"Yiboမင်းအိပ်နေတာ နှစ်လတောင်ရှိပြီ
နိုးပါတော့ မင်းငါ့ကိုစိတ်မပူဘူးလားဟင်
မင်းပြောတော့ငါ့ကိုအရမ်းချစ်တယ်ဆို
ဘာကြောင့်လဲ ဘာကြောင့်ငါ့ကိုပစ်ထားရတာလဲ
အခုကြည့်မင်းငါ့ကိုအရေးမစိုက်ပြန်ဘူး"Xiaozhanတစ်ယောက် Yiboရဲ့လက်လေးကိုကိုင်ကာ အစွမ်းတွေလွဲပေးရင်း ပြောနေမိသည်
သူYiboကို အစွမ်းတွေလွဲပေးနေတာကြောင့်
တစ်ဖြည်းဖြည်း သူ့အတွက်အားတွေယုတ်လျော့လာသည်
ဒါပေမဲ့သူလုံးဝနောင်တမရပါဘူး
ငါယုံကြည်တယ်
ငါတို့ရဲ့စစ်မှန်တဲ့ချစ်ခြင်းတွေကြောင့်
မင်းတစ်နေ့နိုးထလာမယ်လို့"Ybရရ်ငါယုံကြည်ချင်သေးတယ်"
ထိုအချိန်သူ့လက်အောက်က ရွယ်ယမ်က
ခန်းမအတွင်းသို့ဝင်လာကာ
"သခင် လူသားတွေနဲ့နတ်သားတွေပေါင်းပြီး
ကျနော်တို့ကိုတိုက်ဖို့လုပ်နေတယ်
သူတို့ဘက်ကလူသားအင်အားများတယ်""ဟမ့်!!!မကြောက်မလန့်လေးတွေလာပြန်ပီလား"
အခုသူတို့မြင်နေရတဲ့Xzဟာ....ဟိုးအရင်က
နွေးထွေးကြင်နာမှုတွေနဲ့ပြည့်နေတဲ့
XZဆိုတာဘယ်သူမှယုံကြမှာမဟုတ်ဘူး
ရက်စက်တယ် .....မုန်းတီးတယ်
ဒါတွေအားလုံးအရင်းအမြစ်ရဲ့သူ့နှလုံးသားကတော့
အိပ်စက်နေတုန်းပဲ"သွားကြရအောင်"
"ဟုတ်ကဲ့"
Xz ရုတ်တရက် မူးဝေသွားတာမို့ယိုင်နဲ့သွားပေမဲ့
ရွယ်ယမ်က လှမ်းထိန်းလိုက်တယ်"ကျေးဇူး"
XZဟာ အပြုံးမမည်တဲ့ အပြုံးနဲ့ပြုံးပြလိုက်တယ်
ထို့နောက်တည်ကြည်ခံ့ညားတဲ့နတ်ဆိုးသခင်ကြီး
မျက်နှာဖုံးကိုပြန်ဆင်ရင်းပေါ့ရွယ်ယမ်ရှေ့က သူတို့သခင်ကိုကြည့်နေမိတယ်
အရင်သူတို့သခင် Ybနဲ့ယှဉ်ရင် Xzက ပိုပြီး
ရက်စက်တယ်လို့ထင်ရပေမဲ့
အဲ့တာက သူ့အတွက်မျက်နှာဖုံးပဲ
ဘာကြောင့်ဆို
Xz ကကြင်နာတတ်တယ် နူးညံ့တတ်တယ်
သူ့ကြောင့်တောင် Ybက....ပြောင်းလဲခဲ့တာ
ဒါပေမဲ့သူ့ရဲ့အချစ် ရက်စက်ခံရပြီးမှာတော့
သူအားလုံးကို လှောင်ပြုံးတတ်တယ်
ဘာမထီပုံစံနဲ့ရှိနေတတ်ပြီးရက်စက်တယ်
Xzနှလုံးသားထဲမှာတော့ အားငယ်မှုတွေ
စိုးရွံ့မှုတွေ ကြောက်ရွံမှုတွေ
သူတွေ့နေရတယ်
သူကXzရဲ့အနီးဆုံးကိုယ်ရံတော်
လူယုံတော်မို့ တစ်ခြားသူတွေထက် သူက Xzအကြောင်းပိုသိတယ်
YOU ARE READING
စစ်မှန်သောချစ်ခြင်းသာဖြစ်ခဲ့ပါမူ
Fanfictionနတ်ဆိုးဘုရင်ကြီး Wang Yiboနဲ့ Angle လေးXiao Zhan ကောင်းကင်ဘုံကနှင်ထုတ်ခံလိုက်ရတဲ့ Wang Yibo အမုန်းတရား အငြိုးတွေကြောင်နတ်ဆိုး ဘဝရောက်သွားရတဲ့သူဟာ သဘောမနောကောင်းလွန်းသူ သနားကြင်နာတတ်လွန်းသူ Angle လေး Xiao Zhanနဲ့အမှတ်မထင်...