Part 2~

4.4K 484 9
                                    

Please scroll down for Unicode version

Zawgyi version

'ဒါ novel ထဲက villain ရဲ့မှဏ်ဥာဏ်တွေလား' လို့ ya ya ကိုမေးလိုက်မိတယ်။

'ဟုတ်ပါတယ် Host  villainခံစားရတဲ့မှဏ်ဥာဏ်တွေပါ'

' shit သူက villain ရော ဟုတ်ရဲ့လား ?သူကြီးပဲ ဇာတ်လိုက်မဆီကလှည့်စားတာ ခံရလိုက် ဇာတ်လိုက်ရိုက်တာခံရလိုက်နဲ့ villain သိက္ဓာကျတယ်။ villain လို့ခေါ်ပြီး ဇာတ်လိုက်ကို တစ်ခါမှလည်း မနိုင်လိုက်ဘူး။ ငါ့ထက်တုံးတဲ့သူ တွေ့ပြီ' လို့ Lynn တစ်ယောက် ya ya ကိုနားပူနားဆာ လုပ်မိနေတယ်။

ဒီ novel ဟာ cultivation ကိုအခြေခံထားတဲ့
စပ်စလူးစိန်မမ
Female Lead (Sheng Mi  Mi) နဲ့
ဝမ်းတွင်းပုတ် Male Lead(Wu Swan) ရဲ့
အချစ်ဇာတ်လမ်းပဲ။

villain (Hua Shen)ကတော့ သူတို့ရဲ့ အချစ်
ပန်းခင်းလမ်းကြီးဖြောင့်ဖြူးအောင် ထည့်ထားတဲ့ supporting လေးတစ်ခုသာသာပါပဲ။ Villain က အမေရော အဖေရော စောင့်ရှောက်ပေးမယ့်သူ မရှိတော့ တစ်ကောင်ကြွက် အနေနဲ့ ကြီးပြင်းလာတယ်။ လမ်းမှာ လိုက်လံ တောင်းစားရဲ့ ဘဝရဲ့ ၆နှစ်တာ အချိန်ဟာ ကုန်ဆုံးခဲ့ရတယ်။ ကလေးတွေရဲ့  အနိုင်ကျင့်ခြင်းခံရတယ်။ အနိုင်ကျင့်တဲ့ကလေးရဲ့ မိဘတွေကလည်း တွေ့ရက်နဲ့ ကလေးတွေကိုလွှတ်ပေးထားကြတယ်။ တနေ့တနေ့ ပေါက်စီတစ်လုံးစားရဖို့ကို လူတကာဆီမှာမျက်နှာငယ်ကာ တောင်းရမ်းစားသောက်ရတယ်။

တစ်နေ့ Hua Shen ကို Sheng Mi Mi ရဲ့အဖေ Sheng ဂိုဏ်းချုပ်က demon တွေကို နှိမ်နင်းရင်း လမ်းမှာအမှတ်မထင်တွေ့သွားတယ်။ အဲ့ဒီအချိန်မှာ Hua Shenက သခင်လေးတွေရဲ့ ဝိုင်းဝန်းရိုက်ခံနေရတဲ့ အချိန်မှာ ပြန်လည်တုံ့ပြန်ဖို့ အစွမ်းကုန်ကြိုးစားရင်း ခန္ဓာကိုယ်မှာ ချီစွမ်းအား အရင်းအမြစ် စတင်ပေါ်လာခဲ့တယ်။ Sheng ဂိုဏ်းချုပ်ကသဘောတွေ့တော့ အသူရာ ဂိုဏ်းဆီခေါ်လာခဲ့တယ်။

Hua Sheng က အသူရာဂိုဏ်းဆီရောက်တော့ Sheng ဂိုဏ်းချုပ် သမီး Sheng Mi Mi ကို
မြင်မြင်ချင်း သဘောကျသွားခဲ့တယ်။ Sheng ဂိုဏ်းချုပ်ကလည်း အလားအလာ ရှိတဲ့ Hua Shen ကိုသဘောကျတော့ လွှတ်ထားပေးခဲ့တယ်။ Sheng Mi Mi ကတော့ Hua Shen ကိုလုံးဝသဘောမကျဘူး။ ငယ်ငယ်တုန်းကအသက်ကို ကယ်ပေးခဲ့တဲ့ အသက်သခင်ကျေးဇူးရှင် Wu Swan ကပဲ Sheng Mi Miရဲ့ နှလုံးသားကိုသိမ်းပိုက် ခဲ့ပြီးပြီ။ Wu Swan က ထိပ်သီး ဂိုဏ်း ၃ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ မဟူရာ
ဂိုဏ်းချုပ်ရဲ့တူဖြစ်တယ်။ မဟူရာဂိုဏ်းချုပ် နဲ့ သူ့ဇနီးမှာ ဆက်ခံစရာ အမွေခံသားသမီး မထွန်းကားတဲ့အတွက် Wu Swan ကိုသားအရင်းလို ချစ်ခင်ကြတယ်။

I Will Get Back The Debt (YAML System💙)Where stories live. Discover now