Three 🌸 Uni

3.4K 371 96
                                    

" ဟင့်... ယောလ် ~~
ချန်းယောလ်...
ကျ..ကျနော် အဆင်သင့်မဖြစ်သေးလို့..ခန
ခနလေး.... နေပါဦးနော် "

" ဘာမှအဆင်သင့်ဖြစ်စရာမလိုဘူး။ သူများတွေလဲ အစကဒီလိုပဲ...နောက်တော့ အကြိုက်တွေ့သွားမှာပါကလေးရဲ့...ကိုယ့်ကိုယုံတယ်မလား "

" ဟင့်အင်း .... ကြောက်တယ်...မ..လုပ်တော့ဘူး..
အရမ်းကြောက်လို့ပါဆို...အူးးးဝါးးး "

"အောဟော... ဘယ်နားမှကြောက်စရာမရှိဘူး..
ကိုယ့်ကိုသာသေချာကိုင်ထား...ဘာတခုမှစဉ်းစားမနေပဲ ကိုယ်ခေါ်တဲ့နောက်ကိုပဲလိုက်ခဲ့နော် "

" အီးးဟီးးး မလုပ်တော့ပါဘူးဆို ဗျားးး
အို... အိုမားး ရေးး "

ခါးပေါ်ကိုဖက်တွယ်ထားတဲ့ လက်မောင်းကြီးနှစ်ဖက်ရဲ့ ခွန်အားကိုမတော်လှန်နိုင်မှန်းသိတဲ့ကြားက ကြိုးစားပြီး ရုန်းကန်ကြည့်တာလည်း အရာမထင်...

ပုခုံးနဲ့ ရင်ဘတ်တွေဟာ ချည်ထားတဲ့ သားရေကြိုးတွေကြောင့် တင်းကျပ်နေရာက ခါးပတ်နဲ့ချိတ်ထားတဲ့ ပေါင်အတွင်းပိုင်းကြိုးကလည်း ဟိုနေရာဒီနေရာတွေကို ဖိညှစ်ထားသလို ကြပ်ညပ်နေတာပဲ။

တကယ်တော့ Chanyeol ကို ယုံကြည်ပြီး ဒီအပေါ်ထိ ရောက်လာမိတာ သူမှားတယ်... အခုတော့ ဒီလူကြီးရဲ့ ရင်ဘတ်...လက်မောင်းနှစ်ဖက်နဲ့ ကြိုးခိုင်ခိုင်တွေရဲ့ ကြားကနေ သူဘယ်လို လွတ်မြောက်နိုင်ပါတော့မလဲ။

" Ready နော် ကလေးလေး... အခုစပြီ "

" မ ရယ်ဒီသေးးဘူးး...မစနဲ့ဦးလို့ !!
အိုမားးး !! "

စ လိုက်ပြီလို့သိသိချင်းမှာပဲ မျက်လုံးကို စုံမှိတ်ထားတဲ့အခါ အသည်းတွေအေးခနဲဖြစ်သွားတဲ့ခံစားချက်နဲ့ လေတိုးသံ တဝေါဝေါတွေနားထဲမှာကြားလာရပြီး ခြေထောက်နှစ်ဖက်စလုံးလည်း မြေပြင်နဲ့လွတ်ကာ လေထဲမှာ တွဲလွဲခိုနေတော့သည်။

Paragliding ဆိုတာ အမြင့်ကြောက်တဲ့ Baekhyun အတွက် ဒီလောက်တောင် ရင်တုန်ပန်းတုန်ဖြစ်စေမယ်မှန်းသိရင် Bucketlist ထဲမှာ ယောင်လို့တောင်ချမရေးခဲ့ပါဘူး။

အခုတော့ တောင်ပေါ်စခန်းက ထွက်လာတဲ့ ထောင့်မှန်စတုဂံပုံ လေထီးခုံးခုံးကြီးစီးရင်း Boyfriend အသစ်စက်စက်ကြီး Chanyeol ရဲ့ရင်ခွင်ထဲမှာ ခေါင်းကလေး ပုနေအောင်ဝပ်ပြီး မျက်လုံးတွေအသေမှိတ်လို့ အငိုတပိုင်းနဲ့လိုက်လာတဲ့ Baekhyun ကို အဘိုးကြီးအသေးစားလေးလို တုန်တုန်ချိချိလေး တွေ့ရမည်ဖြစ်လေသည်။

72-Hour Boyfriend 🌸 11:11 Special 🌸 (Zgi+Uni) Completed Where stories live. Discover now