ကိုယ့် ရဲ့ ရှင်းချန် - ၎

1.9K 193 14
                                    

Zawgyi

ရှင်းချန် ရွှယ်ယမ့်အိမ် ရောက်တဲ့ ရက်မှစ
ရွှယ်ယမ်တယောက် ကျောင်းကို အိမ်ကားဖြင့်
မသွားတော့ပေ။

ရှင်းချန် စက်ဘီးဖြင့်သာ ကျောင်းအသွားအပြန်
လုပ်သည်

ကျောင်းအသွားရော အပြန်ပါ ရှင်းချန်စက်ဘီး
နောက်က လိုက်စီးသည် (ခါးကိုင်၍)

"ရှင်းချန် ခါးက သေးသေးလေး"

"ကျစ်  ရွှယ်ယမ် မင်းလက်ကိုငြိမ်ငြိမ်နေစမ်း
စက်ဘီးမှောက်ရင် ငါမသိဘူးနော်"

ရွှယ်ယမ်က ခါးကို ရိုးရိုးကိုင်ခြင်းမဟုတ်

တခါတလေ ပွတ်သီးပွတ်သပ်လုပ်ပြီး
တခါတလေ ခါးကို ညှစ်တတ်သေးသည်

သင်သိပါသလား…skinshipသည် လူနှစ်ယောက်အား ပိုရင်းနှီးစေတယ်ဆိုတာ..:p

ညပိုင်း စာလုပ်ချိန်ပီးတဲ့အခါ အမြဲတမ်း
ရှင်းချန် ရွှယ်ယမ့်အခန်းမှာသာ အိပ်ဖြစ်ခဲ့သည်

ရှင်းချန်က နှိုးစက်မလိုဘဲ နိုးတတ်သူမို့
ရွှယ်ယမ့်ကို မနက်ပိုင်း အိပ်ရာနှိုးပေးရတဲ့
တာဝန်က ထမင်းချက်အဒေါ်ကြီးဆီကနေ
ရှင်းချန်ဆီ အလိုလိုရောက်လာသည်

အကယ်၍ ရှင်းချန်သာ ကိုယ့်အခန်းကိုယ်
ပြန်အိပ်ပါက ထို အကြောင်းပြချက်နှင့်ပင်
ရွှယ်ယမ်က ရှင်းချန်အခန်းထဲထိလိုက်ပီး
အတူအိပ်ပါလိမ့်မည်

"ကျစ်…ခါးကို ညှစ်မနေနဲ့…မင်းငြိမ်ငြိမ်ထိုင်မလိုက်နိုင်ရင် ဆင်းကွာ"

"ဟက်…ဟုတ်ပါပီ…မစတော့ဘူး…ကိုယ့်ကို အားယမ်လို့ ခေါ်ရင်ပေါ့"

ရှင်းချန်က မျက်မှောင်ကျုံ့ပီး အလိုမကျစွာဆိုပါသည်

"ဘာလဲ နာမည်ခေါ်တာ မကြိုက်လို့လား…"

"မဟုတ်ပါဘူး…ဒီတိုင်း  ကြားချင်လို့…
ကိုယ် ကျောင်းသားဖောင် ထဲမှာ ကြည့်ကြည့်တော့ ရှင်းချန်က ကိုယ့်ထက် ၂ လ ကြီးတာပဲ"

~အေး…အာ့ဆို…အကြီးမှန်းသိ~

"အဲ့တော့?…"

"အဲ့တော့ ကိုယ့်ကို အားယမ်လို့ခေါ်တာ
ပိုကောင်းတယ်လေ…"

"မခေါ်နိုင်ဘူးဆိုရင်ရော……"

ကိုယ့် ရဲ့ ရှင်းချန် (ကိုယ့် ရဲ့ ရှင်းချန်) CompletedWhere stories live. Discover now