Bitter love
Part.14
#bitterlovespica“ အား…ဗိုက်က ဆာတာ သေတော့မယ်..မီးက မလာဘူး…”
“အဲဒါကြောင့် ညနေက စားပါ ဆိုတာ အခုလည်း..ဒီတိုင်း စားလိုက်ရင် ရပါတယ် Zi ရယ်..”
“မစားချင်ပါဘူး…ဖယောင်းတိုင်မီး မှိတ်တုတ်နဲ့ ကိုယ်က စားနေတာ ဘာပါသွားလို့ ဘာမှန်းတောင် သိမှာ မဟုတ်ဘူး…”
“အဲတော့ ဘယ်လို လုပ်မလည်း…” “ရတယ် မီးလာတဲ့ အထိ စောင့်မယ်…”
“အဲဒါဆိုလည်း..ပါးစပ်ပိတ်ပြီးစောင့် အော်ဟစ်မနေနဲ့ ဘာဖြစ်မှန်းမသိ ဒီက ပြေးပြေးလာနေရတာ.”
ညနေ ကတည်း က ထမင်းစားဖို့ ခေါ်တော့ အိမ်မှာ ခုချိန် အိပ်ရာ ထတဲ့ အချိန် ထမင်း ဘယ်လို စား၀င်မလည်းတဲ့..
အခု ၉နာရီ ဖြစ်ပြီ မီးမလာသေးတော့ ဗိုက်ဆာတယ် အော်နေတာ.လူ.ကြားမကောင်းအောင်...
မမ်မှာ အိမ်ရှေ့ ခဏ ထွက်ထိုင် တာ သူတစ်ခါအော် အခန်းထဲ တစ်ခါ ပြေးပြီး ကြည့်ရတာ ခြေထောက်ညောင်းလာပြီ…
ဆေးသောက်တာ နောက်ကျမှာ စိုးလို့..စားဖို့ပြောပြန်တော့လည်း…မဟုတ်..။
အိမ်ရှေ့ ပြန်ထွက်ထိုင်နေပေမဲ့..သူ ဗိုက်ဆာနေတယ်ဆိုတဲ့ အသိကြောင့် မမ်မှာ ပြန်ထ မိပြန်သည်..။
မီးကလည်း ည ၆နာရီ က မနက် ၆နာရီ ထင်ထားတာ..အခု တစ်ရက်ခြားမီးလား ဘာလား..တစ်ည လုံးမလာ၇င်တော့ zi တကယ် အငတ်နေမလား မပြောတက်..။မဖြစ်သေးပါဘူး…။
မမ် ဖယောင်းတိုင်ကိုင်ရင်း မီးဖိုချောင် ၀င်လာခဲ့သည်..။
ထမင်း ပန်းကန်ထဲ ထမင်းက နွေးရုံပဲ ရှိတော့သည်..ကောင်းတယ် ဒါပဲစားပါစေ…
ပန်းကန်ထဲ ဟင်းပုံ ထည့်ပြီး ဇွန်းတက်ခါ လက်တစ်ဖက်တည်းနဲ့ ဖယောင်းတိုင်ရော..ထမင်းပန်းကန် ရော တွဲကိုင်ရသည်..ကျန်တဲ့ တစ်ဖက်က သောက်ရေခွက် ကိုင်ပြီး..အခန်းထဲ၀င်လာတော့..ကိုယ်တော်လေးက..ကုတင်ပေါ်မှာ ခြေချိတ်ပြီး မျက်လုံးမှိတ်နေတာ အခန့်သား..ကမ်းခြေမှာ အနားယူနေသလိုလို..မီးရောင် မှိန်မှိန် အောက်မှာတောင် မျက်တောင်ရှည်တွေကလည်း…မနာလိုစရာကောင်းလိုက်တာ..
ဖယောင်းတိုင်ကို ကုတင်ဘေးက စားပွဲခုံ သေးသေးပေါ်တင်လိုက်ပြီး..ရေခွက်ပါ တင်လိုက်သည်..။
“zi…ထ ထမင်းစားဖို့…”မမ် ပြောလိုက်တော့ ဘယ်လောက်တောင် ဆာနေလည်း မသိ ချက်ချင်း ငုတ်တုတ် ထထိုင်သည်..။
“ဟာ…ဘာလည်း..မီးမှ မလာသေးတာ.. “..zi က ကုတင် ပေါ်ပြန်လဲချတော့ဖို့ ပြင်နေတော့ မမ် မှာ လက်တစ်ဖက်နဲ့ အမြန် ဆွဲထားရသေးသည်…။
“မီးက တစ်ညလုံး မလာဘူးတဲ့..တစ်ညလုံးမစားပဲနေမလို့လား ဆေးလည်းသောက်ရအုံးမယ်ု..”
