အတိတ်ကိုလည်း မလွမ်းတော့ဘူး ...
အနာဂတ်ကိုလည်း မခန့်မှန်းတော့ဘူး ...
ဒီတိုင်းလေးပဲ ......ပစ္စုပ္ပန် မှာ အစ်ကို့အပြုံးတွေနဲ့
အကောင်းဆုံးရှင်သန်တော့မှာမလို့ ...နေ့ရက်တွေတိုင်းမှာ ပြုံးနေပေးပါ ...
.
.
.
.
.
.
.
ချစ်ရပါသော ........................☜☆☞.....................
"OK 1 , 2 , 3 !
*click *
တဖျတ်ဖျတ်နှင့် ကင်မရာတစ်လုံးနဲ့
အလုပ်ရှုပ်နေသော လူငယ္ ......စလိုက်မီးရောင်တွေကြားမှာ ပို့စ်မျိုးစုံပေးကာ
ရှုပ်ရှက်ခပ်နေသောမော်ဒယ်များ ......အားလုံးသည်မအားလပ်။
သူ့အလုပ်နဲ့သူ .......
ယားလို့တောင် မကုပ်အားကြ။"namjoon ... ဒီနေ့အတွက်လုံလောက်ပြီ ...
မင်းနားလို့ရပြီနော် ... "ထိုစကားကိုကြားသည်နှင့်
ကင်မရာကိုင်ထားသောလူငယ်သည် ပါးချိုင့်များထင်းသည်အထိပြုံး၏ ။ထိုလူငယ်သည် KIM NAMJOON .....
:
:
:" namjoon ရေ ...ကျေးဇူးတင်တယ်နော် !
ဒီနေ့လာပေးလို့ ... မင်းမှ မဟုတ်ရင် ဟိုကလည်း
မရိုက်ဘူးဆိုတာနဲ့ .....""ဟ ...ဟ .... ရပါတယ် ...ကျွန်တော့်အလုပ်ပဲဟာ ..."
"အင်း ...မင်းက photographing
ဘက်မှာလည်းတော် ...
ခန့်ချောကြီး ဆိုတော့လည်း လူတိုင်းလိုလို
မင်းကိုငှားချင်တာမဆန်းပါဘူး ...
ရော့ ......မင်းရဲ့ လုပ်အားခ ..."Namjoon သည် ရှေ့မှလူထုတ်ပေးလာသည့်
ဖောင်းကားနေသောစာအိတ်ကိုယူကာ
ကင်မရာနဲ့အတူ အိတ်ထဲထည့်လိုက်သည်။ထပ်ပြုံးမိပြန်ပြီ။
ဘာကြောင့်လည်းဆိုတော့ ......
သူတစ်ခါ ဓာတ်ပုံရိုက်ပေးရင်
ရတဲ့ပိုက်ဆံပမာဏ က မနည်းမနောပင်။ဟုတ်သည်လေ ...
ပိုက်ဆံရတာကိုဘယ်သူကမပျော်ပဲရှိမလည်း?
YOU ARE READING
Sunflower in White [Romance mode on]
Short Storyအဝါရောင်လွှမ်းနေတဲ့နေကြာခင်းကြီးထဲက အစ်ကိုက ကျွန်တော့်ရဲ့တစ်ဦးတည်းသော အဖြူရောင်နေကြာလေး ... [completed ] 🌻 {Kim Namjoon - Kim Seokjin }🌻 -inspired on BEAUTIFUL IN WHITE-