Bitter love
Part.18
#bitterlovespica“မမ် …ဘယ်ကိုလည်း… မှောင်တော့မယ်..”
“ဖယောင်းတိုင် သွား၀ယ်ထားမလို့ ညကျမှ မီးက ပြန်ပျက်သွားရင်..ထွန်းဖို့ မရှိတော့ဘူး..”
“Zi လိုက်မယ် ခဏလေးစောင့် အကျီ င်္၀တ်လိုက်အုံးမယ်..”အကျီ င်္မပါပဲ ရေသုတ် နေရင်းလှမ်းအော်နေတာ…စောင့်နေရင် မိုးချူပ်တောင် သွားဖြစ်မှာ မဟုတ်..။
“ရတယ်…မမ် လမ်းထိပ်မှာပဲ ၀ယ်မှာ..”ပြောပြီး ဆင်းလာခဲ့ လိုက်သည်..။
“မမ်….ကျွတ်....ခဏစောင့်ပါဆို…”zi ရေသုတ်နေတဲ့ အ၀တ်ကို တန်းပေါ် ပစ်တင်လိုက်ပြီး..အကျီ င်္ရှာတော့ အိတ်ထဲမှာ မတွေ့ မီးပူတိုက်ပြီး ဘာကိစ္စ အထဲ ပြန်မထည့်လည်း မသိဘူး..စိတ်တိုလိုက်တာ…။
မမ် ထင်တဲ့ အတိုင်း လမ်းထိပ်က ကုန်စုံဆိုင် မှာ ဖယောင်းတိုင် ၀ယ်ပြီး ပြန်လာပြီ Zi ကို မတွေ့သေး..အဲဒါများ သူ့ကိုစောင့်တဲ့…ရေချိုးပြီး လိုအပ်တာ တစ်ကိုယ်လုံးလိမ်းမှာက တစ်နာရီ အကျီ င်္ရွေးမှာ တစ်နာရီ..။
မမ် လမ်းထဲ ၀င်လာတော့ zi ကို မခေါ်လာတာ မှားပြီလို့ နောင်တရမိသည်..လူတစ်ယောက် မမ် နောက်က လိုက်လာတာ..လမ်းကြားဆိုတာ မြေကြီးလမ်း ခြံထဲမှာ ဖြတ်ထားတာမို့ လမ်းသွားလမ်းလာလည်း မဖြစ်နိုင်..။
ပြေးမယ်ဆိုရင်တောင် ၁၀မိနစ် ကြာမှာ မတော်လို့ တစ်ခုခု လုပ်သွားမှဖြင့်..မမ် လက်ဖျားတွေ အေးလာသည်..။
“အစ်မ..အစ်မ…ပိုက်ဆံပါရင် နည်းနည်းလောက်ပေးခဲ့ပါလား…”နောက်ကနေ ကိုယ်ကို ပြောနေတာမှန်းသိလို့ မမ် မြန်မြန် လျှောက်လိုက်သည်…။
ဒါကို သူက ဘာလို့ ဆက်လိုက်လာတာလည်း…၊
“ကျွန်တော်ဗိုက်ဆာ လို့ပါ..ထမင်း၀ယ်စားရုံ ဆိုလည်း ဖြစ်ပါတယ်…အစ်မ…”
ပြောလည်းပြော မမ် လက်ကိုလည်း တစ်ဖက်က ဆွဲလိုက်တာမို့…မမ်မှာ အသက်ရှုဖို့တောင်မေ့နေသည်..။
“လွှတ်ပါ…ပိုက်ဆံမပါဘူး..ဖယောင်းတိုင် ၀ယ်ဖို့ပဲ အနုတ်ယူလာတာ..လွှတ်ပါနော်…ဘာမှ မလုပ်ပါနဲ့..”
မမ် လက်ကိုရုန်းရင်း တောင်းပန်လိုက်ချိန် ဒီလူ တစ်ကယ် များဗိုက်ဆာနေတာလား တွေးမိလိုက်သည်..။
“ခွေးသူတောင်းစား…အဲဒါ ဘာလုပ်တာလည်း…”
မမ် ဘယ်လိုမှ မလုပ်နိုင်ချိန် ခဏလေး အတွင်း ပိုက်ဆံလိုက်တောင်းတဲ့ သူက zi ထိုးလိုက်လို့ မြေပေါ်မှာ လဲနေပြီ..zi က မရပ်နိုင်သေးပဲ ထပ်ကန်နေတာမရပ်..မမ် ဘာလုပ်ရမှန်းမသိ…။
၀င်တားရအောင်လည်း မမ် ကို ပါ လွှတ်ပစ်မလားထင်ရသည်..။
မမ် ကြည့်နေချိန် ခဏလေး အတွင်းမှာ..အောက်ကလူက တောင်းပန်နေပြီ..နှုတ်ခမ်းမှာလည်း သွေးစသွေးနတွေနဲ့..
မမ် လဲကျနေတဲ့ သူရှေ့မှာ ကာပြီး ငုတ်ထုတ် ထိုင်ချလိုက်သည်..။
Zi ရုတ်တရက် ရွယ်ပြီးခါမှ မမ် ကြောင့် အရှိန်ထိန်းလိုက်ရလို့ လူက ထိုင်ရက် ပြုတ်ကျသွားသည်..။
ဒေါသတို့ အတိုင်းအဆ မရှိ…
မမ်….”ဒေါသနဲ့ အော်လိုက်တာ လည်ချောင်းနာပြီး အသံ၀င်သွားသည်..။
“ဒါဘာလုပ်တာလည်း…ဘာလို့ ၀င်ကာနေတာလည်း…”
“တော်ပါတော့…” ခေါင်းတွေမူးပြီး ပျို့တက်လာလို့ မမ် အသံထွက်တယ် ဆိုရုံသာပြောနိုင်သည်..
“လိုက်နှောင့်ယှက်နေတဲ့ လူကို ကာကွယ်ပေးနေရအောင်..ခင်ဗျားလင်က ဒီမှာ…”
“မပြောနဲ့ ဘာတစ်ခွန်းမှ ထပ်မပြောနဲ့နော်…မမ် သည်းခံနိုင်မှာ မဟုတ်တော့ဘူး..zi “
“မောင်လေး..ဘယ်နားဘာဖြစ်သွားလည်းဟင်…အစ်မတောင်းပန်ပါတယ်..အစ်မ အမျိုးသားက အထင်လွဲပြီး အခုလို ဖြစ်သွားတာပါ…”
လဲကျနေတဲ့ လူက သေချာ ပြန်ထိုင်လိုက်ပြီး..ကိုယ် ကပေနေတဲ့ မြေကြီး တွေကို ခါချသည်..။
YOU ARE READING
Bitter Love
Randomပြောင်းလဲချင်တိုင်း ပြောင်းလဲပေးရအောင် ကိုယ်က သူ့အတွက် ကစားစရာလား Zi ဆိုတာ ဘယ်လိုလည်း သိဖို့လိုနေပြီ..မမ်" မမ် တကယ့် မေတ္တာ စစ် နဲ့ စေတနာ က လူတစ်ယောက်ကို ပြောင်းလဲနိုင်တယ်" အချစ်ဆိုတာ ကို ကစားစရာ လို့ ယုံကြည်ထားတဲ့...ရုပ်ချောပြီး..ပွေရုှပ်တက်တဲ့ ကော...