“Zi မစားတက်တာ..ဘယ်လိုစားမလည်း..”မမ် ကပန်းကန် ကို လက်ထဲ ထည့်ပေးရင်း
“ဇွန်း နဲ့ ကပျာ စားလိုက်ပေါ့….လိမ်မာတယ်မလား…”
”မလိမ်မာဘူး..မစားတက်တာ ကို အတင်းစားခိုင်းနေတယ်..ဒီည မစားတော့ဘူး..ဒီတိုင်း အိပ်လိုက်တော့မယ်…”ပြောရင်း ကုတင်ပေါ် ပြန်လဲ ချလိုက်ပြီ..
“ထခု…Zi မစားတက်ရင် မမ် ခွံ့ပေးမယ်..ဝါးရုံပဲဝါး..ဘာပါလည်းဆိုတာ ဖယောင်းတိုင်နဲ့ ထိုင်ကြည့်နေ…”
Zi က လေးလေးကန်ကန် ထလာရင်း လက်နှစ်ဖက် ဆန့်ပြီး သမ်း လိုက်သေးသည်..။
“မမ် ဖယောင်းတိုင်အောက်ကိုလာ…” “ရပြီလား…””အင်း…”
တကယ်ကို ဇွန်းနဲ့ ခတ်တိုင်း ဘာတွေပါလည်း လိုက်ကြည့်နေတာ မျက်တောင်ခတ်ရဲ့လား မသိ..။
မမ် အမြင်ကပ်လာလို့ ဟင်းဖက်မပါပဲ..ထမင်းနဲ့ ဟင်း အနှစ်တွေထည့်ပြီး ခွံနေတာ တော်တော် ကြာပြီလေ…။
“မမ်…ငါးလည်း မပါဘူး…” Zi အစကဒီ တစ်လုပ်မို့ မပါတာ..
နောက်တစ်လုပ်လည်း ဟင်းဖက်ပါမလာ.အခုက ၅လုပ်မြောက်ပြီ..
“ဟုတ်လား..Zi က ထမင်းကို ကြည့်နေတော့ မမ် လည်း သတိထားပြီး မကြည့်တော့တာ..”
“zi က ပိုးကောင်တွေ ပါသွားမှာ စိုးလို့ ကြည့်နေတာ..အခု တစ်လုပ် ဟင်းချည်းပဲကျွေး..”
အစကတော့ အမြင်ကပ်ပေမဲ့..ပိုးးကောင်ပါမှာ ကြောက်လို့မှန်းသိရတော့ သနားမိသလိုလို..
“ရော့…”ဟင်းချည်းပဲ စားလိုက်ရတော့ မျက်နှာက မှိုရတဲ့ ရုပ်မျိုး..တကယ့်ကလေးဆိုးလေး..။
ကိုယ့်မှာ ယောင်္ကျားရရင် ထမင်းခွံကျွေးခိုင်းမယ်လို့ ကို ကို ခဏခဏ ပုန်ကန်ပြောခဲ့ ပေမဲ့..အခုတော့ ကိုယ်က ပြန်ခွံနေရတာ…ကလေးများ မိခင်သကဲ့သို့…။
Zi ထမင်းခွံကျွေးတာ မစားရတော့တာ..ဘယ်တုန်းကတည်း ကလည်း မှတ်တောင်မမှတ်မိတော့..
၈တန်း အရွယ်က ရည်းစားထားတက်နေတော့ မာမီ ကျောင်းလိုက်ပို့တာတာင် မကြိုကက်ဘူး..ဆော်တွေက မခန့်မှာ စိုးလို့..
ကလပ်မှာလည်း..တစ်ယောက်ယောက်က ကိတ်ခွံကျွေးမယ်ဆိုရင်တောင် မစားဖြစ်ဘူး ကလေးဆန်လို့..။
ဆေးရုံ ဆေးခန်းရောက်တောင် ကိုယ်လက်နဲ့ပဲ ကိုယ်စားလိုက်သည်..။
အခုတော့ မမ် ခွံကျွေးတာ စားနေတာ မှန်လား မှားလား မသိ..ဒါပေမဲ့ ဟန်ဆောင်မှု ကင်းလို့ စိတ်သက်သာသည်..နောက်မှ မခန့်လေးစား ကလေးလို ဆက်ဆံလာရင်တော့ ဒုက္ခတွေ့ပြီ..။
“မမ်…တော်ပြီ…” “နည်းနည်းလေးပဲကျန်တာကို..စားလိုက်ပါ..ပြီးရင် ဆေးသောက်မှာလေ..”
“အဲဒါ ဆို ကိုယ့်လက် နဲ့ ကို စားလိုက်မယ်..မမ် လက်ညောင်းနေပြီမလား..”
