part-2

1.4K 189 4
                                    


[Unicode]
"OK.... Make up artist တွေ
အကောင်းဆုံးပြင်ပေးပါ... "

Seokjin သည်မနက်အစောကြီးကတည်းက
Shooting ကိုရောက်ကာ ပုံစံမျိုးစုံကို
လေ့ကျင့်နေသည်။

အခုကကြော်ညာရိုက်မှာဆိုတော့
သရုပ်ဆောင်ချက်တွေနဲ့ dialogue တွေကို
အလွတ်ရအောင် လုပ်နေရသည်။

မနေ့ညက အိပ်မရခဲ့တာကြောင့်
နည်းနည်းလေးအိပ်ရေးမဝဖြစ်ကာ
'တဝါးဝါးနှင့်' သန်းနေတော့သည်။

"အားလုံး ready ပဲလား? "

"Nae! "

"OK shooting စကြမယ်...
Photographer လည်းရောက်ပြီ...
ကြော်ညာ photo ကိုအရင်ရိုက်ကြမယ်... "

ဒါရိုက်တာ၏ စကားအဆုံး
Seokjin ကို အင်္ကျီ လဲပေးကြကာ
ကြော်ညာရမည့် ပစ္စည်းများပေးသည်။

.
.
.
.

စလိုက်မီးတွေကြား Seokjin သည်
နတ်သားတစ်ပါးလိုချောမောလျက်ရှိ၏။

"ကဲ.. စကြမယ်... "

"ကင်မရာကိုကြည့်ပေးပါ... "

Namjoon ပြောသည်ကို
သူလုပ်ဖို့အနည်းငယ်ခက်ခဲနေခဲ့တယ်။

အားနေနေတာလား?

ရင်ခုန်နေတာလား?

မသိပေမဲ့ မျက်လုံးချင်းမဆုံရဲသလို...

ကင်မရာကိုကြည့်တာ Namjoon ကို
ကြည့်သည်နှင့်အတူတူပဲလေ...

မဝံ့မရဲ လေးကြည့်မိတော့...

ကိုယ့်အားကြည့်နေသည့်

Namjoon နှင့်အကြည့်ချင်းဆုံသည်။

ရှက်ကိုးရှက်ကန်းနဲ့ လက်ထဲရှိ
မိတ်ကပ်ဘူးလေးအား
ပေါက်ထွက်မတတ်စိုက်ကြည့်နေလိုက်၏။

"အဲ.... အဲ့တာလေးရအောင်ရိုက်...
Namjoon shii!

အဲ့ပုံလေးကောင်းတယ်... Seokjin! "

Namjoon သည်အရှေ့မှ သရုပ်ဆောင်နေသော
Seokjin ကိုကြည့်ကာအသည်းယားနေ၏။

ဘယ်လိုလေးလည်းမသိ?

ခုနကအကြည့်ချင်းဆုံသွားပြီးတော့
ပါးလေးတွေဟာ ရဲတက်လာသည်။

မနေ့ကတွေ့တုန်းကအတိုင်းပင်။

.
.
.
.
.

Sunflower in White [Romance mode on]Wo Geschichten leben. Entdecke jetzt