Final

1.6K 176 4
                                    

Seokjin ကိုလွမ်းလားမေးရင်

လွမ်းတယ်လို့ဖြေပါလိမ့်မည်။

သူတကယ် လွမ်းနေခြင်းဖြစ်၏။

အခုဟာက Joon သည်
အဖြစ်မှန်တွေကိုသိရင်းနဲ့
သူ့ကိုမုန်းသွားတာဆို
အကြောင်းမဟုတ်။

အမှားတွေနဲ့ အပြစ်ဖို့ရင်းမုန်းနေသည်မလို့
သူ ခံပြင်းရသည်။

ထိုနေ့က jimin ပြောသည်များက
သူ့ကို အမှန်တရားကိုမြင်စေ၏။

*ဘယ်သူကမချစ်ဘဲ... အဲ့လောက်ထိ
စဉ်းစားပေးမှာလည်း?

ချစ်နေလို့ဘဲ ကျွန်တော်တို့နာကျင်ကြတယ်...
ပျော်ရွှင်ကြတယ်မဟုတ်လား?

အလားတူပါပဲ...hyung ရဲ့
ကောင်လေးကလည်း hyung ကို
ချစ်လွန်းလို့သာ သူလက်လွတ်ပေးခဲ့တာပါ...

'တစ်စုံတစ်ခုကို ချစ်မိပြီဆို
အဲ့အရာကို လက်လွတ်နိုင်ဖို့လည်း
သင်ယူရတယ်'

သူချစ်လို့ပဲ hyung ကို လက်လွတ်ပေးခဲ့တာပါ

ဒီလောက်ဆိုရင်တော့

သဘောပေါက်ကောင်းပါရဲ့နော်...? *

အင်း... သူကောင်းကောင်းကြီး
သဘောပေါက်ခဲ့ပါပြီ။

သူ Joon ကိုချစ်မိနေတယ်ဆိုတာရော...

သူ Joon နဲ့အတူတူရင်ဆိုင်သွားမယ်ဆိုတာရော...

သေချာသလောက်ကိုရှိနေပြီ။

"Seokjin ရေ... မင်းကို ဒီနေ့
Company တစ်ခုက ဖိတ်ထားတယ်...
ငါတော့မင်းကိုသွားစေချင်တယ်...

"အင်းပါ.... ကျွန်တော်သွားလိုက်ပါ့မယ်... "

"ဒီမှာ... ဖိတ်စာ... "

"ဟုတ်...

.
.
.

သူဖိတ်စာလေးကိုကြည့်မိတော့
အပန်းရောင်လေးဖြစ်သည်။

အတွင်းဘက်မှာ ရေးထားတဲ့အချိန်သည်

ညနေ 3 နာရီဖြစ်သည်။

.
.
.

"ကျွန်တော်သွားတော့မယ်နော်... "

"အေး... အေး... "

..................

Seokjin ဖိတ်စာမှာပါသည့်အတိုင်း
နေရာလေးကိုမောင်းလာလိုက်သည်။

Sunflower in White [Romance mode on]Where stories live. Discover now