“မညောင်းပါဘူး…ရတယ်..ဟ…” zi ပါးစပ် မဟပေးတော့ မော့ ကြည့်တဲ့ အခါ မျက်လုံးချင်းဆုံမိသည်…။
မမ်ကို မျက်လုံးပြာလေးတွေနဲ့ ငုံကြည့်နေတဲ့ zi…မမ် စိုးရိမ်သွားသည်..။
“အင်း..ဗိုက်၀ ရင်လည်း မစားနဲ့တော့လေ..ရေသောက်ပြီး ခဏ ထိုင်နေ..မမ် ဆေးထုတ်ပေးမယ်…အိတ်ထဲမှာပဲ မလား…”
“အင်း…ပန်းကန်တွေ zi ယူခဲ့မယ်..မမ် ဖယောင်းတိုင်ယူခဲ့....”zi က မမ် လက်ထဲက ပန်းကန်ကို ယူလိုက်ပြီး ထတော့ မမ်လည်း ခုံပေါ် က ဖယောင်းတိုင်ကို သတိထားကိုင်ရသေးသည်..မီးစာက သေးလိုက်ကြီးလိုက်မို့
“မမ်…ရှေ့ကသွားလေ…Zi ဘာမှ မမြင်ရဘူး….”သတိထားနေရတဲ့ ကြားက zi ကစကားများနေတော့
“မမ် ရှေ့က သွားရင်ရော zi မြင်မလား..မြန်မြန် မသွားနဲ့လေ.မမြင်မစမ်းနဲ့ .စောင့်အုံး..လေ…”
Zi စိတ်မရှည်တာနဲ့..မမ်ရဲ့ လက်ကို လက်တစ်ဖက်က ကိုင်ပြီး သွားလိုက်တော့ မီးဖိုချောင်ရောက်သွားတာ ခဏလေးရယ်…ဒါပေမဲ့…zi မီးဖို အနားရောက် မမ် က ရေအိုးစင်နားအရောက်မှာ..
“ဟာ….ဖယောင်းတိုင်က ကုန်သွားတာလား…”အရာ အာလုံးမှောင်မဲသွားတော့..လူရှိမယ်ထင်တဲ့ နေရာကို မမြင်ပဲ ရမ်းပြောနေရသည်..။
“မဟုတ်ဘူး..လေတိုက်လို့လား မသိဘူး..”မမ် လက်နဲ့ စမ်းပြီး မှန်းရင်း…အရှေ့ဆက်လာသည်..။
“အဲဒါဆိုလည်း ပြန်ထွန်းလိုက်လေ…မမ်ရယ်..ဘာလို့ကြာနေတာလည်း..”
“ဟ….ဘာကြီးလည်း…””မမ် ပါ…””အဲဒါက ဘာလုပ်နေတာလည်း”” မီးခြစ်စမ်းနေတာလေ..မီးဖိုဘေးနားက တန်းမှာတင်ခဲ့လို့…..”
“ဟုတ်ပါပြီ…zi ပဲ လှမ်းယူလိုက်မယ်…လက် ကငြိမ်ငြိမ်လေးနေ..ဟုတ်ပြီလား..မိန်းကလေး လက်တဲ့ ကြမ်းလိုက်တာ…အသားတွေတောင် ပဲ့ ကုန်ပြီလား မသိဘူး..ကြောက်စရာကြီး…”zi သူရောက်နေတဲ့ မှန်းပြီး လက်ကမ်း လိုက်တော့ တန်းပေါ်ရောက်ပြီ..နည်းနည်းရှေ့တိုးလိုက်တော့ မီးခြစ်ရသည်..။မီးခြစ်ခြစ် လိုက်တော့ မမ် က သူထင်တဲ့ နေရာမှာ မရှိ…နောက်ကို ကြည့်လိုက်တော့…….
“အား…………” “ဟား…ဟား….လူမိုက်လးဆိုပြီး…..ကြောက်တက်လိုက်တာ…Zi ရယ်….သနားစရာ..”
