Bitter love
Part.26
#bitterlovespica“မမ် ဆေးထည့်ရမယ် .လာ .”
“နေပါအုံး..မနက်က ဆေးတောင် မခြောက်သေးဘူး..”
“ခဏခဏ ထည့်ပေးဖို့ ဆရာ၀န် က ပြောထားတယ်လေ..” zi ဆေးဘူးတွေ ကုတင်ဘေးချခဲ့ပြီး မီးဖိုခန်းက အော်နေတဲ့ မမ် ဆီ ပြန်သွားရသည်..။
မီးဖိုခန်းမှာ ချက်ပြီ့းသားဟင်းအိုး ပြန်တည်ပြီး မွေနေပြန်ပါပြီ…
မမ် အခု zi ထက် ပိုဆိုးလာတာ ဘယ်သူမှ မသိဘူး..။
ဆရာ၀န်များ ဆေးမှားပေးလိုက်သလား မှတ်ရတယ်..။
“မမ် ဘာကိစ္စ ဒီအိုး ပြန်တည် နေတာလည်း..”
“zi ချက်တာ အရသာ မရှိလို့လေ..”
“အရသာ မရှိလည်း..zi စားနိုင်တယ်..”
“မမ် မစားနိုင်ဘူး..”
“အား..ရစ်တာကွာ..မမ် အရင်လို ပြန်နေစမ်းပါ..မမ် ရယ်..Zi ကို ရွဲ့နေတာလားဟင်..”
Zi မီးဖို ခလုပ်ပိတ်လိုက်တော့ နှုတ်ခမ်းစူပြီး လူကိုကြည့်နေတာ….။
“လာ..လိမ်မာတယ်..မလား..မမ် က လိမ်မာတယ်လေ..zi က ဆိုးတာ..အခု ပြောင်းပြန်များဖြစ်နေသလားလို့..”
မမ် ရယ်ချင်ပေမဲ့ မြိုသိပ်လိုက်သည်..။Zi တို့ ဒုက္ခ ပေးလာတာ နည်းလား..အခု သူ့ အလှည့်….။
.
“အကျီ ကို င်္မထိနဲ့..” မမ် က အကျီင်္ ကို လက်နှစ်ဖက်နဲ့ ဆွဲပြီးပြောနေတော့
”ဟင်..အင်း..ဒါဆို မမ် လိမ်းလိုက် နော်..” zi မျက်နှာပူတာနဲ့ ယောင်ယမ်းပြီး အခန်းပြင်ထွက်လာမိသည်..။
ဟာ..နေပါအုံး..မနေ့က လည်း..zi ပဲ ဆေးထည့်ပေးတာ မမ် ဒဏ်ရာ က ကျောမှာ ဘယ်လို ဆေးထည့်မလည်း..။
ကျွတ်…သပ်သပ်ညစ်တာ..မျက်နှာ ပူပူ နဲ့ အခန်း တံခါး ပြန်ဖွင့်ပြီး ၀င်လာခဲ့ရတာ .ရှက်ဖို့ကောင်းလိုက်တာ။
“ဟား..ဟား..ဘာလို့ ပြန်၀င်လာတည်း..” ခေါင်း စိုက်ပြီး ပြန်၀င်လာတဲ့ zi ကို ကြည့်ရင်း မမ် အော်ရယ်မိသည်..။
“မမ်….အား..မရယ်ပါနဲ့..လူ ကို အရူးလုပ်ရတာ ပျော်လား..”
“အင်း..”
“ပျော်တယ် ဟုတ်လား…ခင်ဗျား တော့ အမှားကြီးကြီး လုပ်မိပြီ မမ်..”zi မမ် ကို ဆွဲပွေ့ လိုက်ပြီး..ကုတင်ပေါ်တင်လိုက်သည်..
မမ် ကရယ်နေတုန်းမို့ Zi လည်း လိုက်ရယ်မိသည်…။
“နေအုံး..အကျီင်္ မမ် လုပ်ပေးရမလား..”
“နေပါ..မနေ့ က ဘယ်သူလုပ်ပေးတာလည်း စကားမများနဲ့ မှောက်လိုက်..”
မမ် မှောက်ပေးတော့ အကျီင်္ က နောက်ဇစ်မို့ ဆွဲ လိုက်သည်..အောက်ခံက လည်း ကပ်ခွါပဲ သုံးတာမို့ ခဏ အတွင်း ကျောပြင်ဖြူဖြူတွေ့ရသည်..။
မိန်းကလေး တစ်ယောက်ရဲ့ ကျောပြင်ကို တွေ့ရင် ရင်ခုန်ရမှာ ဒါပေမဲ့ Zi က တော့ ရင်နာ ရသည်..။
“မမ် တော်တော် ဆိုးတာပဲ ..သွေးပြန်န်စို့နေပြီ..ပတ်တီးမှာတောင် တော်တော် စိုနေတယ်..”
မမ် က ခေါင်းကို ညာဖက် ပြောင်း စောင်းပြီး Zi ကို လှည့်ကြည့်သည်..။
“ဘာမှ မလုပ်ပါဘူး..အော် စောနက အ၀တ်လျှော်စက်ထဲက အ၀တ်တွေ ထုတ်လိုက်လို့..ဖြစ်မယ်..”
ဒီလောက်ပြောနေတဲ့ ကြားထဲက.ဒီလိုမျိုး စကားနားထောင်တဲ့ မမ်..
zi လက်ထဲက ဂွမ်း အရက်ပြန် ကို ဒဏ်ရာပေါ် ပိုဖိ လိုက်တော့..
