📱 🎶~~~
📱🎶 ~~~
.
.
.
.
." Yeoboseyo ? "
" Chanyeol လား... ငါပါ
Xiao Luhan "" Aww .....အေး.. Luhan ပြော
မတွေ့ရတာကြာပြီကွာ.. မင်းတို့ အားလုံး နေကောင်းကြတယ်မလား "" အင်း... ကောင်းတယ်.."
တဖက်လူ၏ တည်ငြိမ်နေမှုကြောင့် စိတ်ကိုဘယ်လိုပဲ တင်းထားခဲ့ပါစေ...Chanyeol ၏ အတွင်းစိတ်မှာ ပင်လယ်ကမ်းစပ်ကို ဘောင်ဘင်လာခတ်သည့် ရေလှိုင်းများသဖွယ်လှုပ်ရှားနေခဲ့သည်။
" ငါ့ကို တခုခုပြောစရာရှိလို့ဖုန်းဆက်တာမလား...ပြောလေ "
" အင်း..ပြောမယ်.. ခနလေး "
Luhan ဖက်က အသက်ပြင်းပြင်းရှူလိုက်တဲ့အသံကို ကြားရတဲ့အချိန် ..Chanyeol ရင်ထဲမှာ အပူလုံးကြီးတခု ဆို့တက်လာသလိုပါပဲ။
( မဖြစ်ပါစေနဲ့...မဟုတ်ပါစေနဲ့။
ကျနော့ကို စောင့်နေပေးဖို့ပြောခဲ့ပါတယ် hyung ရယ်..
ကျနော် ပြန်လာဖို့လည်း သိပ်မလိုတော့ပဲနဲ့ )" သူ...လက်ထပ်တော့မှာ Chanyeol
ဂျယ်ဂျူဒိုမှာတဲ့ "စကားလုံးတွေ ရှောရှောရှူရှူထွက်သွားသူက ပေါ့ပါးသွားနိုင်ပေမယ့် ဒီစကားကို ရင်ဘတ်ထဲသိမ်းထည့်လိုက်ရသူအဖို့ကတော့ အလေးတုံးခပ်ကြီးကြီးတခုကို ထမ်းပိုးလိုက်ရသလိုပင်။
" Chanyeol...မင်း အဆင်ပြေရဲ့လားဟင်"
( မပြေဘူး Luhan... ငါ အဆင်ပြေမနေဘူး။ hyung ဒီလိုလုပ်သွားတာ ငါ ဘယ်နည်းနဲ့မှမယုံနိုင်လို့ပါ )
" အင်း...ရတယ်။ သူ အဆင်ပြေရင် ပြီးတာပါပဲ။ မင်းတို့ရော...သူ့...အဲဒီ့ပွဲကို ..သွားရမှာမလား "
" ငါက မသွားချင်ဘူး..Sehun နဲ့ကျတော့ အစ်ကို တဝမ်းကွဲလေ..
သိတယ်မလား "" သိတယ်.. ဖိတ်စာ... ပိုသေးရင်
ငါ့...တပ်ထဲကိုပို့ပေးလိုက်ပါလား...ငါ..လည်း... ခွင့်ယူပြီး...ဖြစ်ဖြစ် "Luhan အသံတွေတိတ်ဆိတ်သွားပုံပေါက်ရင် သူ့အကျင့်အတိုင်းပဲ အံတင်းတင်းကျိတ်ကာ လက်သီးဆုပ်ထားမယ်ထင်ရဲ့။
ဟုတ်တာပေါ့...သူ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့ Chanyeol နဲ့ ဘဝတသက်စာလုံးလက်တွဲဖို့ ရည်ရွယ်ထားတဲ့သူက တခြားသူနဲ့ လက်ထပ်တော့မှာမဟုတ်လား။
YOU ARE READING
72-Hour Boyfriend 🌸 11:11 Special 🌸 (Zgi+Uni) Completed
Romanceသုံးရက်တာ တွေ့ဆုံခဲ့ရပေမယ့် တသက်စာလုံလောက်သွားခဲ့ပါပြီ...ယောလ် -Byun Baekhyun- မင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတိုင်းကို နှလုံးသားထက်မှာ မှတ်ကျောက်တင်ထားပေးမှာမို့ ကိုယ့်ရင်ခွင်မှာ ထာဝရမှေးစက်ပါတော့ကလေးငယ်... -Park Chanyeol - . .11❤️11 Day အတွက် Special...