မေဘယ်လ်။ အခန်း ( ၁၁ )

12.1K 1K 48
                                    


ဆေးရုံကုတင်ထက်တွင် ထိုင်နေခြင်းဖြစ်သည်။ ကျွန်မနဲ့ ဘေးမှာတော့ ဆရာဝန်တွေ သူနာပြုတွေ အပါအဝင် အစ်မဂျီဆူးလည်း ရှိနေခဲ့တယ်။ အမှောင်ဖုံးနေခဲ့တဲ့ မိမိရဲ့မျက်လုံးတွေဟာ ဒီကနေ့မှာတော့ အလင်းပြန်ရတော့မှာဖြစ်သည်။ ပတ်တီးဖြည်ဖို့အတွက်ကို တော်တော်လေး စိတ်လှုပ်ရှားနေမိသည်။

"စိတ်ကိုလျော့ထားနော် ဂျဲန်း။ အရမ်းကြီး တင်းမထားနဲ့"

ညာဘက်ခြမ်းမှာရှိတဲ့ အစ်မဂျီဆူးဟာ အေးစက်နေတဲ့ မိမိရဲ့လက်ကိုဆုပ်ကိုင်ပြီး အားပေးလာသည်။

"ကဲ ပတ်တီးစဖြည်ပြီနော်။ မျက်လုံးတွေကို ဖြည်းဖြည်းချင်းဘဲဖွင့်ပေးပါ"

မျက်လုံးပေါ်စည်းထားတဲ့ ပတ်တီးဟာ တဖြေးဖြေးနဲ့ပြေလျော့သွားပြီး မျက်ဝန်းအစုံကို အရှိန်ယူ၍ ညင်သာစွာ ဖွင့်ကြည့်လိုက်သည်။ စူးကနဲ ဖြစ်သွားတဲ့ အလင်းရောင်ကြောင့် မျက်မှောင့်ကျူံ့ကာ ပြန်ပိတ်လိုက်ပြီး နောက်ထပ်တစ်ခါ ထပ်ဖွင့်ကြည့်လိုက်သည်။

ပထမဆုံးမြင်ရတာဟာ အခန်းတံခါးဖြူဖြူလေးနဲ့ အဖြူရောင် duty Coat ဝတ်ထားတဲ့ ဆရာဝန်တွေအပါအဝင် ပြုံးနေတဲ့အစ်မဂျီဆူး။

"အခုကျွန်တော့် လက်ကိုမြင်ရလား"

ခေါင်းငြိမ့်ပြလိုက်တော့ ပြုံးရွင်လာတဲ့မျက်နှာတွေ။ အစ်မဂျီဆူးကတော့ မျက်ရည်တွေဝဲပြီး စိုက်ကြည့်နေခဲ့တယ်။

"ကဲ လူနာက အခုဆိုလူကောင်းပဂတိအတိုင်း မျက်လုံးတွေ အလင်းပြန်ရပါပြီ။ ဒါပေမယ့် တစ်လလောက်တော့ နေရောင်အထိမခံပါနဲ့။ အပြင်သွားရင် နေကာမျက်မှန်အမဲတော့တပ်ပေးပါ"

"ကျေးဇူးပါဘဲ ဒေါက်တာရယ် "

အစ်မဂျီဆူးရဲ့ စကားသံဖြစ်သည်။ ဂျဲန်းနီကတော့ အရမ်းပျော်နေခဲ့လို့ ဘာစကားမှမပြောနိုင်ခဲ့။ ပြတင်းပေါက်ကနေ အပြင်ဘက်က သစ်ပင်လေးတွေကိုပဲ ငေးကြည့်နေခဲ့မိတယ်။ ဆရာဝန်တွေ အကုန်ပြန်ထွက်သွားတော့ အစ်မဂျီဆူးက အနားမှာလာထိုင်တယ်။

"မျက်လုံးက ကြည့်ရတာအဆင်ပြေရဲ့လား ဂျဲန်း။ အစပိုင်းဆိုတော့ နဲနဲ နေရခက်မယ်"

I first met you,i fall for mapleOù les histoires vivent. Découvrez maintenant