ရေလှိုင်းသံတွေ တဝေါဝေါ ဆူညံနေသော ပင်လယ်ကမ်းစပ်ရှိ သဲသောင်ပြင်တနေရာက ကားလမ်းလေးရဲ့ဘေးမှာ ပြိုင်ကားအဖြူရောင်လေးတစီးရပ်တန့်လိုက်သည်။
သဲသောင်ပြင်ပေါ်မှာတော့ အေးမြသည့် ပင်လယ်လေညင်းထဲ တလွင့်လွင့် မျောပါနေသော အဖြူရောင်ပဝါစတချို့နဲ့ ပန်းအရောင်စုံတို့ဖြင့် စီခြယ်ထားသော လက်ထပ်မင်္ဂလာပွဲ တခု၏ အပြင်အဆင်တို့ဖြင့် ဝေဆာနေသည်။ သတို့သားနှစ်ဦးစလုံး၏ မိသားစု ဆွေမျိုးနဲ့ သူငယ်ချင်းတချို့ရောက်နှင့်နေပြီး ဖြစ်တာကြောင့် အခုမှရောက်လာကြသည့် ပြိုင်ကားအဖြူလေးထဲက ဧည့်သည်တော်တွေကို မသိမသာအာရုံစူးစိုက်လျက်ရှိလေသည်။
Suit အနက်ရောင်ကို ကျော့နေအောင်ဝတ်ထားသည့် အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ဖန်ကောင်းကောင်းနဲ့ လူတယောက်က ကားမောင်းသူနေရာကထွက်လာပြီးတဲ့နောက်.. ကားဟိုဖက်ခြမ်း တံခါးကိုဖွင့်ကာ အထဲက Suit နက်ပြာရောင်ဝတ်ထားသော ကောင်လေး၏လက်တဖက်ကို ဆုပ်ကိုင်လိုက်သည်။
" အဆင်သင့်ပဲလား "
" အဆင်သင့်ဆိုတာ ဘာကိုဆိုလိုတာလဲ ခုထိသဘောမပေါက်သေးဘူး "
ဒီကိုလာတဲ့ တလမ်းလုံးမှာမျက်နှာလေးအပျက်ပျက်အယွင်းယွင်း ဖြစ်လာသော Baekhyun ကို လှမ်းကြည့်နေသူတချို့ မြင်သွားမှာစိုးပြီး Chanyeol ဖက် မျက်နှာလှည့်စေရင်း အပြုံးလေးတစနဲ့ အားပေးလိုက်သည်။
" ခနလေးပါ..ဆယ့်ငါးမိနစ်လောက်ဆိုရပါပြီ။
ကိုယ့်ကို ကူညီမယ်မဟုတ်လား ဟင် "အောက်နှုတ်ခမ်းကိုကိုက်ရင်း ခေါင်းလေးတချက်ညိတ်ပြလိုက်သူကို ကားထဲကထွက်စေပြီး ခုနကလေ့ကျင့်ထားသည့်အတိုင်း Chanyeol လက်မောင်းတဖက်ကို သူ့လက်နဲ့ချိတ်တွယ်ထားစေသည်။
" သူတို့ရှေ့ရောက်ရင် ကိုယ့်ကို ဘယ်လိုခေါ်ရမလဲ သိတယ်မလား "
" ယ..ယောလ် "
" အင်း..ကိုယ်လဲ Baekhyunne လို့ခေါ်မယ်နော်..
အားကိုးပါရစေကွာ "ရွေရောင် ဆံစတွေပေါ်မှာလျှပ်တိုက်သွားသည့် Chanyeol ရဲ့ ထွက်သက်လေနွေးနွေးကြောင့် Baekhyun မှာ ပြူးတူးကြောင်တောင်ဖြစ်ပြီး အားး ခနဲ မအော်ဟစ်မိအောင် စိတ်ကို မနည်းထိန်းထားရသည်။
VOCÊ ESTÁ LENDO
72-Hour Boyfriend 🌸 11:11 Special 🌸 (Zgi+Uni) Completed
Romanceသုံးရက်တာ တွေ့ဆုံခဲ့ရပေမယ့် တသက်စာလုံလောက်သွားခဲ့ပါပြီ...ယောလ် -Byun Baekhyun- မင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတိုင်းကို နှလုံးသားထက်မှာ မှတ်ကျောက်တင်ထားပေးမှာမို့ ကိုယ့်ရင်ခွင်မှာ ထာဝရမှေးစက်ပါတော့ကလေးငယ်... -Park Chanyeol - . .11❤️11 Day အတွက် Special...