စစ်​မှန်​​သောချစ်​ခြင်းသာဖြစ်​ခဲ့ပါမူ-2

4.6K 339 4
                                    

"သခင်​ အားလုံးစီစဉ်​ပြီးပါပြီ"
လူ့ပြည်​မှာ​တော့Wang yiboဆိုတဲ့သူဟာ Wang groupရဲ့တည်​​ထောင်​သူ​ပေါ့​လေ...

ဒါ​ပေမဲ့နာမည်​သာကြားဖူးပြီး လူကို​တော့ဘယ်​သူမှမမြင်​ဖူးဘူး Groupကလူ​တွေကသူတို့bossကဘယ်​သူမှန်း​တောင်​မသိကြ​လေဘူး

Yiboကသီးခြား​​ဆန်​တယ်​...လူသား​တွေလို​နေထိုင်​တယ်​ ဒါ​ပေမဲ့ ရိုးရိုးလူသား​တွေနဲ့မတူဘူး .....

တစ်​​နေ့သူ​ခေါင်​မိုးထပ်​မှာ​ ​ကောင်းကင်​ကြီးကို​မော့ကြည့်​​နေတုန်း လူတစ်​​ယောက်​က​ခေါင်မိုး​ပေါ်ကခုန်​ချပြီးသူ့ကိုသူသတ်​​သေဖို့ ကြံစည်​​​နေခဲ့တယ်

အဲ့အချိန်​Wang yiboက​တွေ့​တော့
"မင်းဘာလို့သတ်​မ​သေ​သေးတာလဲ"

"ကျ​တော်​ ​တွေး​နေတာ ကျ​တော့်​ကိုဘုရားသခင်​က ဘယ်​​တော့မှအ​ရေးမစိုက်​ဘူး ကျ​နော်​ယုံကြည်​ရတဲ့ကျ​နော့်​ဘုရားသခင်က​တောင်​ မယုံရ​တော့ရင်​....ကျ​နော်​ဘာလုပ်​ရမလဲစဉ်းစား​နေတာ...ပြီး​တော့ ကျ​နော်​​သေရင်​​ရော ဘုရားသခင်​က​ကောင်းချီး​ပေးပြိး အပြစ်​​ကြွေး​တွေ​ကျေ​စေမှာလား"

Yiboထိုလူ​ပြောတာကိုစိတ်​ရှည်​ရှည်​နဲ့နား​ထောင်​​ပေး​နေတယ်​ ဒါ​ပေမဲ့သူဘာမှမ​ပြောချင်​ဘူး ..သူ့အမုန်းဆုံး​ကောင်းကင်​ဘုံကသူ​တွေအ​ကြောင်းနား​ထောင်​ရတာကိုက သူ့အတွက်​စိတ်​ရှည်​သည်းခံလွန်း​နေပြီ

အရင်​လိုသာဆိုရင်​ သူချက်​ချင်းသတ်​ပစ်​မှာ သူကလူသား​တွေရဲ့အ​မှောင်​ဘက်​ခြမ်းမှာရှိ​နေတဲ့အရှင်​သခင်​ပဲ​လေ သူအရင်ကလို အားနည်းတဲ့နတ်​သူငယ်​မဟုတ်​​တော့ဘူး အခု​သူကအားအကြီးဆုံးနတ်​ဆိုးဘုရင်​ဖြစ်​​နေပြီ

ဒါ​ကြောင့်​သူဘာမှမ​ပြောပဲ လှည့်​ထွက်​လိုက်​တယ်​ သူတားလဲမတားသလို ကယ်​လဲမကယ်​ဘူး

အဲ့​နောက်​ထိုသူကိုတစ်​ခွန်းပဲ​ပြောလိုက်​တယ်

"ဘုရားသခင်​ရဲ့သား​တော်မဖြစ်​နိုင်​ရင်​ နတ်​ဆိုးမိစ္ဆာရဲ့သား​တော်​လုပ်​ပါ"

ပြိး​တော့သူ​လှေကားက​နေဆင်းသွား​တော့တယ်​ အဲ့​နေ့ကစလို့ နတ်​ဆိုးကိုးကွယ်​သူ​တွေများများလာတယ်
အခုဆို သူတို့Wang groupတစ်​ခုလုံးက နတ်​ဆိုးကိုးကွယ်​သူ​တွေစုစည်းတဲ့​နေရာနဲ့​တောင်​ တူ​နေခဲ့ပြိ....

စစ်​မှန်​​သောချစ်​ခြင်းသာဖြစ်​ခဲ့ပါမူOnde histórias criam vida. Descubra agora