“အား…သေပီ..သေပီ..သေပါပိ..စပ်လိုက်တာ..”
“ဘယ်လိုနေလည်း.. ကောင်းလား..”
“လာအုံး..ဒီ နားတိုး…” zi မယုံသလို ဖြစ်ပေမဲ့ ရှေ့ နည်းနည်း ကိုင်းလိုက်တော့…
“ဒေါက်..”
“အား…အား…မမ်..ခင်ဗျား..အား..” ခေါင်း အလယ်မှာ အာလူးထွက်ပြီလား ထင်ရအောင် နာ လှသည်..။
“မမ် ကို့..ယောင်္ကျား ကို ခေါင်းခေါက်တယ်..ငရဲ ကြီးမှာ မကြောက်ဘူးလား..ဟမ်..အား..နာ လိုက်တာ..Zi ကို ဘယ်မိန်းမမှ အသားနာအောင်လုပ်လို့ မရဘူး.. ခင်ဗျားလည်း မရဘူး..”
မမ် တကယ်နာ သွား မှာပဲတွေးရင်း သနားမိပေမဲ့ နောက်ဆက်တွဲစကားတွေကြောင့် ၀မ်းနည်းလာသည်..။
“ဆော်ဒီး..ပြန်ရိုက်..”မမ် ခေါင်းထောင်ပြီး သူ့အနား ပါးထိုးပေးလိုက်သည်…။
မမ် က ပါးတိုးပေးပြီး ရိုက်ဖို့ ပြောတော့ စိတ်မကောင်းဖြစ်မိသည်..။ Zi ပြောလိုက်တဲ့ စကားမှားသွားပြီ..။
“ကျေးဇူး..” “ဟင်..”
မမ် ပါးကို လက်နဲ့ အုပ်ရင်း ရှေ့ ပြန်လှည့်သွားတော့ ..Zi အသံ မထွက်အောင် ရယ်နေမိသည်..။
မဆိုးဘူး..ခေါင်းခေါက်ခံရတာ တန်တယ်..နေ့တိုင်းခေါင်းခေါက်ပြီး ပါးပြန်ထိုးပေး..သိလား. zi စိတ်ထဲက တွေးရင် ပြုံးနေမိသည်...။
“မမ်..နာရင်ပြောနော်..”
“ဟင်…အင်း..”မမ် မျက်နှာတွေ ပူလိုက်တာ ရှက်တာရောပဲ..လင်မယားတွေ ဆိုပေမဲ့ ရှက်မိတုန်း..
Zi တစ်ခါမှ မမ် ပါးကို နမ်းဖူးတာ မဟုတ်ဘူး..အခုတော့ ..ဟူး…ဘယ်လို မျက်နှာချင်းဆိုင်ရပါ့မလည်းနော်…။
“အ…..အ….” မမ် နှုတ်ခမ်းကိုဖိကိုက်ထားလိုက်သည်..။
Zi က ပခုံးကို လက်နဲ့တို့တော့ လှည့်ကြည့်လိုက်တာ သူ့ခေါင်းက မမ် မျက်နှာ နားမှာ..
“နာသွားတယ်မလား..ခေါက်လေ..”
မမ် စိတ်ထဲမှာ တော့ တော်ပါပြီ..ယောင်္ကျားတစ်ယောက်ကို အသားနာအောင် ဘယ်တော့မှ မလုပ်မိဖို့ သားစဉ်မြေးစက် မှာခဲ့လိုက်မယ်..
“ခေါက်လေ..”
“မနာပါဘူး..ဆေးထည့်တာ ပြီးပြီလား..zi..”
“မပြီးသေးဘူး..ပတ်တီးခံ ပြီး တိတ်ကပ်ရအုံးမယ်..”
“အင်း လုပ်ပေးပါ..”
“ခေါင်းမခေါက်ရင် ဆက်မလုပ်ပေးဘူး.ဒီ တစ်ခါ မနမ်းဘူး..တကယ်ပြောတာ..”မမ် စိတ်မကောင်းဖြစ်သွားတာ သိတော့ zi ဘယ်လိုမှ နေလို့ မရလို့ပါ..။
‘မခေါက်ချင်ပါဘူး..အကြောင်းလည်း မရှိပဲနဲ့..”
“ခုန အရမ်းနာ သွားတယ်လေ..”
“မမ် ဒဏ်ရာ ဆေးထည့်ပေးတာပဲ ကျေးဇူးတောင် တင်ရအုံးမှာလေ..”
“ခေါက်မလား မခေါက်ဘူးလား..”ခေါင်းက တိုးလာတာ မမ် မျက်နှာနားကပ်နေပြီ..အမြင်ကပ်လာတာနဲ့..
“ဒေါက်..””အား…အဲလောက်လုပ်ရလား…”
”ခေါက်ဆို..အမျိုးမျိုးပဲ..”
“ခေါက်ခိုင်းတာလေ..ဖြည်းဖြည်းခေါက်ပေါ့..အခုတော့ ဘယ်တုန်းက အငြိုးတွေနဲ့..ပေါင်း ခေါက်တာလည်း မသိဘူး..နာ လိုက်တာ..”
“ဆော်ဒီး..အရမ်းနာသွားလား..”
”အင်း..ကြပ်ထုပ် ထိုးပေးရမဲ့ အဆင့်..”
