Part 1

17.1K 776 27
                                    

Part 1

Xiao Zhan ရှေးဟောင်းအရုပ်ဆိုင်ရောက်လာပြီး ဒီအရုပ်က သူအတွက်အရမ်းမထူးခြားပေမဲ့ အရုပ်ရှေ့ကနေမခွာနိုင်ဖြစ်နေမိသည်

" ဘာဖြစ်လို့လဲ Xiao Zhan "

" ဘာမှမဖြစ်ပါဘူး "

Yu Bin အမေးကိုပြန်ဖြေရင်း Xiao Zhan အရုပ်လက်ကိုကိုင်ကြည့်လိုက်တော့  လက်ကကျင်တက်သွားသည်

" အား..."

" ဘာဖြစ်လို့လဲကောင်လေး "

ဆိုင်ရှင်ဦးလေး​မေးတာကိုး သူခေါင်းရမ်းလိုက်သည်

" အရုပ်က အရမ်းခန့်ညားပြီးချောနေတယ် မဟုတ်လား ဒီအရုပ်ကိုလိုချင်သူတွေများတယ် ဦးလေးမရောင်းခဲ့ဘူး အခုတော့ မင်းကိုပေးလိုက်မယ် "

" ဗျာ  ကျွန်တော့်ကိုပေးမယ် ဟုတ်လား "

"  ဘယ်လောက်နဲ့ပေးမှာလဲ "

" ပေးမယ်ဆိုမှတော့ အလကားပေါ့ကောင်လေးရဲ့ "

"ဗျာ တကယ်လား "

" တကယ်ပါ ဒီဗူးလေးက သူပစ္စည်းလေးတွေပါတယ် ဗူးပါယူသွားလိုက် "

Xiao Zhan ဗူးကိုယူကြည့်လိုက်တော့ သေတ္တာလေးဖြစ်နေသည်

" သေတ္တာလေးပဲ "

Xiao Zhan ပျော်ရွှင်စွာ အရုပ်လေးကို အိမ်အထိ
သယ်ဆောင်လာလိုက်သည်

" ကိုကို ပြန်လာပြီးပဲ "

" အင်း ညီညီ ကိုကိုပြန်လာပြီ "

"ရှင်းလေး!... မင်းကိုကိုပဲမြင်လား ငါကိုမမြင်ဘူးလား "

ဖန်ရှင်းကို Yu Binက စလိုက်သည်  ကျွန်တော့်တို့မိဘတွေက ပဲရစ်နိုင်ငံမှာ ကုမ္ပဏီထောင်ပြီး အလုပ်လုပ်နေတာပါ အိမ်မှာ ကျွန်တော့်တို့ညီအစ်ကိုနှစ်ယောက်ရယ် သူငယ်ချင်း Yu Bin နဲ့ ဦးဦးကျင်းလန်နဲ့အတူ လေးယောက် အတူတူနေခဲ့သည် ဦးဦးက အဖေကြီးပို့တဲ့ ပိုက်ဆံတွေကို လတိုင်းသွားထုပ်ပြီး အိမ်တော်ထန်းအဖြစ် ကျွန်တော့်တို့ကို ထိန်းကြောင်းချက်ပြုတ်ပေးသည်  ကျွန်တော့်နဲ့ Yu Binက အင်ဂျင်နီယာ တတိယနှစ်ဖြစ်ပြီး ဖန်ရှင်းက ပထမနှစ်ဖြစ်သည်

" အရုပ်က နဖူးစီးကတောက်ပြောင်လိုက်တာ "

ကျွန်တော့်အခန်းထဲဝင်ပြီး အရုပ်ကိုစားရေးစားပွဲပေါ်တင်ပြီး ကြည့်နေမိသည်

"သေချာကြည့်လေ မာန်ရှီလေပဲ  "

" ကိုကိုဘာကြည့်နေတာလဲ "

ရှင်းလေးဝင်လာပြီးမေးတာကြောင့် Xiao Zhan
ရှင်းလေးကို လှမ်းခေါ်လိုက်ပြီး

" ညီညီ ဒီအရုပ်ကိုသေချာလာကြည့် "

ဖန်ရှင်းအရုပ်ကိုသေချာကြည့်ပြီး

" အရုပ်နဲ့မတူဘူး အသက်ဝင်နေတဲ့လူလို့ပဲ "

" ဟုတ်တယ်နော် သူမျက်နှာကိုသေချာကြည့် မျက်နှာထားက ဘယ်လိုပြောရပါ့မလဲ "

" တည်ငြိမ်ပြီးချောတဲ့ မျက်နှာထား "

" ဟုတ်တယ်..ဟုတ်တယ် ညီညီပြောတာမှန်တယ် "

" ကိုကိုဒီအရုပ်ကိုဘယ်ကရလာတာလဲ "

" ရှေးဟောင်းဆိုင်ကပဲ "

"အပိုင်ရလာတာပဲ ကိုကိုနောက်မှတစ်ဝကြီးကြည့် အခုတော့ ညစာစားရအောင်  "

" အင်း "

အရုပ်လက်ကလေးလှုပ်ရှားလာတာကိုး Xiao Zhan တို့ ညီအစ်ကိုနှစ်ယောက် မမြင်လိုက်ပေ

"  အရုပ်လေး မင်းနာမည်ကိုငါမမေးခဲ့ရဘူး နောက်မှာဆိုင်ရှင်ကို သွားမေးရမယ် အခုတော့ Good Night "

Xiao Zhan  မီးပိတ်လိုက်ပြီး အိပ်ရာဝင်လိုက်သည် 

စောင်းသံကြောင့် Xiao Zhan နိုးလာသည် အခန်းထဲမှာ အလင်းဖြာထွက်နေသည်

" ဝေ့ရင်း "

ခေါ်သံကြောင့်သူစားပွဲကို လှမ်းကြည့်လိုက်တော့ အံသြမှင်တက်မိပြီး နေရာမှာပဲ လဲသွားသည်

😱😱😱😱😱😱😱😱😱

ကျွန်တော်ချစ်တဲ့သူ { ကိုယ့်ရဲ့လန်ပိစီလေး }Where stories live. Discover now