မေဘယ်လ်။ အခန်း ( ၁၉ )

13.4K 985 44
                                    


"ဒီရက်ပိုင်း အိမ်မှာနေတာ သိပ်မတွေ့ဘူးနော်။ ဘယ်တွေသွားနေတာလဲ ချယ်ယောင်း "

ခွဲစိတ်ခန်းတွေ ဆက်တိုက်ဝင်နေရသလို မိမိရဲ့အားလပ်ချိန်တွေဟာလည်း ဆူးဆိုတဲ့ လူသားလေးအတွက် ရင်းနှီးနေခဲ့ရတာဆိုတော့ လီလီမေးသလို အိမ်မှာ ရှိတဲ့အချိန်တွေဟာ သိပ်ကိုရှားပါးလှသည်။

အခုဆိုရင် မိမိရဲ့နေအိမ်မှာဘဲ ပြန်နေဖြစ်တယ်။ ဒီနေ့တော့ ထူးထူးခြားခြား လီလီရော ကျွန်မပါ နားရက်တူနေတာကြောင့် ကျွန်မရဲ့အိမ်ကို မနက်အစောကြီး ရောက်ချလာလေရဲ့။ အခုလည်း မနက်စာ စားနေရင်း လီလီမေးတဲ့မေးခွန်းကို အမှန်တိုင်းဖြေရန် ဆုံးဖြတ်လိုက်သည်။

" ငါ အခုတွဲနေတဲ့လူ ရှိနေပြီ လီလီ"

" အဟွတ် အဟွတ် "

ချယ်ယောင်းရဲ့ စကားကိုကြားတော့ စားလက်စ ကိတ်မုန့်တောင် သီးသွားရသည်အထိ လီလီ တစ်ယောက် တော်တော်လေး လန့်သွားတယ်ထင်ပါတယ်။

"ဘယ်လို ! တကယ်ကြီးလား ဘယ်သူလဲ။ ဘယ်ကလဲ။ ဘာလုပ်တာလဲ "

"နင်ကလဲ။ ဖြေးဖြေးမေးပါဟာ။ တရားခံစစ် စစ်နေသလိုဘဲ "

မေးခွန်းတွေ တရစပ်မေးလာတဲ့ လီလီ့အား ကော်ဖီသောက်နေရင်း လှမ်းပြောလိုက်ရသည်။

"သူက မိန်းခလေးတစ်ယောက်ပါ "

"ဘာ! တကယ်ကြီးလား "

လီလီ့အား ခေါင်းညိမ့်ပြလိုက်ပြီး သောက်လက်စ ကော်ဖီကိုသာ ပြန်သောက်နေလိုက်သည်။ အရင်က စိတ်ဝင်စားခဲ့ဖူးပါတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့အရှေ့မှာ အခုလိုမျိုး ကိုယ့်ရဲ့ချစ်သူအကြောင်းကို ပြောပြနေရတာ အခြားသူတွေတော့ ဘယ်လိုနေလဲမသိပေမယ့် ချယ်ယောင်းကတော့ စိတ်ထဲသက်တောင့်သက်သာဖြစ်နေမိတယ်။

"သူက idol တစ်ယောက်ရဲ့ မန်နေဂျာလေ။ တက္ကသိုလ်ကျောင်းသားတွေအတွက် သင်ရိုးညွန်းတွေလဲရေးတယ်။ အရင်က ဆရာမလည်း လုပ်ခဲ့ဖူးတယ်"

"ဆရာမ လုပ်ခဲ့ဖူးတယ်ဆိုရင် တော်တော်လေးရင့်ကျက်တည်ငြိမ်မယ့်ပုံစံဘဲ။ နင့်ထက်လဲ အသက်ကြီးပုံရတယ်။ ဟုတ်လား "

I first met you,i fall for mapleTahanan ng mga kuwento. Tumuklas ngayon