“ပိုတာ..လုပ်ပါ မြန်မြန်..အနာ က ပြန်နာ လာသလိုပဲ..” မမ် ပို ပြောလိုက်တာ..အခုလို အနီးကပ်ကြီး နေရတာ စိတ် မသက်သာ ပါဘူး။
“အွန့်..ပြီးပြီ..ဖြေးဖြေးထနော်..မမ် က ပွေ့ရင် လည်း မကြိုက်ဘူး”
ကမ်းပေးနေတဲ့ zi လက်ကို ဆုပ်ကိုင်ပြီး zi ဆွဲထူတာကို အလိုက်သင့် ထလိုက်သည်..။
“မမ် မီးဖိုခန်း ပြန်မ၀င်နဲ့တော့နော်..”
“မဖြစ်ဘူး..အ၀တ်လျှော်ထားတာတွေ ရေညစ်စက်ထဲ ထည့်ရမယ်လေ..”
“အိုကေ..zi လုပ်လိုက်မယ်..”zi က ပြောပြီး မီးဖိုခန်း၀င်သွားပြီ..
လိမ်မာ သွားပြိလား…ခဏ လား..အပြီးလား..မသိပေမဲ့..မမ် ပျော် နေပါသည်..။
“မမ် အ၀တ်တွေ ထည့်ပြီးရင် ဘာလုပ်ရအုံးမလည်း..”
တွေးနေတုန်းရှိသေးတယ်..ခေါ်ပြန်ပြီ..သူပြောတော့ မီးဖိုခန်းမ၀င်နဲ့တဲ့..အခုခေါ်တာလည်း သူပဲ..။
“ပေး..မမ် လုပ်လိုက်မယ်လေ..”
“မလုပ်နဲ့ ဘာလုပ်ရမှာလည်း..ပြော..”
“အ၀တ်ကုန်ရင်..အဖုံးထည့်..”
“မရဘူး..အဖုံးက ကြီးနေတယ်..”မမ် ပြောရတာ စိတ်မရှည်တော့လို့ zi လက်ထဲက အဖုံးကို ဆွဲယူလိုက်ြ့ပီး.ထည့်လိုက်သည်..။
“ရပြီ..ခလုပ် လှည့်တော့..ပြီးပြီ..”
“ဟူး..ပင်ပန်းသွားတာပဲ..နဖူး က ချွေးပြန်နေတာ တွေ့လား..” zi က ခေါင်းစောင်းပြတော့ မမ် ရယ်မိသည်..။
“တီ..တီ..တီ..”
“နေ..zi သွားဖွင့်လိုက်မယ်..’
Zi မှန်ပေါက်က ကြည့်တော့ သားညီ..ဒင်း ဘာလာမွှေ ပြန်ပြီလည်း ..သူများ လင်မယားကြားမှာ အနှောင့်အယှက်တွေ…။
“သားညီပဲ..၀င်လေ..”Zi တံခါးဖွင့်ပေးလိုက်ရတာ စိတ်ကမပါ..။
သားညီ က အိမ်ရှေ့ခန်းက ဆိုဖာ မှာ ထိုင်လိုက်ပြီး မီးဖိုခန်းကို ပန်းကန် ဘီဒို မှန်က တစ်ဆင့်တွေ့နေရသည်..။
“ဟာ…မမ် က ဆံပင် အရှည်ကြီးပဲ..ခုမှ တွေ့ဖူးတယ်..”
“ဟာ..”zi မီးဖိုခန်းထဲ ပြေးပြီး မမ် လက်ကို ဆွဲခါ ရေချိုးခန်းထဲ ထည့်ပြီး တံခါးလော့ပါ ခတ်ခဲ့သည်..။
တောက် အသုံးမကျလိုက်တာ..အခုတော့ zi ပိုင်တဲ့ မမ် ဆံပင်တွေ ဟိုကောင်တွေ့သွားပြီ..သူများ မိန်းမ ဆံပင်လည်း ငေးနေတာ မျက်လုံးကျွတ်ကျတော့မယ်…zi အခန်းထဲ မှာ ပုဝါ သွားယူနေတုန်း.မမ် က တံခါးကို ထုနေပြီ..။
မဖြစ်ဘူး..မြန်မြန်ပြေးမှ….zi ပြေးရင်း အ၀တ်လျှော်စက် ရှေ့အရောက်..ဒုန်း..အွတ်စ်…
De Gea ဂိုးဖမ်းသလိုကြီးကို ဘေးတိုက်လဲကျတာ..
အိမ်ရှေ့ခန်းက သားညီ က ထိုင်နေရာ က ထကြည့်ရင်း “zi..ငါ လာခဲ့ရမလား..”
“မလာနဲ့ ပြန်ထိုင်နေ..””အိုကေ..”
ဟူး..မမ် ကြောင့်…။
.
မမ် ရေချိုးခန်းထဲဘယ်ကြောင့်ရောက်နေမှန်းမသိ..အပြင် ကလည်း လော့ချလိုက်တာ..
တစ်ယောက်ယောက် များရောက်လာလို့လား..။
မဟုတ်မှ ပိုး အကိုများ လိုက်လာတာလား..တံခါးက ထု မရ လှည့်ဖွင့်လည်း မရမို့ စိတ်ပူနေချိန် ..အပြင်မှာ Zi ကို ထုရိုက်နေသံတွေ ပြုတ်ကျ သံ တွေကြားလိုက်ရတော့..လူက..
တံခါးဖွင့်သံကြားရပြီး.. Zi လကိ တစ်ဖက်က ပုဝါ လှမ်းပေးနေပေမဲ့..Zi ကို တင်းနေအောင် ဖက်ထားလိုက်သည်..။
“ဘာဖြစ်လို့လည်း..မမ်..”
“Zi ကို ဘာလုပ်ကြတာလည်း..ဟင်..ဘာဖြစ်သွားသေးလည်း..”
