21(Ending)

4.8K 241 5
                                    

-လွမ်းတယ်-

ဟေးယွိရဲ့မိခင်ကအိမ်ကိုမကြာခဏလာလည်လေ့မရှိဘူး။တစ်ခါတစ်ရံသူလာလည်
တဲ့အချိန်တွေမှာဆိုယဲ့ရွှင်ကကျောင်းရောက်
နေတတ်တယ်။အဲ့တာကြောင့်ဟေးယွိနဲ့ယဲ့ရွှင်
ကအချိန်အတော်ကြာအောင်တွဲခဲ့တာတောင်
ယဲ့ရွှင်နဲ့ဟေးယွိမိခင်ကတစ်ခါမှမဆုံဖြစ်ခဲ့ကြပေ။ယဲ့ရွှင်ရဲ့နှုတ်ဆက်စကားကိုကြားလိုက်ရတဲ့အချိန်မှာဟေးယွိရဲ့မိခင်အမူအယာကတဖြည်းဖြည်းစိတ်ရှုပ်ထွေးသွားပြီးအချိန်
ခဏကြာအောင်တုံ့ဆိုင်းသွားခဲ့တယ်။ပြန်မ
ဖြေခဲ့သလိုဘာစကားတစ်ခွန်းမှလည်းပြန်
မပြောဘဲတိုက်ခန်းထဲကိုသာဝင်လာခဲ့တယ်။

ယဲ့ရွှင်ကအမှိုက်ထုပ်ကိုတံခါးအပြင်ဘက်မှာ
ထားခဲ့ပြီးသူမရဲ့လက်တွေကိုဆေးကြောသန့်
စင်ပြီးမှဟေးယွိရဲ့မိခင်ကိုရေတစ်ခွက်ထည့်
ပေးလိုက်လေသည်။

သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအတော်
လေးသဘောမကျခြင်းဖြစ်ကောင်းဖြစ်နိုင်ပုံရ
ကာဟေးယွိရဲ့မိခင်အမူအယာမှာအစကနေ
အဆုံးအထိတင်းမာနေခဲ့သည်။

ယဲ့ရွှင်ကဟေးယွိရဲ့မိခင်ဘာတွေတွေးနေလဲ
ဆိုတာနားလည်တာကြောင့်စကားဝိုင်းစဖို့
အတွက်အနည်းငယ်စကားအစပျိုးလိုက်တယ်။ဟေးယွိရဲ့မိခင်ကမေးခွန်းအနည်းငယ်
ကိုသာတိုတိုတုတ်တုတ်မေးမြန်းခဲ့ပြီးယဲ့ရွှင်
ကတော့မေးသမျှမေးခွန်းတစ်ခုချင်းစီတိုင်းကိုစိတ်ရှည်ရှည်ပဲပြန်ဖြေပေးခဲ့တယ်။ယဲ့ရွှင်
ရဲ့အသက်က21နှစ်ဆိုတာကိုသိလိုက်ရချိန်
မှာတော့ဟေးယွိရဲ့မိခင်ကချက်ချင်းဆိုသလို
မျက်မှောင်ကြုံ့သွားခဲ့တယ်။

ခဏလောက်အကြာမှာတော့အပူချိန်တွေကျ
ဆင်းသွားပြီးလေထုတစ်လွှာလုံးအေးခဲသွား
သလိုခံစားလိုက်ရတယ်။ဟေးယွိရဲ့မိခင်က
ဒီအခြေအနေကိုလက်မခံနိုင်ခဲ့ပေမယ့်လည်း
နောက်ဆုံးမှာတော့သူမဘာမှမတတ်နိုင်ခဲ့
ဘူး။အချိန်အတော်လေးကြာပြီးနောက်သူမရဲ့စိတ်အခြေအနေလည်းတည်ငြိမ်သွားပြီး
ယဲ့ရွှင်နဲ့နာရီဝက်လောက်စကားဆက်ပြောခဲ့
ကြတယ်။

မွန်းတည့်ချိန်မှာတော့ဟေးယွိကကုန်ခြောက်
ပစ္စည်းတွေဝယ်ပြီးလို့အိမ်ကိုပြန်ရောက်လာခဲ့
တယ်။သူမတိုက်ခန်းထဲဝင်လိုက်တာနဲ့ဆိုဖာ
ပေါ်မှာထိုင်ပြီးပုံမှန်အတိုင်းစကားပြောနေကြ
တဲ့သူမရဲ့မိခင်နဲ့ယဲ့ရွှင်ကိုတွေ့လိုက်ရတယ်။
ပထမတော့သူမကြက်သေသေသွားသလိုနေ
ရာမှာပဲရပ်ကြည့်နေမိပြီးနောက်ဆုံးမှာအသံ
ကျယ်ကျယ်လောင်လောင်အော်ခေါ်လိုက်
တာကတော့

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now