ချစ်ဖူးတယ်
part -5
ဟွန့်  လူပု စိတ်တိုဆိုတာသူ့ ကိုပြောတာဖြစ်မယ်
'' ဘာတွေ ပွစိပွစိလုပ်နေတာလဲ ''
'' ဘာမှမလုပ်ဘူး နေစမ်းပါဦး ကျွန်တော် ဘာလို့ လာခေါ်တာလဲ အဖွဲ့သားတွေနဲ့ မချိန်းထားဘဲနှင့် ဒီနေ့ စာမေးပွဲပြီးတဲ့နေ့ နားချင်လို့ ပါဆို ''
'' ကျစ် စကား အရမ်းများတာပဲ ''
နေမင်း ကားကို ဘရိတ်အုပ်၍ လမ်းဘေး ချရပ်လိုက်သည်
သူ့  ကားခါးပတ်ကို ဆွဲဖြုတ်လိုက်ပြီးyo yo မျက်နှာကို ဆွဲလှည့်လိုက်ကာ နှုတ်ခမ်းများကို ဖိကပ် နမ်းပစ်လိုက်သည်yoyo သူ့ နု တ်ခမ်းလေးများကို လက်ဖြင့်ကိုင်ပြီး စကားပြောရန် ပြင်လိုက်စဉ်
'' အသံထပ်မထွက်လာနဲ့ နောက်တစ်ခါဆို ဒီထက်ပို ကြာလိမ့်မယ် ''
နေမင်း ကခပ်တည်တည်နဲ့ ပြောပြီး ကားစက်နိုးကာ ကားဆက်မောင်းနေသည်' ဘယ်လိုလူကြီးလဲကွာ မကျေနပ်ဘူး နည်းနည်းလေးမှ မကျေနပ်ဘူး အရာရာ သူ့  စိတ်တိုင်းကျကြီးပဲ '
yoyo စိတ်ထဲကြိတ်ပြောမိသည် အပြင်မှာတော့ လေတောင်မလည်ရဲ
အသံထွက်လာရင် ထပ် ပြီး အနမ်းခံရဖွယ်ရှိနေသဘ်မဟုတ်ပါလားကားကို ဘယ်နေရာသို့ မောင်းနေလဲမသိ ကြည့်ရတာ အမြန်လမ်းမဖြစ်မည်ထင်သည် မေးတော့မမေးရဲ
( ကို သာဆို မေ့ချင်ယောင်ဆောင်ပြီး မေးပစ်မှာ)'' ကဲ ရောက်ပြီ ဆင်း ''
yoyo မဆင်းချင် ဆင်းချင်ဖြင့် ကားပေါ်မှ ဆင်းလာခဲ့သည်
သူဆင်းလာပြီး သူ ရှေ့က မြင်ကွင်းကြောင့် အသက်ကို ဝဝရှူလိုက်သည်
မျက်စိတဆုံး လယ်ကွင်းကြီး ထိုလယ်ကွင်းသို့ ရောက် ရန် စမ်းချောင်းကလေး ကာဆီးနေသဖြင့် ရှိနေသည့်တံတား
အရိပ် အရမ်းကောင်းသည့် ကုက္ကို ပင်ထိုအပင်အောက်မှာ ထိုင်ရန်ပြုလုပ်ထားသည့် ဝါးကွပ်ပစ် တစ်ခုyoyo ထိုမြင်ကွင်းကိုကြည့်ပြီး ကြည့်နူးး မိသည်
'' အရမ်း လှတာပဲ ''
yoyo သူဘာသာသူပြောပြီး သတိရကာ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်
နေမင်း မျက်နှာက တော့ အစောနကနှင့် ဘာမှမသက်ဆိုင် ပြုံးနေလေသည် သူ့ ကိုကြည့်ကာ
ŞİMDİ OKUDUĞUN
ချစ်ဖူးတယ်
Romantizm၂၀၁၇ ကရေးသားထားသည့် ficဟောင်းတစ်ပုဒ် project k fan ficဖြစ်သလို boy love တစ်ပုဒ်ပါ