“ဘာလည်း..သားညီ လာလို့ ပုဝါ သွားယူပေးတာလေ..”
“ဟမ်..”မမ် စဉ်းစားနေရင်း..Zi ကို ဖက်ထားတာ လွတ်လိုက်ခါ ပုဝါ ဆွဲယူလိုက်သည်..။
“စောနက ပြုတ်ကျသံတွေ အော်သံတွေ က..”
“zi ရေတွေနင်းပြီး ချော်လဲတာလေ..” မမ် စိတ်ပူပြန်ပြီ…။
“ဘာဖြစ်သွားလည်း..ဘယ်ထိသွားလည်း..”
Zi စိတ်ပူနေတဲ့ မမ် ကို ပိုချစ်မိသည်..။
“နှုတ်ခမ်း..”
“အဟမ်း…အဟမ်း..” သားညီကိုမေ့ပြီး နောက်လိုက်တာ.အသံကြားမှ .မမ် က ပုဝါ ၀တ်ခါ ထွက်သွားတော့ Zi လည်း နောက်က လိုက်သွားလိုက်သည်..။
“မမ် ကျောကုန်း ဒဏ်ရာ ရလို့ဆို..”
“အင်း..”
“တော်တော်များလား…”သားညီ ကမေးရင် မမ် အနား တိုးလာတော့..Zi ရှေ့တိုးပြီး မမ် ပခုံးကိုဖက်ထားလိုက်ရသည်..။ဒီကောင်လည်း ယုံရတာ မဟုတ်ဘူး…။
“နည်းနည်း ပါ အခု ပျောက်သလောက်ဖြစ်နေပြီ..”
“ငါ သတင်းကြားတော့ ရန်ကုန်ရောက်နေလို့ မလာနိုင်တာ..စိတ်မကောင်းလိုက်တာ..”
“အင်း..ဟိုမှာ အဆင်ပြေခဲ့လား..”
မမ် က ခုံမှာ ၀င်ထိုင်လိုက်တော့ သားညီ လည်း ထိုင်လိုက်သည်..Zi က မမ် ဘေးကပ်ခုံမှာ အမြန်၀င် ထိုင်လိုက်သည်..။
“ပြေပါတယ်.. ငါအနားမှာ မရှိတော့ နင်ပင်ပန်းနေမှာပေါ့..”
“အေးပေါ့..” ဟာ…ဟို သတ္တဝါ က ဘာစကားပြောတာလည်း..မမ် ကရော ဘာပြန်ပြောလိုက်တာလည်း..တောက်..ဒီကောင်တော့ သေတော့မှာပဲ..zi စိတ်ထဲမှာ ကျလိကျလိ နဲ့ ကျိန်ဆဲနေမိသည်..။
“သားညီ အအေးသောက်မလား..”
“အေး..ကောင်းသားပဲ..”မမ် က Zi ဆီကို မျက်လုံးရောက်လာသည်..Zi မသိချင်ယောင်ဆောင် နေလိုက်တော့..
“Zi အအေးလေး သွားယူပေးပါလား” တဲ့..လုပ်ထား..ခင်ဗျားလည်း..ဟို သတ္ထဝါပြန်ရင် ကျူပ်နဲ့တွေ့မယ်…။
“မမ် ငယ်ငယ်လေး ရထားတော့ စိတ်ညစ်ရမယ်ထင်တာ..နင့်ကောင်လေးက တော်တော် ချစ်တက်တာပဲ..”
“အင်း..”မမ် ခေါင်းငုံပြီး ပြုံးလိုက်မိသည်..။
Zi အအေးဘူး.ယူပေးဖို့ ကြည့်တော့မရှိတော့..ဟာ..မရှိဘူးပြောလိုက်မယ်..
မဖြစ်သေးပါဘူး..မမ် က ရှည်ပြီး လောကွတ်ချော်ထားတာ ဖျော်ပေးရတော့မယ်…ဟူး..zi အအေးဖျော်နေရင် းအိမ်ရှေ့ခန်း လှမ်းကြည့်ပေမဲ့ ပန်းကန်တွေနဲ့ ကွယ်နေလို့ မမြင်ရ..
Zi အအေးခွက်ကိုင်ပြီး ထွက်လာတော့..မမ် က တံခါးနားမှာ ဟိုကောင်က အပြင်ရောက်နေပြီ..။
ဒါ ဘာအချိုးလည်း..Zi ကို တမင် ရှောင်ခိုင်းပြီး နှစ်ယောက်တည်း ပြောကြတာလား…။
“ဟင်..အအေး ရပြီလား..ပေး..” မမ် က zi လက်ထဲက အအေးခွက် လှမ်းယူတော့ Zi မပေးပဲ ခုံပေါ်တင်လိုက်သည်..။
“ဟာ..မျက်နှာကြီးကလည်း မှုန်သုန်နေတာပဲ..ဘာဖြစ်လို့လည်း..zi.”
“ခင်ဗျားတို့ နှစ်ယောက်ပြောတာ အနားမှာ မနေစေချင်လို့ ပ လွှတ်လိုက်မလား..ဒီ Zi က နွားဆိုတော့လေ..”
“အယ်…နွားတဲ့ပြောပြန်ပြီ..”
“ခင်ဗျား လှောင်နေတာလား..”