မမ် က ziူကို လှောင်ပြီး ရယ်တော့ နည်းနည်း စိတ်တို သွားသည်..မီးခြစ်ကို ယူပြီး..အိမ်ရှေ့ခန်းကို အသာလေး ထွက်လာခါ…မမ် ခေါ်နေတာ အသံမပေးပဲ..ထားခဲ့လိုက်သည်..။
“zi….စိတ်ဆိုးသွားတာလား…မီးခြစ်ပေးလေ…ဘာလည်း..ကလဲ့စားပြန်ချေတာလား..မမ်က မကြောက်တက်ဘူးနော်…….zi….” မမ် စမ်းလာရင်း..မီးဖိုခုံကို ခြေထောက်နဲ့ တိုက်မိပြီး…နာကျင်မှုကြောင့် ခြေသည်းလန်သွားပြီဆိုတာ သိလိုက်ပေမဲ့ ဘာမှ ထပ်မပြောတော့…zi ဆိုတာ လက်စားမချေရရင် ပြီးမှာမဟုတ် တဲ့ သူဆိုတာ မမ် သိလိုက်သည်…။
မမ် မီးဖို ပြတင်းပေါက်နားစမ်းသွားပြီး တံခါးဖွင့်လိုက်သည်…မြင်နေကျ နေရာမဟုတ်ပေမဲ့ ကြယ်လေးတွေကတော့ စိတ်ကို သက်သာအောင် ကုစားပေးတာပဲမလား…။
Zi ထိုင်နေတာ ၁၀မိနစ် လောက်ရှိပြီ မမ် ဆီက စကားသံ မကြားရဘူး..သူ မကြောက်တက်တာ..လူသိအောင်လို့ကြွားချင်နေတာလား..Zi အစတုန်းကတော့ ပေထိုင်နေမလို့ပဲ မှောင်နေတာ မကြိုက်တာနဲ့…မီးဖိုခန်းပြန်ရောက်လာတော့ မမ် က ပြတင်းပေါက်နားမှာ…
Zi မမ် အနောက်ကနေ ရပ်ပြီး..”ဖယောင်းတိုင်ပေးမမ်…ဘာလည်း..စိတ်ဆိုးပြတာလား..မချော့တက်ဘူး”
“မဆိုးပါဘူး..ရော့..ကောင်းကင်ဆိုတာ ဘယ်က ကြည့်ကြည့် အတူတူပဲနော်..်”
“နောက်မှ တစ်ညလုံး ဆက်ကြည့်..မမ် ဆေးထုတ်ပေးအုံး…ရေလည်း ခပ်လာအုံး…”
မမ် အိတ် နားမှာ ထိုင်ပြီး..အပေါ်ဆုံး အိတ်ကို ဖွင့်လိုက်တော့ t shirt နှစ်ထည် က ဆေးအိတ်အောက်မှာ..
“Zi..ဒီအကျီ င်္တွေ ဘယ်သူဟာလည်း..မမ် ၀တ်လို့ရလား…ဂါ၀န်က ၂ ရက်တောင် ရှိနေပြီ….”
“အင်း…၀တ်ချင်လည်း..၀တ်ပေါ့..ဘယ်သူဟာလည်းတော့ သေချာမမှတ်မိတော့ဘူး…”
Zi ဆိုတာ အဲလိုလူမျိုး…ဒီလိုလူကို ယောင်္ကျား တော်ရမယ်တဲ့ လေ….။
Zi ထုတ်သောက်တဲ့ ဆေးတွေကို မမ် မှတ်ထားလိုက်သည်…။ပြီးတော့ အိတ်ထဲ ပြန်ထည့်ရင်း..တစ်ခါမှ မ၀တ်ဖူးတဲ့ တီရှပ် တစ်ထည် ထုတ်ပြီး..အခန်းထဲမှာ ၀င်လဲလိုက်သည်..အပွ ၀တ်နေကျမို့ ၀တ်ရတာသိပ် အဆင်မပြေလှ..။
Zi အကျီ င်္ ကို မမ် တွေ့အောင်လို့ ဆေးထုပ်အောက်မှာ တမင်ထည့်ထားရတာ ညနေ ကတည်းက…
ဘယ်မိန်းကလေးကိုမှ..အဲလိုစဉ်းစားပြီး စီစဉ် ပေးတာတွေ လုပ်မပေးခဲ့ဘူးပဲ အခုမှ အရူးလို အားလုံးခေါင်းထဲ ထည့်ထားတဲ့ ကိုယ်ကိုယ်ကို လည်းဒေါသထွက်မိသည်..ဒီလောက်၀တ်စေချင်လို့ တကူးတက ဆင်တူတွေ ၀ယ်လာတာ…ဘယ်သူ့ဟာလည်းဆိုတော့ ဘယ်လို ပြန်ဖြေ ရမလည်း..။
မမ် အခန်းထဲ ၀င်သွားတုန်း..Zi လည်း အ်ိတ်ထဲက ကျန်တဲ့ အကျီ င်္တစ်ထည် ယူပြီး လဲလိုက်သည်…။
မနေ့ က နေရာမှာပဲ အိပ် ဖို့ ပြင်ရတော့တယ်..လူက ဆေးသောက်ပြီးတာနဲ့ အိပ် ချင်လာရော…။
.
မမ် အခန်းထဲက ထွက်လာတော့ အခန်းနံရံကို ကပ်ပြီး အိပ်နေတဲ့…zi ကိုတွေ့ရသည်..။
“zi..အခန်းထဲ…၀င်အိပ်လေ…””ဘယ်မှာလည်း အိပ်ဖို့ နေရာ…”Zi တစ်ဖက်လှည့်ကွေးပြီးပြောလိုက်သည်..။
“ကုတင်ပေါ်မှာအိပ်ပေါ့…” မမ် ကပြောရင်း..zi အနားမှာ ထိုင်ချလိုက်သည်..။
“မမ် က အနစ်နာခံပြီး အပြင်ထွက်အိပ်မယ်ပေါ့…zi..ကတော့ လူဆိုးလုပ်ပေါ့..အဲလိုလား..”
