဖွဲ့ကို လာအားပေးသည့် မြန်မာတွေ လဲရှိတာကြောင့် အားတက်မိတာတော့အမှန်. . . . .ဒုတိယ ဆု ရှိသည် ဟု သိပြီးနောက်မှာတော့ fanတွေပိုများလာခဲ့သည်. . .
မြန်မာပြည်ပြန်သည့်နေ့ လေဆိပ်မှာ သူတို့မထင်ထားလောက်အောင်လာကြိုသည့် လူများပြားလှသည်. . . . .
သူတို့အားလုံးပျော်ရွှင်လို့မဆုံးပေါ့. . . . .
နေမင်း ရဲ့ ဘေးမှာလဲ fan girl ကောင်မလေးတွေဝန်းရံလျှက် . . .
ထို အခြေအနေ. . နေမင်းရဲ့ လူပ်ရှားမူတိုင်းကိုစောင့်ကြည့်နေသူက. . . yoyo. . . .
JE LEEST
ချစ်ဖူးတယ်
Romantiek၂၀၁၇ ကရေးသားထားသည့် ficဟောင်းတစ်ပုဒ် project k fan ficဖြစ်သလို boy love တစ်ပုဒ်ပါ