မမ် လက်ကို ဆွဲပြီး ပြောနေရင်း ဒေါသတွေ နောက်ကလိုက်လာတော့မှာ သိသည်…။
သားညီကို ချစ်တက်သလို ရစ်တက်တဲ့ ကောင်လေး အကြောင်း မပြောပြ မိလိုက်ဘူး ရယ်..။
“အား…ခင်ဗျား.ဘာလို့ လိမ်ဆွဲတာလည်း..”zi ဒီတစ်ခါတော့ မျက်ရည်ဝဲတက်ထိ ဖြစ်သွားတာ zi အချစ်ကို နားမလည်တဲ့ မမ် ကြောင့်…။
“ခေါင်းခေါက်ဖို့ အရပ် မမှီလို့လေ..”
Zi မျက်နှာ တည်နေပေမဲ့ ဘာမှ မပြောတော့…၊မမ် လည်း သူ ချစ်လို့ သ၀န်တိုတာ သိပါတယ်..တခါတခါ တစ်ဖက်ကမ်းရောက်အောင် သ၀န်တိုတာလေ..ဒီ တစ်ခေါက် ဒီလောက်နဲ့ ရပ်သွားတာ လိမ်မာ လာတယ်ပြောရတော့မယ်..။
“အင့် ဒီမှာ”မမ် ပေးတာ ကို လှည့်တောင်မကြည့်ပဲ ဟို ဘက်လှည့်နေသည်..။
မမ် အရှေ့ကို သေချာ သွားရပ်လိုက်တော့ မမ် ကို ငုံကြည့်သည်…။
“ဒီမှာ..ဆို..”မမ် လှမ်းပေးတဲ့ ဖိတ်စာ ကို မျက်ခုံးကြီး ကျူံပြီး ဆွဲယူလိုက်တာ တကယ့် ကလေးဆိုးလေး..။
Zi မမ် ပေးတဲ့ ဖိတ်စာကို ယူပြီး ဖတ်ရင်း..မမ် ကို ပြန်ကြည့်သည်..။
“ဒါ…သားညီ မင်္ဂလာဆာင်မှာလား..”
“အင်းလေ..မဖတ်တက်ဘူးလား..”
“စောနက ဘာလို့ လိမ်ဆွဲတာလည်း သိပြီလား..”
“အင့်..”zi က ခေါင်းငြိမ့်ပြီး မမ် ကို ဖက်ထားသည်..။
“ဘာလုပ်တာလည်း..လွတ်ပါ..” မမ် ရုန်းလိုက်တော့ Zi က တိုးဖက်ခါ
“ခဏ ပါ မမ် ရယ်..ခဏလေးပါပဲ..”
“ဘာလို့လည်း..ဟင်..”
“ရပြီ…” ပြောပြီး မီးဖိုခန်းထဲ ၀င်သွားတာ တစ်ချက်တောင် လှည့်မကြည့်တော့..။
.
“မမ်..ဒီဘက်တိုးအိပ်လေ..”
“မမ် တိုးတိုင်း Zi က အစွန်းပြန်တိုးတော့ zi ပြုတ်ကျမှာပေါ့..”
“အဲဒါက မမ် မကြိုက်မှန်းသိလို့ပါ..”
“မမ် က ဘာကို မကြိုက်တာလည်း..”
“Zi နဲ့ ထိမှာ မကြိုက်ဘူးလေ..”
အို..ဒီလို တွေးပြီး အမြဲ အစွန်းတိုးအိပ်နေတာလား…မမ် လည်း တစ်ခါမှ မပြောမိပါပဲနဲ့..တွေးချင်ရာတွေး ထင်ချင်ရာထင် နေတာပဲ…စိတ်ထဲ ရှီတာ ထုတ်မမေးပဲ မြိုသိပ်တာကလည်း..နေရာတိုင်းတော့ မကောင်းဘူးဆိုတာ Zi မသိရှာဘူးလေ..။
zi ရဲ့ ရင်ခွင်ထဲ တိုး၀င်လာတဲ့ မမ် ကိုကြည့်ရင်း zi အံသြနေရသည်..။
‘လက်ကို သတိထားနော်..မမ် ကျောကုန်းက နာနေတုန်းပဲ တအား မဖက်နဲ့..”
“ဟင်..အင်း..”zi အတွေးတွေနဲ့မို့ ကယောင်ကတမ်း ဖြေမိသည်…။
“zi…”
“ဟင်..” မမ် က Zi ရင်ဘတ် ထဲ ခေါင်းစိုက်ထားတော့ ငုံကြည့်တောင် ဆံပင်လေးတွေပဲ တွေ့ခွင့်ရသည်..။
“Zi နောက်ဆို သ၀န် အများကြီး မတိုပါနဲ့လား..”
“နည်းနည်းတော့ ရတယ်ပေါ့..”
“အင်း..အခုဆို Zi အထင်လွဲစရာတွေ မရှိတော့ဘူးလေ..မမ် လည်း အတက်နိုင်ဆုံး Zi သ၀န်မတိုအောင် နေမယ်လေ..အိုခီ..”zi ပြုံးလိုက်မိသည်..။
“ဒါပေမဲ့..ခင်ဗျားလူ ကိုစိုး..အဲမှားလို့..အဲဒီ ကိုစိုးဆိုတဲ့ လူကိုတော့ သားညီထက် ပိုဒေါသထွက်တယ်..”
မမ် ရယ်မ်ိသည်..ချစ်တက်လွန်းလို့ ပျော်ရမလား….သ၀န်တိုလွန်းလို့ စိတ်ပျက်ရမလား..ဒီကောင်လေးနဲ့တော့ ခက်ပါပြိ..။
“အဲဒီလူ က Zi ဆီက မမ် ကို လုယူဖို့ ကြိုးစားနေတဲ့လူ..”
