Part 1

10.3K 268 3
                                    


Bitter love

Part.1

#bitterlovespica

မှန်တွေ အပြင်ဘက်က တစ်ဆင့် လှမ်းမြင်နေရတဲ့ ပစ္စည်း ဆန်းဆန်းတွေက မိန်းကလေး အကြိုက်တွေချည်းပဲ..

Ro ဆန်ဆန်ဖွင့်ထားတဲ့ ဆိုင်နာမည်ကိုက dame (ဒမ်)

တစ်ဖက်လမ်းမှာ လမ်းကူးဖို့စောင့်ရင်း မျက်နှာချင်းဆိုင် ဆိုင် အတွင်းပိုင်း ပုံစံကို ပုံဖော်နေမိသည်..။

အဝင်အ၀ တံခါး ဖွင့်ဖွင့်ချင်း ဘေးဖက်မှာ နှင်းဆီပင်ပုလေး ကို အိုးကြီးကြီးနဲ့ ထည့်ထားလိမ့်မယ်..

အပင်ပုပုလေးပေမယ့် အပွင့်ပေါင်းများစွာ ပွင့်နေလိမ့်မယ်..။

နှင်းဆီပင်ပြီးရင်တောံ့ ဖန်နဲ့ လုပ်ထားတဲ့စင်က အလယ်ကျောမှာ နေရာယူထားတယ်..။

စင်ပေါ်တန်းမှာ cactus (ရှားစောင်း) ပင်ရောင်စုံကို ဖန်စီဆန်ဆန် အိုးသေးသေးလှလှတွေနဲ့ ထည့်ပြီး

စင်အလည်မှာတော့ နှင်းဆီမျိုးစိပ်ပေါင်းစုံကို အပင်သေးသေး အပွင့်နုပ်နုပ် တွေနဲ့ တွေ့ရအုံးမယ်..

ဈေးတော့မေးစရာမလိုဘူး တခါတည်း ကပ်ထားတာ သုံးသောင်းကျော်အထိ..။

စင်အောက်တန်းမှာ အပင်အတွက်လိုအပ်တဲ့ ပစ္စည်းအစုံအလင်ကို မျက်စိမှာ ပေါ်အောင် စီထားတာ

တခါတလေဆို ဝယ်သူတွေက မေ့နေတာ တွေ့တော့မှ ဝယ်ဖို့ သတိရတယ်တဲ့လေ..။

ဆိုင်ရဲ့ အဝင်ညာဘက်မှာ ကောင်တာခုံနဲ့ နည်းနည်းခြားပြီး ကော်ဖီဖျော်စက် တင်ထားတဲ့ ုံခုံတစ်ခုရှေ့မှာ ထိုင်ခုံလေး၄လုံး စီချထားတာ ဘားပုံစံမျိုးလေးံ သူ့ဘေးမှာတော့ အပါ်တက်မယ့်လှေကားအဖြူလေး..

ကော်ဖီဘားရဲ့ နောက်မှာ နောက်ခံ ထားတဲ့ စာလုံးပန်းချီ ကားချပ်ကြီးတစ်ခု အဖြူခံ ပေါ်မှာ အစိမ်းရောင်နဲ့ ရေးထားတဲ့ စာလုံးက Bitter Best ဆိုပဲ..။

ဆိုင်ရဲ့ ဘယ်ဘက်ခြမ်း နံရံကပ်စင်ပေါ်မှာတော့ စိတ်ကူးယဉ် ဆန်ဆန်လိုလို မှော်ဆန်ဆန်လို မိန်းကလေးတွေရူးသွပ်တဲ့ လက်ဆောင်ပစ္စည်းအမျိုးမျိုး အစီအရီ တင်ထားတယ်

Bitter LoveWhere stories live. Discover now