မေဘယ်လ်။ အခန်း ( ၇ )

11.4K 1K 40
                                    


ပြတင်းပေါက်ကနေ ဖြာကျလာတဲ့ ခပ်နွေးနွေးနေရောင်ရဲ့တိုးဝင်လာမှုကြောင့် မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်ကာ ကြည့်လိုက်တော့ အရှေ့တည့်တည့်မှာမြင်နေရတဲ့ မမဟာ အေးချမ်းဖြူစင်လွန်းသည့် မျက်နှာလေးနှင့် ကျက်သရေ ရှိလွန်းနေပြန်သည်။ ညကတည်းက လီဆာ့ရဲ့လက်မောင်းကို ခေါင်းအုံးကာ အိပ်ပျော်သွားခဲ့သည့်အတိုင်း အခုထက်ထိ လီဆာ့ ရင်ခွင်ထဲမှာ အပြစ်ကင်းစင်တဲ့ ခလေးငယ်တစ်ယောက်လို အိပ်ပျော်နေဆဲပင်ဖြစ်သည်။

မျက်နှာထက်က အပြုံးတွေနဲ့အတူ မမရဲ့ မျက်နှာနုနုအား မျက်တောင်မခက်စေဘဲ စိုက်ကြည့်နေခဲ့မိတယ်။ လူသားတစ်ယောက်ဖြစ်နေပါလျက်နဲ့ ဒီလောက်ထိလှဖို့ လိုအပ်လေသလား။ မျက်မှောင့်ကျူံ့ကာ စိတ်ထဲကနေ တွေးတောနေတုန်း မမရဲ့ခန္ဓာကိုယ်လေးက လှုပ်လှုပ်ရှားရှားဖြစ်လာတာကြောင့် အိပ်ချင်ယောင်ဆောင်ကာ ငြိမ်နေလိုက်မိသည်။

တော်ကြာ မာနမင်းသမီးလေးက လီဆာ့ ရင်ခွင်ထဲအိပ်နေတာ လူမိသွားရင် အရှက်သည်းနေဦးမှာလေ။

" လီလီ "

ငြိမ်သက်နေမှုနဲ့အတူ ဘာအသံမှ မကြားရတာကြောင့် လီလီ အိပ်ပျော်နေတုန်းဘဲဟု သတ်မှတ်လိုက်သည်။ နဖူးထက်က လီလီ့ရဲ့ အသက်ရှူငွေ့တွေကြောင့် ညတုန်းက သူ့ရင်ခွင်ထဲ အပူအပင်ကင်းစွာ အိပ်စက်နိုင်ခဲ့တဲ့ မိမိကိုယ်မိမိ အံ့ဩနေမိတာတော့အမှန်ပင်ဖြစ်သည်။

နဖူးနားဖြတ်သန်းတိုက်ခတ်နေတဲ့ ခပ်နွေးနွေးလေးတွေကို ဘာရယ်ကြောင့်မှန်းမသိ ခံစားနေမိရင်း အရဲစွန့်ကာ လက်ချောင်းတွေဖြင့် လီလီ့ရဲ့ပါးလေးတွေကို ထိတွေ့ကာ ကိုင်တွယ်လိုက်မိသည်။ တဖြေးဖြေးချင်း နှုတ်ခမ်းဖူးဖူးလေးနား ရောက်တော့ လက်တွေက ရပ်တန့်သွားခဲ့တယ်။

ဒီတခါလည်းဘဲ လီလီ့ရဲ့ နှုတ်ခမ်းလေးကို မြင်ဖူးချင်လိုက်တာဆိုပြီး စိတ်ထဲကနေ တွေးတောနေမိပြန်ပါတယ်။

"ဟင် နေပါဦး။ ငါအခု မိန်းခလေးတစ်ယောက်ဖြစ်တဲ့ လီလီ့ကိုဘာတွေတွေးနေမိတာလဲ။ ဒုက္ခပါဘဲနော်"

သတိပြန်ဝင်လာသည့်အခါ ထိုစကားတွေကို စိတ်ထဲကနေ ရေရွတ်ပြီး အလန့်တကြားနဲ့ ကုတင်ပေါ်ကနေ ဆင်းမယ်လုပ်တော့ ဂျဲန်းနီရဲ့ လက်ကိုလှမ်းဆွဲလာတဲ့ လက်တစ်စုံကြောင့် တော်တော်လေး ထိတ်လန့်သွားမိသည်။ လီလီ့မျက်နှာကို ကိုင်ကြည့်နေမိတာ လူမိသွားတာဆိုတော့ ရှက်ရွံရသည့်စိတ်တွေဟာ သူ့အလိုလို ဝင်ရောက်လာခဲ့ပြန်တယ်။

I first met you,i fall for mapleWhere stories live. Discover now