4(U+Z)

3.6K 340 1
                                    

- သန်းခေါင်ယံချိန်၏သိမ်မွေ့ခြင်း -

ညဥ့်နက်လာလေပြီ။

ဟယ်ယွိ အိပ်မပျော်သေးပေ။အိပ်ပျော်ဖို့ ပို
ပြီး ကြိုးစားလေလေ သူမအတွက် ပိုပင်ပန်း
လေလေသာ ဖြစ်နေသည်။

ဟိုဘက်၊ သည်ဘက် လှိမ့်ကာ အိပ်ပျော်ရန်
အမျိုးမျိုး ကြိုးစားပါသော်လည်း အိပ်စက်ခြင်းကတော့ သူမအား ရှောင်ဖယ်နေဆဲ။ထို့
နောက် တံခါးခေါက်သံ တစ်ချက်ကို ကြားလို
က်ရလေသည်။သန်းခေါင်ယံအချိန် ဖြစ်နေခြင်းကြောင့် ထင်ယောင်ထင်မှား ဖြစ်နေမိခြ
င်းဟုသာ ထင်မှတ်မိသော်လည်း နောက်တစ်ကြိမ် တံခါးခေါက်သံ ထွက်ပေါ်လာသည့်နော
က်တွင်တော့ အိပ်ယာပေါ်မှ ထလိုက်၏။

အနီးအနား တွေ့ရာအကျီကိုသာ ဆွဲယူ၍ ဝတ်လိုက်သည်။ထိုအကျီမှာ ရိုးစင်းသော အဖြူ
ရောင် ရှပ်အကျီ တစ်ထည်သာ ဖြစ်၏။သို့
သော် ထိုအကျီမှာ သူမ၏ ဖြူဖျော့သော ပေါ
င်တံရှည် အပေါ်ထိ ရောက်အောင် ရှည်လျားကာ ခပ်ပွပွပုံစံ ဖြစ်သည်။

ဝတ်ဆင်နေဆဲ တဝက်တပျက် အနေအထား
ကြောင့် မီးမဖွင့်သေးပဲ တံခါးခေါက်သံကို ပြ
န်ဖြေဖို့သာ ကြိုးစားလိုက်သည်။ကိုယ်တစ်ပို
င်း မြင်ရယုံလောက်သာ တံခါးကို အသာဟ၍

"ဘာကိစ္စရှိလို့လဲဟင်?"

လေသံတိုးတိုးဖြင့် မေးလိုက်၏။

"အိပ်လို့မရဘူး။အားနင်က အသံအကျယ်ကြီး ဟောက်ပြီး အိပ်နေရင်းလည်း စကား
တွေ ပြောတယ်။စိတ်မရှိဘူးဆိုရင် အဲ့မှာအိပ်ရမယ့်အစား ဒီမှာပဲ လာအိပ်လို့ရမလား? "

ယဲ့ရွှင်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ထားရင်း မေးလာခဲ့သည်။

အလျင်စလို တံခါးလာဖွင့်ရခြင်းကြောင့်ဟယ်ယွိတစ်ယောက် အကျီကို အသေအချာ
သပ်သပ်ရပ်ရပ် မဝတ်ထားမိပါလေ။ကြယ်
သီးများမှာ အစီအစဥ်တကျ ဖြစ်မနေဘဲ အ
ကျီမှာ လည်ပင်းအနားတွင် ချောင်ကာ အန
ည်းငယ် လျှောကျနေ၏။အခန်းတွင်း မီးမဖွင့်
ထားသော်ငြား လရောင်က ထိန်ညီးစွာတော
က်ပနေသေးသည်။ထို့ကြောင့် ယဲ့ရွှင် မျက်
လွှာ အနည်းငယ် ချလိုက်ယုံဖြင့်ပင် အရာအားလုံးကို မြင်နိုင်နေ၏။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now