“မဟုတ်ပါဘူး မမ် လည်း ကုတင်မှာပဲ အိပ်မှာ..အခင်းအပို စောင်အပို မှ မရှိတာ..”
“မမ် ပြောတော့ တူတူ မအိပ်နိုင်ဘူး..တရားတော်..ဘာဖြစ်လို့..ညာဖြစ်လို့ဆို…”
“ဟိုလို ကိစ္စ တွေကို ပြောတာ အခုလို တစ်ကုတင်တည်း အိပ်တာကို ပြောတာမဟုတ်ဘူးလေ..”
မမ် ပြောရတာ မျက်နှာပူပေမဲ့ ရှင်းပြရသည်..မဟုတ်လို့ စိတ်မထင်ပဲ အပြင်မှာ အိပ်ရင် နေမကောင်းဖြစ် ထားတာက သူ…..။
“အား………zi လွှတ် လွှတ် ထ ….”zi မှာ အိပ်ယာထဲ ၀င်ပြီး အစွန်နားတိုးပြီးအိပ်တာ အိပ်ပျော်ခါစ….အော်လိုက်တော့ လူက ခေါင်းထိုးကိုက်သွားသည်..။
“ဘာဖြစ်တာလည်း….မမ်….”..မမ် က ခေါင်းပေါ်လက်နဲ့ ဖိပြီး….
“Zi…ထပ်ဖိ ထားတာ မမ် ဆံပင်တွေ…”zi ဖယောင်းတိုင်မီးကြောင့်သေသေချာချာ ငုံ့ကြည့်ရသည်…တကယ်လည်း..မမ် ဆံပင်တွေက ရှည်တော့ ကုတင် အစွန်းနာတောင် ရောက်နေတာ သတိမထားမိ..တက်ဖိတုန်းက မသိပဲ Zi အစွန်းဘက်တိုးလိုက်တော့ ဆောင့်ဆွဲ သလို ဖြစ်သွားတာ ထင်သည်…။
“sorry..မမ် ကလည်း..ကိုယ်ဆံပင်တွေ ကိုယ်ယူထားပါလား…ကုတင်တစ်ခုလုံးပြည့်နေတယ်…လာအိပ်ဖို့လည်း..ခေါ်သေးတယ်..ကုတင်တစ်ခုလုံးလည်း..သူပဲ သိမ်းထားတယ်..”zi ပြောရင်း..သူ့ဘက်ရောက်နေတဲ့ ဆံပင်တွေကို စုပြီး “ဟိုဘက်သွား ဆိုပြီး..”ဟိုဘက်ခြမ်း ခတ်ထုတ်လိုက်သည်..။
မမ် ကလည်း “လာ ဒီဘက်ကို..” ဆံပင်တွေ အကုန် ပြန်စုပြီး..အရှေ့ဘက်ကို ချကာ ပြန်အိပ်လိုက်သည်..။
မိန်းကလေးတွေဆို အိပ်ခါနီး ကျစ်ဆံမြီး ကျစ်အိပ်တာ..သူကျမှ အထူးအဆန်း…ဖွာလန်ကြဲပြီး…။
.
Zi အိပ်ယာနိုးတော့ ဘေးကို ကြည့်တာ မမ် က မရှိ…
အတူတူနေခွင့်ရရင် ဆိုပြီး..စိတ်ကူးတွေ ကြိုယဉ် ခဲ့ ဘူးတယ်..မမ် ဘေးမှာ အိပ်ခွင့်ရရင် မမ် အိပ်နေတာလေး တ၀ ထိုင်ကြည့်မယ်လို့ တွေးထားပေမဲ့..ည ၉ နာရီ က အိပ် တာ မနက်၉ နာရီ အထိ တစ်ချက်တောင် မနိုး…ဆေးသောက်ပြီးတိုင်း ဒီလိုပဲ..အမြဲဖြစ်နေတော့ ဆေးတောင် မသောက်ချင်တော့…။
မီးဖိုခန်းမှာလည်း..မမ် ကမရှိ…zi စိတ်ပူပြီး..ကုတင်အောက် အမြန်ပြေးကြည့်သည်…။မမ် ပုဝါ က ကုတင် အောက်က ထောင့်ဆုံးမှာ အကျအန..ပုဝါ မပါရင် ဘယ်မှ မသွားဘူးဆိုတာ zi သိလို့ မနေ့ကတည်းက ဖွတ်ထားလိုက်တာ…ကိုယ့် မျက်ကပ်မှန်လည်း..သူယူထားတာပဲလေ…။
ဗိုက်ဆာလာလို့ မီးဖိုချောင် လှန်လော ရှာတော့ လည်းဘာမှမတွေ့ အိမ် ကိုသတိရလာသည်..အိမ်မှာ ဆို ဘယ်အချိန် ၀င်သွားသွား ခုံပေါ်မှာ က စားစရာ အပြည့် မဟုတ်လား..အခုတော့ ရေတစ်ခွက်သောက်ပြီး ထိုင်နေရတာ လူက စိတ်မရှည် ချင်တော့…။
