19(U+Z)

2.1K 187 2
                                    

-ဟုတ်ပြီ-

ဟေးယွိပြုံးရင်းမေးလိုက်သည်။

"နင်ရောဘယ်လိုလဲ?"

"အရင်လိုပါပဲ...အရင်အတိုင်းပဲ ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေတုန်းပဲ"

ကျန်းယွမ်ကပြောပြောဆိုဆိုဖြင့်ဆေးလိပ်ဘူးအလွတ်ကိုပါလှုပ်ခါပြလာ၏။သူ့ကိုယ်သူဆေးလိပ်သောက်တာရပ်ဖို့အတွက်သတိ
ပေးဖို့ဘူးအလွတ်ကိုဆောင်ထားတုန်းပဲ။

"ပျော်စရာမကောင်းပါဘူး.."

"ငါဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေ
မယ့်အဲ့တာကဘယ်လွယ်ပါ့မလဲ။စွဲလမ်းခဲ့ဖူး
တဲ့အရာတစ်ခုကိုစွန့်ပစ်ရခက်တယ်လေ။အဲ့ဒီ
စွဲလမ်းမှုကပဲအာရုံနောက်စရာဖြစ်ပြန်တယ်။
ငါ့ရဲ့ဆန္ဒကိုမဖြည့်ဆည်းနိုင်တဲ့အချိန်တွေဆို
တကယ်ပင်ပန်းရတယ်ဟာ"

ဟေးယွိကပီကေတစ်တောင့်လှမ်းပေးရင်း
ပြောလိုက်၏။

"သည်းခံလိုက်ပါ။နင်ကျော်ဖြတ်နိုင်မှာပဲလေ"

ကျန်းယွမ်ကဘာမှပြန်မဖြေဘဲပီကေကိုသာ
ဝါးလိုက်သည်။

သူတို့နှစ်ဦးအနောက်ပိုင်းရိုးရာစားသောက်
ဆိုင်သို့ရောက်ခဲ့ပြီးစားစရာများအားစောင့်
ဆိုင်းနေခဲဲ့ကြသည်။စားသောက်ဆိုင်တွင်း
မီးရောင်မှာမှိုင်းပျလျှက်ရှိသည်။ဟေးယွိဖုန်း
screenကိုဖိဆွဲရင်းပေါ့ပေါ့ပါးပါးမေးလိုက်
၏။

"အားနင်ရောခုတလောဘာတွေလုပ်နေလဲ?"

"ဘွဲ့လွန်ကျောင်းဝင်ခွင့်အတွက်ပြင်ဆင်နေ
တယ်"

ကျန်းယွမ်ကဆက်ဖြေလာခဲ့သည်။

"သူတက်ချင်တဲ့ကျောင်းရှိတယ်လေ။လိုအပ်
တာတွေဝယ်ပြီးစာတောင်စသင်နေပြီ"

ဟေးယွိ​ငြိမ်သက်သွားပြီးကျန်းယွမ်ကို
စိုက်ကြည့်လိုက်၏။ကျန်းယွမ်သည်လည်း
စကားထပ်ပြောလာခဲ့သည်။

"အခုခေတ်ကျောင်းသားတွေကအရာအားလုံး
အတွက်အစီအစဥ်ဆွဲပြီးသား။ငါသူတို့အရွယ်တုန်းကအပျင်းပဲကြီးခဲ့တာအဲ့ဒီရဲ့ဆိုးကျိုးတွေကိုတော့အလုပ်ရောက်မှသိတော့တာပဲ"

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now