“ဒါပေမဲ့ မမ် သွားမှ ဖြစ်မှာလေ..”
“မမ် ကလည်း Zi ဆီက ကွားရှင်းခွင့်တောင်းတယ်လေ..”
“အဲဒါ က တစ်ယောက်တည်း ရင်ဆိုင်ရတာ ပင်ပန်းလွန်းလို့ပါ..”
Zi မှားသွားပြန်ပြီ..မမ် ဒုက္ခတွေ ခံခဲ့ရတာလေ..
“Zi ကို ခွင့်လွှတ်ပါ..”မမ် ကို တင်းနေအောင် ပွေ့ထားမိသည်..
“အ..Zi…နာနေပြီ..”
“sorry sorry..”
“zi သိလား ကိုစိုးက ခု မိန်းမ ယူသွားပြီ....”
“ဟင်..ဘယ်တုန်းကလည်း..”
“မမ် ကို zi အကျီ င်္လာပေးတဲ့နေ့က စေ့စပ်ပွဲ လာဖိတ်တာ..”
“အဲဒါ…မမ် က ဘာလို့မပြောလည်း..”
“ပြောမလို့ပဲ Zi က မမ် သိက္ခာ ကို တအား ထိခိုက်ပြောလွန်းလို့ ဒေါသထွက်ပြီး ပြန်ရွဲ့မိတာ..”
“မမ်ရယ်..Zi တောင်းပန်ပါတယ်..”
“ကောင်းလား..ဒေါသ အကျိုးဆက်တွေလေ..အဲတော့ ဒေါသတွေကို လျော့ “
“ဟုတ်တယ်..ပူလောင်ခဲ့တာနဲ့ မတန်ဘူး..”zi လည်းထောက်ခံမိပါသည်..အဲတုန်းက ကိုယ် တကယ်ရူးခဲ့တာလေ..။
“စိတ်ထဲထင်နေတာ အမှန်မဟုတ်ဘူး..ဒေါသနဲ့ ပြောချင်ရာပြောတာမျိုး မလုပ်ပဲ..ကောင်းကောင်းမွန်မွန် မေးတက်အောင် ကြိုးစားလေ့ကျင့်နော်..သိလား..”
“အင်း..”
“လျော့ပါဆို..ဒီပုံစံ နဲ့ မနက်ဆို အနာ အသစ် ပြန်ဖြစ်တော့မယ်..”
“sorry..sorry..”
“အိပ်တော့မယ်..”ပြောရင်း Zi ခါးကို ကျစ်နေအောင်ဖက်ထားသည်..။
မမ် မသိဘူးလား မကြားဘူးလား..zi ဒီလောက် ရင်တွေခုန်နေရတာ..မမ် ကတော့ တစ်ခဏ အတွင်း အိပ်မော ကျသွားပြိလေ..မမ် ဘက်က လိုလို လားလား ဖက်ထားတာ ဒီတစ်ခါသာ..။
.
“တီီ..တီ..တီ..”
“ဟော..သားညီ လာတာလာ.း မသိဘူး..”
မမ် မီးဖိုခန်းမှာ အသီးတွေခွါနေတာ ..zi က ဟင်းချက်ဖို့လုပ်နေတုန်း..ဘဲလ် သံ ကြားလိုက်သည်..။
Zi က အရင်ထွက်သွားပြီး တံခါးဖွင့်ပေးတော့ မမ် က ပုဝါ ရှာရသည်..။
“ဝိုး…လာ..”
မိန်းကလေး အသံတွေလည်း ကြားရတော့ မမ် မီးဖိုခန်း အ၀မှာပဲရပ်နေမိသည်..။
ဟင်..zi ကလေးလေး တစ်ယောက်ကို ချီပြီး အိမ်ထဲ၀င်လာတာ မိန်းကလေးက နောက်က လိုက်၀င်လာပြီ..။
Zi ရှုပ်ထားတာတွေ အခု ကလေးနဲ့ လိုက်လာတာလား…မမ် မျက်လုံးပြူးနေမိသည်..။
Zi က ကလေးလေးကို ချီပြီး မမ် ဆီ လျှောက်လာသည်…။
“မမ် ဒါ vi ရဲ့ သားလေးလေ..”
“Vi…” မမ် ကမသိသလို ပြောတော့ Zi စိတ်မကောင်းဖြစ်မိသည်..မမ် ကို အိမ် က လူတွေနဲ့ တစ်ခါမှ မိတ်မဆက်ပေးခဲ့ဘူးလေ..အရင် သုံးလနေပြီး ဝေးနေလိုက်တာ ခုလည်း အဆင်မပြေမှုတွေနဲ့ ပဲ ရန်ဖြစ်နေကြတာ..။
“အင်း..Zi အကိုရဲ့ ကလေး..ဒါက အကို့ မိန်းမ..”
“အော်..:” မမ် ပြုံးပြရင်း ခုံတွေင်္ဆီ လျှောက်သွားလိုက်သည်..တော်ပါသေးရဲ့
ရင်ထဲက အလုံးကြီး ခုမှ ကျသွားသည်..။
ရုပ်ချော ဥစ္စာပေါ ပျိုတိုင်းကြိုက်တဲ့ Zi တစ်ယောက်ကို ပိုင်ဆိုင် ထားတဲ့ မမ် ရဲ့ ထို ဒုက္ခ..။
“မမ် က ချစ်ဖို့ကောင်းလိုက်တာ..ညီမ က ဒီမာ ပါ..တစ်ခါ မှ မတွေ့ဖူးပေမဲ့ မမ် အကြောင်းကတော့ အမြဲကြားနေရတယ်..”
