🍁
ဘယ်လို နာကျင်မှုမျိုးကိုဘဲဖြစ်ဖြစ် ခဏတာလောက်လေးဘဲ မေ့ထားလို့ရနိုင်မယ်ဆို အချိန်ရှိသ၍ ၊ နေ့ရှိသ၍ ကိုယ်အမြဲ အိပ်နေချင်တယ် .. အိမ်မက်တွေထဲထိ နာကျင်မှု ကင်းကင်းနဲ့ပေါ့
နေရောင်တွေ အခန်းထဲအခြေချနေပြီဆိုတာလဲသိတယ် ၊ သူမနာမည်ကို ခေါ်နေတဲ့သူတွေရဲ့ အသံကိုလည်း ကြားတယ် ၊ အဆုံး အခန်းထဲက ပြေးထွက်သွားတဲ့ ခြေသံတွေကအစ သူမကြားတယ် ။ ဒါပေမဲ့ မျက်လုံးတွေဟာ ဖွင့်လို့မလာခဲ့ဘူး ။ ဖွင့်လို့မရခဲ့တာလို့ဘဲ ပြောရမလား ။ နာကျင်နေတာမျိုး မဟုတ်တဲ့ ပူလောင်လောင်ခံစားချက်မျိုး ။ မူးဝေနေတဲ့ ခေါင်းကြီးကို ဖြုတ်ပြီး ရေခဲသေတ္တာထဲ ထည့်ပိတ်ထားလို့ရရင်လည်း ကောင်းသား ။ အချိန်အတော်ကြာမှ
နားထဲပြန်ကြားလာရတဲ့ အသံတွေက ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့" သွေး___"
" ~~~ "
" အပူ___ "
" ဆေးထိုး___"
" ~ ~ ~ "
"^^~^~~ "
-----
ဖွင့်လာတဲ့ မျက်ဝန်းတွေ ပထမဆုံးမြင်တွေ့လိုက်ရတာက ဖြူဖြူ ဖြူဖြူနဲ့ ဘာကဖြူလို့ဖြူနေမှန်းကို မသိတာ ။ ဝေဝါးနေတဲ့ အမြင်တွေကို ဒေါသထွက်မယ်ကြံမှ ကြည်လင်ပြတ်သားစွာ မြင်တွေ့လိုက်ရတာ မျက်နှာကျက်တဲ့ ။ အခုမှ အသက်ကို မှန်မှန်ရှုနိုင်လိုက်ပုံနဲ့ စိတ်အေးသွားပုံရတဲ့ သူမ မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုတွေက ထင်ဟပ်လို့ ။
" ငါ ကြောက်နေတာလား? .. ဘာလို့လဲ ?"
" A yah , အဆင်ပြေရဲ့လား!?"
သူမဆီ ပြေးလာခဲ့ပုံရတဲ့ သူငယ်ချင်းဖြစ်သူရဲ့ မောဟိုက်ဟိုက်အသံကို ကြားတော့ သူမ ပြုံးတယ် ။ ခေါင်းကို စောင်းကြည့်လိုက်မိတော့ အသက်တောင် ရှုဖို့ ခက်ခဲနေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ ပုံစံကိုကြည့်ပြီး ထပ်ပြုံးမိပြန်တယ် ။
မျက်ဝန်းတွေ မှေးသွားသည့်တိုင်ေအာင် ပြုံးပြလာတဲ့ Aကို အနားလည်းရောက်ရော MoMo ခေါင်းခေါက်လိုက်သည် ။* ဒေါက်
" အ့! "
ချက်ချင်းအိပ်နေရာက ထထိုင်လာပြီး နာသွားတဲ့ နေရာကို ပူနေအောင်ပွတ်ပြီး မျက်စောင်းထိုးကြည့်တော့ မျက်လုံးတွေကိုပါ ဖောက်ပြစ်မယ်ဆိုတဲ့ သဘောနဲ့ MoMoက သူ့ရဲ့ လက်နှစ်ချောင်းကို အားထည့်ပြီး ကွေးပြတယ်။ ထိုတော့မှ ကလေးတစ်ယောက်လို ကြောက်လိုက်တာဆိုပြီး မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ သနားစရာရုပ်လေး ဖြစ်သွားတဲ့ A ။