ကိုယ့် ရဲ့ ရှင်းချန် - ၇

1.5K 170 8
                                    

Zawgyi

နောက်တစ်နေ့မနက်......

အရာအားလုံးက ထုံးစံအတိုင်းသာ...

ရှင်းချန်တို့ ကျောင်းကို စက်ဘီးနဲ့လာသည်
ကျောင်းရောက်တော့ ရွှယ်ယမ်က စက်ဘီးကို
သိမ်းပေးမည်...ပီးရင် အတန်းဆီသွားကြမည်

အားလုံးက ပုံမှန်အတိုင်းသာ...

"အာ...အားယမ်...အတန်းထဲဝင်နှင့်လိုက်နော်
မနေ့က ဆရာမှာထားတာရှိလို့ သွားပေးဦးမယ်"

"omm...ok အာ့ဆို ကိုယ့်ကို အိတ်ပေးလိုက်..."

"အင်း...ခန"

စာရွက်စာတမ်းတချို့ကို ထုတ်ယူပီးမှ
ရှင်းချန်က အိတ်ကို လှမ်းပေး၏

"ကိုယ်သွားနှင့်ပီနော်..."

"အင်း..."

ရွှယ်ယမ်လဲ ရှင်းချန်လွယ်အိတ်ကို လက်လွှဲယူရင်း ကျောင်းဆောင်ဘက်ကို
အရင်သွားလိုက်သည်

************************************
တာဝန်ပြီးစီးတာနဲ့ ရှင်းချန်လဲ ဆရာများ နားနေဆောင်ဘက်ကနေ ခပ်သုတ်သုတ်
ပြန်လျှောက်လာလိုက်သည်

~အေးလိုက်တာ...အဆောင်တွေက
သိပ်မဝေးတာပဲ ကျေးဇူးတင်ရမယ်...~

ရှင်းချန် ကျောင်းဆောင်ထဲ ဝင်ဝင်ချင်း
မရင်းနှီးတဲ့ အသံတခုက ဆီးကြိုပါ၏

"အကို ရှင်းချန် မောနင်းပါ"

ဆံပင်ရှည်ရှည် မျက်လုံးဝိုင်းဝိုင်းနဲ့ ထိုမိန်းကလေးက ကြည့်လိုက်ရုံနှင့် ရှင်းချန်ထက်ငယ်မှန်း သိသာပါ၏

ထင်ရှားလှပလွန်းတဲ့ body line ကလဲ ပုရိသတိုင်း ငေးချင်စရာပင်.........

"အင်း....အာ...ညီမက??"

"အော်...အကို ညီမကို မမှတ်မိဘူးပဲ
ညီမက အကို့ရဲ့ ဂျူနီယာပါ နာမည်က
ရှ မင် ယွဲ့ ...ဒုတိယနှစ် တန်းခွဲအေက...ခေါင်းဆောင်များ အသင်းဝင်ပဲလေ...
ကျောင်းပွဲတွေ စီစဉ်တိုင်း ညီမတို့
ဆုံဖြစ်တယ်..."

~ငါတကယ်မသိရပါလား~

"အာ...ဟုတ်လား...ဆောရီး အကိုသတိမထားမိလို့"

"ရပါတယ်...ဒါလေး..."

သူမက နှုတ်ဆက်ပီးပီးချင်း လက်ထဲက အထုပ်ကို ပေးနေတာမို့ ရှင်းချန်တောင် ကြောင်တောင်တောင်ဖြစ်သွားရသည်

ကိုယ့် ရဲ့ ရှင်းချန် (ကိုယ့် ရဲ့ ရှင်းချန်) CompletedWhere stories live. Discover now