“ဟုတ်လား..မမ် လည်း..လာလည် မလို့ပဲ..”
“vi နဲ့ မာမီ ဒယ်ဒီ တို့က အလုပ်ရှိလို့ အရင်သွားကြတယ်..သူတို့လည်းလာမယ်..”
“ဟုတ်လား..၀မ်းသာစရာပဲ..”
“ဂျီ…ဂျီ…”
“သားရေ…နင့်ဂျီ..က ို တွေ့တာနဲ့ မဆင်းတော့ဘူး..လာအုံး..ဒီမှာ တီ လေ..”
Zi က ကလေး ချီရင်း မမ် ထိုင်နေတဲ့ ခုံလက်တန်း မှာ ၀င်ထိုင်သည်..။
“ဒီကောင် zi ကို တအား အနိုင်ကျင့်တာ.. မအိပ်မချင်း ချီ လျှောက်ရတာ..”
“ဟုတ်လား…သား..” မမ် ယူပြီး ချီလိုက်တော့ ကလေးက ကော့ချပြီး အောက်ဆင်းသွားသည်..။
အော်…ပေါက်စလေးက အစ…zi ဘက်တော်သား..။
“ထမင်းဒီမှာစားမှာနော်..”
“အယ်..”
“..zi ကလေးထိန်း..မမ် နဲ့ ငါ ချက်လိုက်မယ်..”
“မမ် က..”
“ရပါတယ်..Zi ကလေးမငိုအောင်ထိန်းနော်..”မမ် စကားပိတ်ပြောလိုက်တော့ Zi က ရယ်နေသည်..။
“အိမ်မှာ မမ် က အထူးပဲ သိလား..စကားတိုင်းမှာပါနေကျလေ..
“ဟုတ်လား..မမ် ကလည်း မသိတက်ဘူးလေ..”
“ မဟုတ်ပါဘူး..မမ် တော်တဲ့ အကြောင်း Zi ကို ဂရုစိုက်တဲ့ အကြောင်းတွေပါ..”
“မာမီက Zi ကို မိန်းမ ပေးစားဖို့ လုပ်တာတောင် သူက လက်မခံဘူးလေ..မာမီက တကယ်တော့ Zi စိတ်ကို စမ်းသပ်တာပါ..မမ် နဲ့ ဝေးနေတာ မကြိုက်လို့လေ..မမ် လည်း..zi တို့ မိသားစုကို ခွင့်လွှတ်ပါနော်..”
“အို..မဟုတ်တာ…”
“မမ်..ဒယ်ဒီ က အစပ်စားလို့မရဘူး..ဟင်းချက် အမယ်တွေ မလောက်ရင် စျေးသွားရမှာပေါ့နော်..”
“ရှိပါတယ်..ရေခဲသေတ္တာထဲမှာ..”
Zi မိသားစု အစုံရောက်တော့ zi က သီးခြား ပုံစံဖြစ်နေတာ သတိထားမိသည်..။
Zi တစ်ယောက်တည်း အသားဖြူ မျက်လုံးပြာနဲ့ အကိုvi တောင် အဲလောက်မဖြူပါဘူး..။
“ချွေးမလေးက လိမ်မာတယ်..ဒါပေမဲ့ ကွာ..ဒယ်ဒိ သားကိုတော့ ဒယ်ဒီလည်း မနိုင်ဘူး အဲတော့ မမ် ပဲ ဆုံးမပေး ဟုတ်ပြီလား..”
“ဟား..ဟား..ဟုတ်တယ်..အကို ကို ရီုသေ တက်ဖို့လည်း သင်ပေးပါအုံး မမ်..”
“ဟာ…ဒယ်ဒီ တို့ကလည်း…”zi က ခေါင်းကြီး ငုံ့နေပြီလေ…မမ် ရယ်နေလိုက်သည်…။
“သမီး..မာမီတို့ကို စိတ်နာ နေမှာပဲ..” မာမီက မမ် လက်ကို ကိုင်ပြီး ပြောတော့မမ် ပျာပျာ သလဲ
“မဟုတ်ပါဘူး..မာမီတို့ကို ကျေးဇူးတင်နေတာ..အခုလို အဖိုးတန်သားလေး ပေးထားလို့လေ..”
“ဒါနဲ့..မမ် တို့ကို လက်ထပ်ပွဲ အခမ်းအနားလေး လုပ်ပေးရင် ကောင်းမယ်နော်..”
“အင်း..ဒယ်ဒီလည်း တွေးထားတာ ကြာပြီ..vi တုန်းကလည်း ခမ်းခမ်းနားနား လုပ်ခဲ့တာပဲ..zi လည်း ဒီတိုင်းပဲပေါ့..ဟေ့ကောင် မင်းကြောင့် မဟုတ်ဘူးနော်..ငါ့ သမီး မမ်ကြောင့်..”
“ဒါဆို ရှေ့လ ထဲ စီစဉ်လိုက်မယ်လေ..”
အကုန်လုံးက တစ်ခါတည်းစီစဉ်နေကြပြီ..Zi က လည်း မငြင်းပဲ ရယ်နေတော့ မမ် မနေနိုင်တာနဲ့..။
“ဟို မမ် တစ်ခုပြောလို့ရမလားဟင်..”
“ရတာပေါ့ သမီးရဲ့ မိသားစုတွေ တိုင်ပင်နေတာပဲကို ..”
“မမ် ကလေ..အဲလို ပွဲမျိုးမှာ ငွေကုန်မှာထက် ဟိုလေ..လိုအပ်နေတဲ့ လူတွေကိုလေ..လှူတာမျိုးလေး လုပ်ချင်တာ..”
