Part 3

6.8K 685 29
                                    

Part 3

ဝမ့်ကျီး ဆန်ပြုတ်ပန်းကန်ထဲက ဆန်ပြုတ်ကို ဘယ်လိုစားရမလဲ စဥ်းစားနေသည် ပန်းကန်က သူထက်တောင်အဆမတန် ကြီးနေလို့ဖြစ်နေသည် ဆန်ပြုတ်ကိုစားချင်လို့ ပန်းကန်ကိုငုံကြည့်ရင်း သူပါပန်းကန်ထဲပြုတ်ကျသွားသည် ထိုမြင်ကွင်းကိုမြင်သွားတဲ့ Xiao Zhanလည်း
အံသြပြီးဖင်ထိုင်ရက်လဲကျသွားသည်

" ဝေ့ရင်း...ပူတယ်..ပူတယ် "

ဆန်ပြုတ်ပန်းကန်ကအနည်းငယ်ပူနေတာကြောင့်လန်ကျန့်အော်လိုက်သည်

" ခဏနော် "

Xiao Zhanလည်းအံသြတာထက် စိတ်ပူသွားတာကြောင့် ဆန်ပြုတ်ပန်းကန်ထဲက လန်ကျန့်ကိုယူလိုက်ပြီး ဘေစင်ထဲထည့်လိုက်ပြီး ရေပန်းဖွင့်ချလိုက်သည်

" မင်းကတကယ်ပဲ လှုပ်ရှားနိုင်တာပဲ "

" ငါ့အဝတ်အစားယူပေး တပတ်ယူပေး "

" ဘာလုပ်မလို့လဲ "

" ရေချိုးဖို့လေ "

" အော်..အင်းဟုတ်သားပဲ "

Xiao Zhan ဗီရိုထဲက အဝတ်အစားနဲ့တပတ်ကို မြန်မြန်ယူပေးလိုက်သည်

" ငါ့အဝတ်အစား! "

" အော် တောင်းပန်ပါတယ် ငါယောင်သွားလို့ မင်းကသေးသေးလေးကို ငါ့အဝတ်အစားနဲ့ဘယ်တော်မလဲ "

ဝေ့ရင်း သေတ္တာကိုအမှတ်ရပြီး သေတ္တာထဲက အရုပ်လေးအဝတ်အစားကိုယူလိုက်သည်

" ရပြီ ဒါနဲ့ မင်းအဝတ်အစားကရှေးအဝတ်အစားတွေဆိုတော့ ဘယ်နှစ်ထည့်ယူလာရမှန်းမသိဘူး ငါ့အကုန်ယူလာတယ် ဒါနဲ့ တပတ်သေးသေးလေးတော့မရှီဘူး "

" အပြင်ထွက်တော့ "

" ဘာလို့ထွက်ရမှာလဲ "

" ငါရေချိုုးမလို့လေ "

" အော်..ဒါနဲ့ရေပန်းကို မှီပါ့မလား ငါပိတ်ပေးမယ်လေ "

" ရတယ် အပြင်ထွက် "

Xiao Zhanအပြင်ထွက်လာလိုက်သည် ပြီးတော့ ဆန်ပြုတ်ပန်းကန်ကို မီးဖိုထဲသွားထားပြီး အခန်းထဲသန့်ရှင်းရေး သွားလုပ်လိုက်သည်

" ငါဝင်လာလို့ရပြီလား "

" အင်း "

အဝတ်အစားစမက်ကျစွာဝတ်ထားတဲ့အရုပ်လေး
ဆံပင်ရေစိုလေးကို ဖြန့်ထားတာလေးက အရမ်းကြည့်ကောင်းသည်

ကျွန်တော်ချစ်တဲ့သူ { ကိုယ့်ရဲ့လန်ပိစီလေး }Where stories live. Discover now