U&A ( 2 )

401 30 0
                                    

Uကော်ဖီဝယ်ပြီး ပြန်ရောက်လာတော့ Aဟာ ထိုင်ခုံမှာ မရှိတော့ဘူး ။ Aထိုင်မနေတော့တဲ့ ခုံလွတ်လေးကို ကြည့်ရင်း သူမလက်ထဲက ‌Aအတွက် ဝယ်လာတဲ့ ကော်ဖီခွက်လေးကို ပြန်ကြည့်မိတယ် ။

" ကော်ဖီတွေတောင် အခုထိ အငွေ့မပျောက်သေးတဲ့ဟာ "

ဒီကော်ဖီ တစ်ခွက်လေး ဝယ်ရတာကို သူမ ဘယ်လောက်ထိ ရင်တွေခုန်ပြီး စိတ်လှုပ်ရှားလိုက်ရသလဲ ။ ဒါကို အဲ့ဒိမိန်းကလေးကတော့ ဘယ်သိပါ့မလဲလေ ။ သူမလိုမျိုး ခံစားချက်မှ အဲ့ဒိမိန်းကလေးမှာ မရှိဘဲ ။ သူမဘက်ကသာ တစ်ဖက်သက်ဖြစ်နေခဲ့တာ ။

သူမရဲ့ စာကြည့်စားပွဲနားကို လျှောက်လာခဲ့ပြီး ကော်ဖီခွက်ကို စားပွဲပေါ်မှာတင်လိုက်တယ် ။ ဘေးကခုံပေါ်တင်ထားတဲ့ ကျောပိုးအိတ်ထဲက မှတ်စုစာအုပ်လေးထုတ်ပြီး သူမ စာအချို့ရေးလိုက်တယ် ။ ကော်ဖီခွက်လေးမှာ ကပ်ပြီး သူမ ပစ္စည်းတွေသိမ်း ၊ ဖတ်ဖို့ ရွေးထားတဲ့ စာအုပ်တွေကို ပိုက်ကာ အောက်ကိုပြန်ဆင်းလာခဲ့သည် ။

အလင်းရောင်ကောင်းကောင်းရတဲ့ စာကြည့်စားပွဲဝိုင်းတစ်ခုပေါ်က ကော်ဖီခွက်လေးဟာ ထိုနေ့က သူ့ပိုင်ရှင်ထံကို မရောက်ခဲ့သလို တစ်ဦးတစ်ယောက်ရဲ့ သိမ်းဆည်းခြင်းကိုလည်း မခံခဲ့ရဘူး ။

Uရေးခဲ့တဲ့ မှတ်စုပေါ်က စာအချို့ _
ကော်ဖီတွေက အေးသွားရင် သောက်လို့မကောင်းဘူး .. မနက်ဖြန် chaw ကော်ဖီတစ်ခွက် Unnieအတွက် ထပ်ဝယ်လာပေးမယ် .. ကော်ဖီငွေ့တွေ မပျောက်ခင်တော့ ဒီနေရာလေးကို ရောက်လာပေးမယ်မလား?

-----

" Omma! "

စိတ်ဆိုးဆိုးနဲ့ A သူမရဲ့မေမေကို အော်လိုက်မိတယ် ။

" ဒါ စနောက်စရာမှမဟုတ်တာ .. Aမှာတော့ ဘယ်လောက်ထိ စိတ်ပူလိုက်ရသလဲ ? .. Ommaလည်း Appaနဲ့အတူတူဘဲ .. ဒီ သမီးလေးတစ်ယောက်ထဲ ရှိတာကို နှလုံးရောဂါရပြီး မြန်မြန်သေမင်းလက်ထဲအပ်ချင်နေတာလား? "

" Ommaကို ဒီလောက်တောင် စိတ်ဆိုးသွားတာလား? .. အရင်ကလည်း ခဏခဏ ဒီလိုဘဲ စနောက်နေကျဟာ .. ဒီနေ့မှ ဘာဖြစ်လို့ ထူးပြီး Ommaကို စိတ်ဆိုးနေရတာလဲ? "

U&AWhere stories live. Discover now