part 3

1.2K 178 2
                                    

[Zawgyi]
Namjoon အခုဆို အစ်ကိုနဲ့မတွေ့ရတာ
2ပတ်တင်းတင်းရှိတော့မည်။

အင်း... 2ပတ်ဆိုတာလည်း...
ဟိုတစ်ခေါက်က အစ်ကို သူ့ကို
ကားဖိုးပြန်ပေးမယ်ဆိုပြီး ချိန်းခဲ့တုန်းက
ကားဖိုးမယူဖို့အရင်ကတည်းက
စဉ်းစားထားပေမဲ့ အစ်ကို့မျက်နှာလေး
တွေ့ချင်လို့ သွားတွေ့ခဲ့သည်။

အစ်ကိုကတော့အားနာနေပေမဲ့
သူ့ဘက်ကပေါ့ပေါ့ပါးပါးပင် ။

သို့သော်... သူတို့ဆက်ဆံရေးသည်
လေလှိုင်းထဲမှ တစ်ဆင့်တိုးတက်လာ၏။

အခုဆို နာမည်ပြောင်တွေပါပေးကုန်ကြပြီ။

ဘာတဲ့...
Namjoon ကို ပေးထားသည်မှာ
Koya လေး * ဟူ၍....

အစ်ကို့ကိုတော့ * Sunflower SJ ဟူ၍...
အမှန်တော့ *ကျွန်တော့်ကောင်လေး*လို့
ပေးချင်ပေမဲ့ ဘလော့ သွားမှဖြင့်...





ပြောကြတဲ့အကြောင်းတွေထဲမှာ
Namjoon ဖွင့်ပြောမိဆဲဖြစ်သွားတဲ့
စာကြောင်းတွေလည်းပါသည်။

အစ်ကိုကသိပေမဲ့
မသိချင်ယောင်ဆောင်ထားသလိုပင်။

သူ အစ်ကို့ instagram ကိုသွား
follow ထားသည်။

အစ်ကို က branded ကြော်ညာတစ်ခု
ရိုက်ပြီးကတည်းက အောင်မြင်မှုတွေ
အခိုင်အမာ ရရှိလာခဲ့ပြီး followers တွေလည်း
တိုးလာသည်။

အခုဆို အစ်ကို့ကို ကြော်ညာရိုက်ဖို့
ခေါ်တဲ့ company တွေမှိုလိုပေါက်နေလေသည်။

Namjoon တွေးနေတုန်းဖုန်းဝင်လာသည်မလို့
အမြန်ကောက်ကိုင်လိုက်သည်။

ဒါသူမျှော်နေခဲ့တဲ့ ဖုန်းမလား?

အစ်ကို့ဆီက ဖုန်းဖြစ်သည်။

"ဟယ်လို...

"Joon ရေ ကိုယ် ပါ"

အင်း... အခုတော့သူတို့အခေါ်အဝေါ်တွေဟာ
ပြောင်းကုန်ပြီ။

သူ့ကို 'joon'လို့အဖျားစွတ်ခေါ်တတ်သည်။

"အင်း... အစ်ကိုပြော...

"ကိုယ်တို့တွေ့ကြမလား? "

"ဟင်.... တွေ့မယ်! တွေ့မယ်လေ...
ဘယ်မှာတွေ့မှာလည်း?
ဘယ်အချိန်လည်း? "

Sunflower in White [Romance mode on]Where stories live. Discover now