မီးဖိုကို မီးမွှေးပြီး ခေါက်ဆွဲပြုတ်စားဖို့ စီစဉ်လိုက်သည်။..ကမ်းးခြေသွားတုန်းက မီးမွှေးခဲ့ဖူးပေမဲ့…အခုလောက် မခက်ပါဘူး..zi မျက်လုံးထဲ မီးခိုး၀င်ပြီးမျက်ရည်တွေ ကျလာတော့…မျက်လုံးကဝါး..အသက်ရှုတဲ့ လေတွေပါ စပ်ပြီး..နေရတာ မသက်သာ…။
“ဟယ်….ဘာတွေလုပ်နေတာလည်း…zi…”မီးဖိုခန်းထဲ အိတ် တစ်လုံးဆွဲပြီး ၀င်လာတဲ့ မမ် ..zi အနွေးထည် ခေါင်းစွပ်နဲ့ zi ဦးထုပ် ကို ယူ၀တ်သွားတာ.ပဲ…ဘယ်အချိန်ထပြီး ဘယ်လိုတွေ မွှေထားလည်း မသိ..။
“ဗိုက်ဆာတာ စားစရာ မရှိလို့လေ…ခေါက်ဆွဲပြုတ်မလို့ မိန်းမ တော်ချက် ယောင်္ကျားလုပ်သူ မျက်ရည် ကျခံပြီး…ကိုယ်စားဖို့ ကိုယ်လုပ်နေရတယ်..”zi က မျက်လုံး ကို လက်ခုံနဲ့ သုတ်ရင်းပြောတော့..မမ် ရယ်ချင်မိပေမဲ့ မြိုသိပ်လိုက်ရသည်…သူ့ စိတ်က လွယ်တာ မဟုတ်ဘူး..။
မမ် မနက် အစောကြီး နိုးပြီး..ဖဂျဟ်(နေမထွက်ခင် ၀တ်ပြုမှု) ပြီးကတည်းက စျေးသွားဖို့။
တစ်အိမ်လုံးပုဝါ ရှာတာ ဘယ်မှာ မှ မတွေ့ zi ကို နိုးပြီး မေးဖို့ကလည်း သူ့မှာ ဆေးသောက်ပြီး အိပ်နေရတာမို့ မနိုးရက်…၊
ပုဝါမပါရင် ဘယ်မှ မသွားတက်တာမို့ အိမ်ရှေ့ ထိုင်လိုက်..ခြံအောက် ဆင်းလိုက် လုပ်နေပေမဲ့..လူက ဟင်းချက်ဖို့ မရှိမှာ စိတ်ပူနေရသည်..မနေ့က နောက်ကျလို့ စျေးထဲမှာ ဘာမှ သိပ်မတွေ့ အရွက် ကြော်ပေးတော့ ပြုတ်ထားသလိုကြီး ဆိုပြီး..ငါးသေတ္တာ တစ်မျိုးတည်းနဲ့ စားပြီး မနက်ရော ညရော ထမင်း ကုန်အောင်မစား…တဲ့..zi ကြောင့်လေ..။
သူ အိတ်ထဲက ဆေးထုတ်အောက်မှာ အနွေးထည် တစ်ထည် တွေ့ ထားတာနဲ့ ဒါပဲ ယူ၀တ်ပြီး အောက်က ဦးထုတ်ခံ၀တ် ခေါင်းစွပ်ပြီး သွားလိုက်သည်..။အဓိက က ဆံပင်မပေါ်ဖို့မလား..။
“ဖယ်…မမ် လုပ်ပေးမယ်…နန်းကြီးသုပ် ကို အသားမပါ ပဲ ၀ယ်လာတယ်..စားမလား..ခေါက်ဆွဲပြုတ်ပဲ စားမလား..”zi က မမ် လက်ထဲက အထုပ်ကို ယူပြီး တစ်ခုစီ ထုတ်ချ တော့သည်..။
“ပေါင်မုန့်လည်း..ပါလာတာပဲ..ဒါပဲစားမယ်..ကော်ဖိပဲဖျော်ပေးတော့...”လက်ထဲက ပေါင်မုန့် ထုပ်ကိုဖောက်ရင်း အိမ်ရှေ့ခန်းထွက်သွားတာ နောက်ကို လှည့်တောင်မကြည့်..။
“ရော့…ရပြီ…”မမ်..လှမ်းပေးတဲ့ ခွက်ကိုယူပြီး..မကြည့်ပဲ မော့သောက်လိုက်တာ..ဗိုက်ထဲ တစ်ချို့ ရောက်ကုန်ပြီ..အေးအောင် လုပ်တာလို့ တော်သေးတယ်လို့ မမ် တွေးနေတုန်း..
