Part 14

4.5K 535 22
                                    

Part 14

"ကိုကို..ကိုကို "

စားပွဲပေါ်ကကလေးလေးရပ်ပြီး ချွဲနေတာကြောင့် မနက်စာစားပြီး ကျွန်တော့်တို့သုံးယောက် ကျောင်းမသွားနိုင်ပဲ ထိုင်နေရသည်  

"ဦးဦးနဲ့နေလေ ကလေးလေးရဲ့  "

"ကိုကိုတို့ကျောင်းအစောကြီးပြန်လာမယ်နော် ကလေးလေးရဲ့ "

"'ကိုကိုတို့ကလည်း အရုပ်လေးလိုက်မယ်ဆို "

"လိုက်လို့မဖြစ်ဘူး ကလေးလေးရဲ့  တခြားသူတွေ့ရင် "

"ဟုတ်တယ် အရုပ်လေးကို တခြားသူမြင်လို့မဖြစ်ဘူး "

Yu Binနဲ့ ရှင်းလေးစိတ်ပူပြီးပြောတာ

"ဘာလို့ မြင်လို့မရရမှာလဲ အရုပ်လေးက ဒီလောက်ချစ်စရာကောင်းတာကို "

"ဟား ဟား "

သူကိုယ့်သူချစ်စရာကောင်းတယ်ကလုပ်သေး

"အရုပ်လေးက ချစ်စရာအရမ်းကောင်းတာ ကိုကိုသိတာပေါ့ သိလို့သူများတွေမြင်မှာကြောက်တာပေါ့ မြင်တဲ့သူတိုင်း အရုပ်လေးကို ချစ်စရာကောင်းတယ်ဆိုပြီး တန်းလိုချင်သွားမှာ အဲ့ဒါဆို ကိုကိုရင်ကျိုးရချည်ရဲ့ "

"ကိုကိုကလည်း "

အရုပ်လေး ဘာမှမပြောတော့ပဲ ထိုင်ပြီးနို့ဗူးသောက်နေသည် 

"သွားရအောင် Xiao Zhan အတန်းနောက်ကျသွားပြီ "

"ကလေးကောက်သွားပြီ "

" ဦးလေးကြည့်ထားလိုက်ပါမယ် "

Xiao Zhan လည်း ကလေးကိုစိတ်မချပေမဲ့ အတန်းက အရေးကြီးလို့ ထွက်လာခဲ့လိုက်သည် 

🏫🏫🏫

"ကလေးလေး ဘာလုပ်နေတာလဲ "

Xiao Zhan တို့ကျောင်းကကပြန်လာတော့ ကလေးလေး
ဧည့်ခန်းကစားပွဲပေါ်မှာ ဝရမ်းမှောက်ပြီး လက်နှစ်ဖတ်က မေးစေ့ကိုထောက်ပြီး ဖုန်းကိုကြည့်နေသည်

" ကလေး..မင်း "

ကလေးလေးက ဦးလေးFbအကောင့်ကိုသုံးပြီး cbကနေ video call ခေါ်ကာ မိန်းကလေးနဲ့ စကားပြောနေသည် Xiao Zhan ဖုန်းကိုဆွဲယူလိုက်သည်

ကျွန်တော်ချစ်တဲ့သူ { ကိုယ့်ရဲ့လန်ပိစီလေး }Where stories live. Discover now