Part 11~

3.8K 440 32
                                    

Please scroll down for Unicode version

Zawgyi

Di Baihan တပည့်လေးကို တစ်ယောက်တည်း စိတ်မချသော်လည်း ဒီခရီးရဲ့ အဓိကရည်ရွယ်ချက်လေးက တပည့်လေးကြောင့် ဖြစ်နေသောကြောင့် မသွားချင်သော်လည်း သွားမှရပေမည်။တပည့်လေးက ပုံမှန်လမ်းစဉ်ကျင့်လျှင် အဆင့်တက်ရာတွင် အခက်အခဲများစွာ ရင်ဆိုင်ရသော 'နန်ထုံ' ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သူဖြစ်သည်။

'ယင်' 'ယန်' 'နန်ထုံ' နှင့် 'စိုင်ယမ်'ဆိုပြီး မွေးကတည်းမှ ပိုင်ဆိုင်ထားတတ်သော ထူးဆန်းသော ခန္ဓာကိုယ်လေးမျိုးရှိပေသည်။ထူးခြားလေးဖွယ်ဟူ၍ ကျင့်ကြံခြင်းလောကထဲတွင် ခေါ်တွင်ကြသည်။

'ယင်'ခန္ဓာကိုယ်ဟာ အမဓာတ်အပြည့်ရှိသော ခန္ဓာကိုယ်ဖြစ်ပြီး နှစ်ကိုယ်တူကျင့်ကြံရာတွင်အလွန်အသုံးဝင်လှပေသည်။မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် အလွန်တရာမှလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ယောက်ျားလေးဖြစ်နေလျှင်တောင် ကိုယ်ဝန်ဆောင်လို့ရနိုင်ပေသည်။ထို့ကြောင့် ယင်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသောသူများသည် အန္တရာယ်ကြုံရတတ်သောကြောင့် မိမိ၏ ယင်ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့အတွက် အားထုတ်ရပေသည်။ယင်ခန္ဓာကိုယ်ပိုင်ဆိုင်သူများသည် မိမိ၏ကိုယ်ပေါ်တစ်နေရာရာတွင် 'ယင်'ဟုဆိုသော စကားလုံးသည် နေရာယူထားသည်။တချို့ဆိုလျှင် မျက်နှာပေါ်တွင် နေရာယူထားသော်လည်း အလှမပျက်သည့်အပြင် ပိုတိုး၍တောင်လှနေတတ်သေးသည်။

'ယန်'ခန္ဓာကိုယ်မှာ အဖိုဓာတ်အပြည့်ပါသော ခန္ဓာကိုယ်ဖြစ်ပေသည်။ကျင့်ကြံရာတွင် အလွန်တရာတိုးတက်မြန်သော ခန္ဓာကိုယ်ဖြစ်သည်။သို့သော် 'ယင်'ခန္ဓာကိုယ်များနှင့်ဆန့်ကျင့်ဘက်ဖြစ်သောကြောင့် ထိပ်တိုက်တွေ့လျှင် ယန်ဓာတ် ရုတ်တရက်ဆုတ်ယုတ်လာသောအခြေအနေကြုံရတတ်ပြီး အခက်အခဲဖြစ်ပေါ်လာနိုင်သည်။

'ယင်' နှင့် 'ယန်'မျှတသော ခန္ဓာကိုယ်ပိုင်ရှင်များကတော့ အကောင်းဆုံးဟု ဆိုရနိုင်ပေသည်။ယင်နှင့်ယန် အတူတကွယှဉ်တွဲပါလာမှုကြောင့် ကျင့်ကြံဖို့လွယ်ကူလှပေသည်။သို့သော် တခါတရံ ယင်ဓာတ်ဖြစ်ဖြစ် ယန်ဓာတ်ဖြစ်ဖြစ် တစ်ဖက်ဖက်ကပို၍များသော အခြေအနေနှင့်ကြုံလာလျင်တော့ ငယ်ရွယ်သောအချိန်အခါတွင် သေဆုံးရမှုနှင့်ကြုံလာတတ်သည်။သေဆုံးမှုကို ယင်ယန်ထိန်းညှိဆေးဖြင့် ရှောင်တိမ်းနိုင်လျှင်တောင် စွမ်းအင်ကျင့်စဉ် ကျင့်ကြံနိုင်မည်မဟုတ်ပေ။

I Will Get Back The Debt (YAML System💙)Donde viven las historias. Descúbrelo ahora