“မမ်…ဒါဘာတွေလည်း..ကော်ဖီလို့ပြောတာ..ဘာလို့ နို့တွေ ဖြစ်နေတာလည်း..”
“ဒါက ပိုစျေးကြီးတာနော်..zi ကော်ဖီတွေ အရမ်းသောက်လွန်းတယ်..ဒီနေ့တော့ ဒါသောက်လိုက်”
“ဘာလည်း…အမိန့်လာပေးနေတာလား…မကြိုက်တာကို…အားနာပြီး မြိုမချတက်ဘူး..”
ခွက်ကို ပြတင်းပေါက် တစ်ဆင့် သွန်ချနေတာ..တစ်ချက်တောင် ရုပ်မပျက်..။
“ကော်ဖိလည်း..မသောက်ဘူး..ဒါလည်း..မသောက်ဘူး..အိုခေ..”
မမ် ရေအိုးစင်မှာ တင်ခဲ့တဲ့ ခွက်ကိုပြန်သွားယူရသည်....။သူဒီလို တွေ လုပ်မယ်လို့ မတွေးခဲ့ပေမဲ့ မကြိုက်ဘူးဆို..အဆင့်သင့် ဖြစ်နေရအေင်လို့ပါ..ဒါတွေက စေတနာ..အဖြူသန့်သန့်…။
“ရော့…”ဒီတစ်ခါတော့…zi က ခွက်ကို သေချာကြည့်ပြီး…မမ် ကိုမော့ ကြည့်လိုက်တာသိပေမဲ့..မီးဖိုခန်းထဲ ၀င်လာခဲ့လိုက်သည်..။
မမ် ထမင်းအိုး မွှေနေတော့…zi က ကော်ဖိ ခွက်ကို ကိုင်ပြီး ေ၇တိုင်ကီ ဆီေ၇ာက်သွားသည်..။
“zi…ထားခဲ့ လိုက် မမ် ဆေးလိုက်မယ်..အမိန့်ပေးတာ မဟုတ်ဘူးနော်..ရေတွေ ကုန်လို့..”
“ရေနဲ့ ဆေးမှတော့ ရေကုန်မှာပေါ့ မကုန်ချင်ရင် သဲနဲ့ ဆေးလေ..”
“ရေကုန်တာ အကြောင်းမဟုတ်ဘူး..ရေခပ်ရတာ ပင်ပန်းတယ်..zi လည်း ခပ်နိုင်တာ မဟုတ်ဘူး..”
“ဘာလို့ အပိုတွေလုပ်နေတာလည်း..နားကို မလည်ဘူး..ခလုပ်ဖွင့်ရင် ရေရောက်တာတယ်..”
“ဘယ်မှာလည်း..မီး…၃ရက်ပျက်မှာတဲ့..သုံးရက် လုံး ခပ်သုံးရမှာ…”မမ် အသံနည်းနည်းမြှင့်ပြီးပြောလိုက်မှ..
‘မေ့သွားလို့..မအော်ပါနဲ့ မမ် ကလည်း…မနက်စောစော အကန်တွေချည်း..ပစ်နေတယ်..”
အိမ်ပေါ်ရောက်ကတည်းက အမျိုးမျိုး အပြစ်ရှာနေတာ..သူ မဟုတ်ပြန်ဘူး…။
“မမ် ပင်ပန်းနေတာလား..zi နှိပ်ပေးရမလား…”.မမ် ရဲ့ ပခုံးပေါ် လက်တင် ပြီး.. အနောက်ပြောနေတာ နီးနီးကပ်ကပ်..zi က အရပ်လည်း ရှည်နေပြန်တော့ မမ် တစ်ကိုယ်လုံးက သူ့ရင်ခွင်ထဲရောက်နေသလို..
“zi….အမိန့်ပေးတယ် သဘောမထားပဲ မမ် ပြောတာ သဘောပေါက်အောင် နားထောင်ပေးနော်…မမ်တို့ အတူတူနေမယ်ဆိုအလုပ်တစ်ခုလုပ်မှရမယ်..မိဘတွေဆီကလက်ဖြန့်တောင်းစရာမလိုဘူး..ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမဲ့ အချိန်ရောက်ပြိ..မမ် က Zi ကို အလုပ်တစ်ခု လုပ်စေချင်တယ်..မမ် ဆီမှာ ပိုက်ဆံအိတ် တောင်မပါခဲ့ဘူး..zi ပိုက်ဆံအိတ်မှာလည်း သောင်းဂဏန်းလောက်ပဲကျန်တော့တယ်..zi မလုပ်ချင်ဘူးဆိုရင် မမ် လုပ်မယ်လေ..နော်..”မမ် အလေးအနက်ထားပြောလိုက်ပေမဲ့ သူ့နားထဲ အ၀င်ဆိုးနေမလား..။
Zi မာမီ ပြောခဲ့တာ သတိရသွားသည်..မာမီ ဆီက တောင်းဖို့ မဖြစ်နိုင်..zi မာနက ခွင့်မပြု..။
“အင်း..လုပ်တာပေါ့ ဘာခက်လည်း..ဆိုင်ကယ်မောင်းတက်တာပဲ..ဆိုင်ကယ်ငှားပြီး တက္ကစီမာင်းမယ်…”
“မလုပ်ရပါဘူး..တစ်နေကုန် နေပူထဲမှာ..ပြီးတော့ လူပေါင်းစု့ံနဲ့..Zi က စ်ိတ်ကလည်း ရှည်တက်တာ မဟုတ်ဘူး.”