“ဘယ်လို..”
“ဟို မိဘမဲ့ ကျောင်းတို့..အကူအညီလိုနေတဲ့ သူတို့လေ..အဲဒါ..အဲလို…ရမလားဟင်..”
အားလုံးတိတ်ဆိတ်သွားတော့…မမ် စကားမှားသွားပြီ..သူတို့က မမ် ကိုစေတနာ နဲ့ စီစဉ်ပေးတာကို မမ် ကငြင်းလိုက်တော့…မမ် ဘယ်လိ ုပြန်ပြောရမလည်း..
“ဟို..အဲဒါ မလုပ်ချင်လည်း.ရပါတယ်..မမ် က ဒီတိုင်းတွေးမိတာ..”
“ဟား..ဟား…ငါ့ သမီးကတော့ စံပဲကွာ…ဒီကောင်နဲ့တောင် မတန်ဘူး..တကယ်..”
“ပါ..” zi က ထအော်သည်..။
“ဟုတ်တယ် မာမီ နဲ့ ဒယ်ဒီ သမီးလို မိန်းကလေးကို Zi ရထားလို့ တကယ်၀မ်းသာတယ်…သမီးဆန္ဒအတိုင်းလုပ်ပေးမယ်နော်..
ဒါထက် သမီးအခု စိတ်ညစ်နေပြီလား..”
“ပျော်နေတာပါ မာမီရယ် မမ် အခုမှ မိသားစု အများကြီးနဲ့ ထမင်းတူတူ စားခွင့်ရတာ…”
မမ် တကယ်ပျော်ခဲ့ပါတယ် အခုလို မမ် ကို လိုလို လားလားနဲ့ အသိအမှတ်ပြုပေးတာ မမ် ကျေးဇူးတင်မဆုံး..။
ည အိပ်ယာ၀င်ချိန်ထိ အပျော်တွေရင်ထဲမှာ လှိုင်းထနေတုန်း..
“zi..တူ လေးက Zi ကို တော်တော် ချစ် တာပဲ..မမ် ဆီတောင်ခေါ်မရဘူး..”
“စိမ်းနေလို့ပါ မမ် ရဲ့..”
“ဟွန့် မသိဘူး..ကိုယ့် ကလေးကျမှ တ၀ ချီတော့မယ်..”
“မမ် က ကလေးမမွေးရပါဘူး..”
“ဘာလို့ “
“ကလေးကို ချစ်ပြီး Zi ကို နောက်မှာ ထားမှာ စိုးလို့..”
“သားသမီး နဲ့ အချစ်ပြိုင်လု ချင်တာလား..”
“ဘာနဲ့ ဖြစ်ဖြစ် လုမှာပဲဆို..”
မမ် ရယ်တော့ Zi လည်း လိုက်ရယ်နေသည်..ရယ်နေရင်းနဲ့
Zi ရင်ခွင်ထဲကနေ ရေချိုးခန်း ၀င်ပြေးရပြီလေ..။
“မမ် ဘာဖြစ်တာလည်း..နေမကောင်းဘူးလား..”
Zi က ကျော ကို ဖိပေးရင်း..မေးခွန်းကို ထပ်တလဲလဲမေးနေတော့
ဘယ်လောက် စိတ်ပူနေလည်း သိလိုက်ပါပြီ..
“ကောင်းပါတယ်..ကောင်းတယ.်..ညစာ စားတာ များသွားလို့ အစာမကြေတာ ဖြစ်မယ်..”
ဟူး..ပင်ပန်းလိုက်တာ…လိမ်ရပြန်ပါပြီ…။ဒီအပိုင်းနည်းနည်းရှည်သွားတယ်😅
တစ်နေ့တစ်ပိုင်းပဲရေးပြီးလို့ စောင့်နေရတဲ့သူတွေကို အားနာလာပီ 😭❤💪အခုမှ စရေးဘူးတာမို့လို့..အမှားပါရင် ခွင့်လွှတ်ပေးပါ နော်..
စာလုံးပေါင်းတွေလည်း မမှန်ရေးလည်း မရေးတက်သူမို့ သဘောထားကြီးပြီး သည်းခံ ဖတ်ပေးကြပါ..
တစ်ယောက်လောက် ဖတ်တယ်ဆိုရင်တောင်ကျေနပ်ပါတယ်လေ..
ကျေးဇူးအထူးပါ ..❤အပေါ်က # လေးကိုနှိပ်ပြီး bitterlove ကိုဖတ်ချင်ဖတ်လို့ရပါတယ်နော်..ရှာရခက်မှာစိုးလို့ပါ..wallထဲမှာလည်းရှိပါတယ်..
Groups က အက်မန်တွေကိုလည်း ခွင့်တောင်းပါတယ် တင်ခွင့်ပြုပါနော် 😍
YOU ARE READING
Bitter Love
Randomပြောင်းလဲချင်တိုင်း ပြောင်းလဲပေးရအောင် ကိုယ်က သူ့အတွက် ကစားစရာလား Zi ဆိုတာ ဘယ်လိုလည်း သိဖို့လိုနေပြီ..မမ်" မမ် တကယ့် မေတ္တာ စစ် နဲ့ စေတနာ က လူတစ်ယောက်ကို ပြောင်းလဲနိုင်တယ်" အချစ်ဆိုတာ ကို ကစားစရာ လို့ ယုံကြည်ထားတဲ့...ရုပ်ချောပြီး..ပွေရုှပ်တက်တဲ့ ကော...