First to Last

760 88 45
                                    

#unicode

၁။

ပြည့်ကြပ်နေတဲ့ဘတ်စ်ကားပေါ်ကနေ ဆင်းလာရတာကို သူကအချုပ်အနှောင်တစ်ခုကနေလွတ်မြောက်သွားသလိုမျိုး ပျော်နေမိတယ်။

မြို့စွန်မြို့ဖျားနားမှာနေတဲ့သူ့အတွက် မြို့လယ်မှာရှိတဲ့ အလုပ်ဆီရောက်ဖို့ ကားပေါ်မှာပျမ်းမျှ တစ်နာရီခွဲနီးပါး အချိန်ကုန်ပြီးမှ လိုရာရောက်သည်။

"ဟူး...."

အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ထားတဲ့သူက
သူအလုပ်လုပ်ရမယ့် တိုက်အမြင့်ကြီးကိုမော့ကြည့်ပြီး နက်ခ်တိုင်ကို တစ်ချက်ပင့်တင်ကာ သက်ပြင်းချမိသည်။

အလုပ်မှာအဆင်ပြေပါ့မလားတွေးရင်း ညကလည်းသူအိပ်မပျော်ခဲ့ဘူး။

သူဟာပညာအရည်အချင်း ရုပ်ရည်နဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်းတွေမှာ သူတစ်ပါးထက်မသာရင်တောင် ရင်ဘောင်တန်းနိုင်ပေမယ့် သူမှာကျောထောက်နောက်ခံ ခိုင်မာတောင့်တင်းတဲ့ မိသားစု၊ပိုက်ဆံ စတာတွေမရှိတာကြောင့် လူတွေကသူ့ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်ကြမှာကိုတွေးရင်း သူအိပ်မပျော်ခဲ့ဘူး။

မတင်မကျစိတ်နဲ့ပဲ သူက အဆောက်အဦးထဲဝင်သွားလိုက်သည်။ ပထမဆုံးအလုပ်စဆင်းရတဲ့နေ့ရက်ဖြစ်ပေမယ့် သူ့ခြေလှမ်းတွေကတက်ကြွမနေခဲ့ဘူး။

"ဘယ်သူလဲမသိဘူးရှင့်"

ဘဏ္ဍာရေးဌာနဆိုတဲ့ ဆိုင်းပုဒ်ကပ်ထားတဲ့အခန်းရှေ့ရောက်တော့ ခေတ်မီပြီစလှပကြော့ရှင်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့တွေ့ပြီး
သူဟာ ဒီဌာနမှာ အစမ်းခန့်အနေနဲ့ အလုက်စဆင်းမည့်သူဖြစ်ကြောင်းပြောတော့ ယဉ်ကျေးပျူ ငှါတဲ့ထိုအမျိုးသမီးက ပြုံးရွှင်စွာပဲ သူ(မ)က ဌာနရဲ့အဖွဲ့မှူးဖြစ်ကြောင်းပြောပြီး အခြားဝန်ထမ်းတွေနဲ့မိတ်ဆက်ပေးမည်ဆိုကာ ဌာနထဲခေါ်သွားသည်။

အဖွဲ့မှူးက ဖော်ရွေပြီး သဘောကောင်းကာ အဆင့်အတန်းခွဲခြားမည့်ပုံမျိုးမပေါ်တာကြောင့် သူစိတ်အေးရပေမယ့် အချိန်ကြာမှ ဘူးပေါ်သလိုပေါ်လာတတ်တဲ့ လူ့အကျင့်များကြောင့် သူဟာ ဒီအလုပ်မှာ ပျော်ပါ့မလားဆိုတာကို သေသေချာချာ မဆုံးဖြတ်နိုင်သေးဘူး။

Never-Ending Where stories live. Discover now