ဘယ်လိုမှ ၊ ဘယ်တော့မှ မေ့ဖျောက်ပြစ်လို့မရခဲ့တဲ့ မှတ်ဉာဏ်တစ်ခု ကျွန်မမှာ ရှိခဲ့တယ် ။ အရိုးထဲစိမ့်နေအောင် နာကျင်ရတဲ့ မှတ်ဉာဏ်မျိုး ။ အသံတွေ သူမရဲ့စကားသံတွေဆိုတာ အခုထိ မေ့ဖျောက်ပစ်လို့မရတဲ့ မှတ်ဉာဏ်ခပ်ဆိုးဆိုးတွေဘဲ ။ အရင်လို ပြန်ပြီးတိတ်ဆိတ်သွားတဲ့ နှလုံးသားမှာ သူမနဲ့ပတ်သက်ပြီး နာကျင်စရာတွေဘဲ ကျန်ရှိခဲ့လို့ထင်ပါရဲ့ စကားလုံးတွေတောင် ပျောက်ဆုံးခဲ့ရတဲ့အထိ ကျွန်မ ဆွံ့အသွားတယ် ။ သူမကြောင့်နဲ့ အခုလို နာကျင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိတာကြောင့်လည်း ပါမယ်ထင်တယ် ။
🍁
ငါဒီမှာ ငါ့ကိုကြည့် ငါဘယ်တော့မှ _ ဆိုတဲ့ စကားကို သူမ သိပ်မြတ်နိုးပုံရတယ် .. သူမ မြတ်နိုးခြင်းတွေက ကျွန်မ သူမကို ရူးသွပ်မိဖို့ ဖြစ်စေခဲ့တာထင်ပါရဲ့
-----
" ငိုနေပြန်ပြီလား?"
" ဒါမမေးသင့်တဲ့မေးခွန်းနော် A "
" နောက်တစ်ယောက်ထပ်တွဲပေါ့ .. သူနဲ့ပြတ်သွားပြီဆိုရင် "
" ဖွဟဲ့ .. နင့်မေကြီးတော်မို့ ငါတို့က လမ်းခွဲရမှာလား?"
" ဖြည်းဖြည်းပြော တိုးတိုးအော် နင်နဲ့ငါ နှစ်ယောက်ထဲမဟုတ်ဘူးဆိုတာ သတိရအုံး "
ထိုတော့မှ သူမသတိရလိုက်တာက သူမအခုရောက်နေတဲ့နေရာဟာ Aပြောသလိုဘဲ စကားကျယ်ကျယ်ေပြာလို့ မကောင်းတဲ့နေရာဖြစ်သည် ။ မို့အစ်အစ်မျက်လုံးတွေဟာ ချက်ချင်းဆိုသလို ရှေ့နောက် ဘေး ဘယ်ညာ ဝေ့ဝဲသွား၏ ။ သူမတို့ ထိုင်နေသည့် စားပွဲဝိုင်းကို ကြည့်နေတဲ့ သူတွေကြောင့်တော့ သူမရှေ့က စာအုပ်ကို ကပြာကယာကောက်ကိုင်လိုက်ပြီး မျက်နှာကို ကွယ်လိုက်မိသည် ။
" နင်က ဘာလို့နောက်ကျနေတာလဲ? "
" ငါက နောက်ကျနေတာမဟုတ်ဘူး .. နင်ကစောနေတာ WOWOရဲ့ "
Aဆိုတဲ့ မိန်းကလေးဟာ ခုံကို ကျောမှီထိုင်လိုက်ပြီး မျက်လုံးလေးစွေကာ ဘေးမှာထိုင်နေတဲ့ သူမ သူငယ်ချင်းဖြစ်သူကို ကြည့်လိုက်သည် ။