“အဲတာဆို ဘာလုပ်ရမလည်း..zi လုပ်တက်တာ ဆိုင်ကယ်မောင်းတာ တစ်ခုပဲရှိတယ်..သူများဆိုင် မှာလည်း..မလုပ်ချင်ဘူး..”Zi လက်ကိုဖယ်ပြီး မမ် ပခုံးပေါ် မေးတင် ထားလိုက်သည်..။
“zi…အင်္ဂလိပ်စာ နည်းနည်းပါးပါး ရတယ်မလား..””မရဘူး..ကျောင်းထွက် ထားတာ”
“မရလည်း…ရတယ်…၁တန်း..အင်္ဂလိပ်စာတော့ ရမှာပေါ့..I am kyaw kyaw..ဘာညာ..”
မမ် ဘာပြောတာလည်း မသိပေမဲ့ zi ခေါင်းညိမ့်လိုက်သည်..။
“မနက်ဖြန်..စျေး ဘေးက ကျောင်းကို သွားရမယ်..zi အဲမှာ ကျောင်းဆရာလုပ်ရမယ်..”
“ဘယ်လို…ဘယ်လို…”Zi နားကြားများမှား နေသလား..။
“မမ် မနက်က စျေးသွားတော့ စျေးထဲမှာ ကျောင်းအုပ် ဆိုတဲ့ လူက စျေးသည် ကိုပြောနေတာ ကြားတာ.. ဆရာမ ခွင့်ယူထားလို့ စာသင်ဖို့ လူလိုနေတယ်တဲ့..လခ ကလည်း ၇သောင်းတောင်ရမှာ....Zi နဲ့ကလည်း..အဆင်ပြေတယ်..နေရိပ်မှာပဲလေ....အိုခီ..” Zi မျက်ခုံးစု သွားသည်..သူများ အိုခီ သူ့ဆီ ရောက်သွားပြန်ြ့ပီ..။
မလုပ်ဘူးလို့ ဆုံးဖြတ်ထားပေမဲ့..မမ် လက်က ပခုံးပေါ်မှာ မေးတင်ထားတဲ့ Zi ပါးကို ကိုင်ခါ…နော်လို့..ဆိုပြီး ဖြစ်လာတော့ ဒီလူလည်း..မခံ့စားနိုင်..အဲဒါကြောင့်မယားပြောရင် တစ်ညတဲ့ Zi ကတော့ တစ်ခဏပါဆို။
.စာပိုဒ်ကလည်းရှည်တယ်
.
အပိုင်းဆက်လည်းရှည်မှာမို့...
အားမပေးကြတော့မှာစိုးရိမ်မိတယ်..😭
အခုမှ စရေးဘူးတာမို့လို့..အမှားပါရင် ခွင့်လွှတ်ပေးပါ နော်..
စာလုံးပေါင်းတွေလည်း မမှန်ရေးလည်း မရေးတက်သူမို့ သဘောထားကြီးပြီး သည်းခံ ဖတ်ပေးကြပါ..
တစ်ယောက်လောက် ဖတ်တယ်ဆိုရင်တောင်ကျေနပ်ပါတယ်လေ..
ကျေးဇူးအထူးပါ ..❤အပေါ်က # လေးကိုနှိပ်ပြီး bitterlove ကိုဖတ်ချင်ဖတ်လို့ရပါတယ်နော်..ရှာရခက်မှာစိုးလို့ပါ..wallထဲမှာလည်းရှိပါတယ်..
Groups က အက်မန်တွေကိုလည်း ခွင့်တောင်းပါတယ် တင်ခွင့်ပြုပါနော် 😍
CITEȘTI
Bitter Love
Alteleပြောင်းလဲချင်တိုင်း ပြောင်းလဲပေးရအောင် ကိုယ်က သူ့အတွက် ကစားစရာလား Zi ဆိုတာ ဘယ်လိုလည်း သိဖို့လိုနေပြီ..မမ်" မမ် တကယ့် မေတ္တာ စစ် နဲ့ စေတနာ က လူတစ်ယောက်ကို ပြောင်းလဲနိုင်တယ်" အချစ်ဆိုတာ ကို ကစားစရာ လို့ ယုံကြည်ထားတဲ့...ရုပ်ချောပြီး..ပွေရုှပ်တက်တဲ့ ကော...