Part 14~

2.2K 273 19
                                    

Please scroll down for Unicode Version

Zawgyi

မြင်းလှည်းနဲ့သွားရသည့် ခရီးသည် ပုံမှန်ထပ်တော့ကြာမြင့်လေသည်။လမ်းတစ်လျှောက် တောင်တစ်တောင်ပြီးတစ်တောင် မြို့တစ်မြို့ပြီးတစ်မြို့ ဖြတ်ကျော်ခဲ့ရပေသည်။အလာတုန်းက ကောင်းကင်ထပ်မှ ပျံသန်းခဲ့သောကြောင့်မသိသာသော်လည်း မြေပြင်ခရီးကတော့ကြာမြင့်ပေသည်။

မြင်းလှည်းရဲ့ လှုပ်ခတ်မှုကြောင့် Lynnတစ်ယောက် မျက်လုံးမပွင့်တပွင့်ဖြင့် နိုးလာခဲ့လေသည်။Lynnတစ်ယောက် နိုးလာလာချင်း ခန္ဓာကိုယ်ကြီးအရိုက်ခံထားရသလို ဖြစ်နေပေသည်။တစ်ချိန်လုံး ထိုင်နေရပြီး ခန္ဓာကိုယ်ရှိအရိုးများ မရှိတော့သလိုတောင် ဖြစ်နေလေသည်။တရုတ်ကားတွေကြည့်ပြီး မြင်းလှည်းရဲ့ပျော်ရွှင်ဖွယ်ရာအတွေ့အကြုံကို Lynnတစ်ယောက် ပျော်ပျော်ကြီး ခံစားရလိုက်ပေသည်။

"ကျွီ—"

"သခင် အရှေ့မှာ ပြသနာတစ်ခုဖြစ်နေပါတယ်"

Di Baihan မြင်းလှည်းအဝမှ ပိတ်စကိုဖယ်ကာ  အရှေ့သို့လှမ်းကြည့်လိုက်သည်။မြင်းလှည်းနဲ့ တော်တော်လှမ်းလှမ်းတွင် လူများက ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။လူအုပ်ကြီး လမ်းပိတ်ထားမှုကြောင့် မြင်းလှည်းက တိုးဝင်လို့ပင်မရပေ။

"အခု ဘယ်ရောက်နေတာလဲဟင်"

Lynnတစ်ယောက် အသံပြုလိုက်ပြီး လှည်းထဲကနေ ခေါင်းလေးပြူထွက်ကာကြည့်လိုက်သည်။

"အခု ချိန့်ဟွားမြို့ကိုရောက်နေတာပါ သခင်လေး"

Lynnတစ်ယောက် လှည်းမောင်းနေသောအနက်ရောင်စစ်သူကြီး၏ ပြန်ဖြေသံကိုကြားမှတာ လှည်းထဲပြန်ဝင်သွားသည်။

"ဆရာ ခရီးဆက်မှာလား?"

"အရင်ဆုံး တည်းခိုခန်းရှာပြီးနားရအောင်...တပည့်လေးလဲ ပင်ပန်းနေပြီမလား...ဒီကနေဆို မိစ္ဆာတောင်ကုန်းဆီ ရောက်ဖို့ သိပ်မလိုတော့ဘူး"

"ဟုတ်~"

"အနီးစပ်ဆုံး တည်းခိုခန်းကိုအရင်မောင်းလိုက်"ဟု Di Baihan အမိန့်ပေးလိုက်သည်။

"ဟုတ် သခင်"
-----------------------------------------------------------
"ပန်ဟွား တည်းခိုဆောင်"ဟုဆိုသော နေရာတွင်မြင်းလှည်းသည် ရပ်သွားကာ ခရီးတစ်ထောက်နားရန်ပြင်ဆင်လေသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 02, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

I Will Get Back The Debt (YAML System💙)Donde viven las historias. Descúbrelo ahora