"အားလုံးပဲ မင်္ဂလာပါရှင် Love and Story အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်, ဒီနေ့မှာတော့ အခုနှစ်မှာ အရမ်းကိုနာမည်ကြီးနေတဲ့ Goddess Of Event ဆိုပြီး လူသိများတဲ့ Event planer ချောချောလေးကိုဖိတ်ခေါ်ထားပါတယ်, အားလုံးလဲ ကျွန်မလိုပဲ သူ့အချစ်ရေးကို စိတ်ဝင်စားကြမယ်ထင်ပါရဲ့"
"မင်္ဂလာပါ Juria ရေ"
"ဟုတ်ကဲ့ မင်္ဂလာပါရှင်"
"အခု ညီမတို့ အစီအစဉ်ကိုကြည့်ရှုနေတဲ့ သူတွေကိုအမအကြောင်းလေးမိတ်ဆက်ပေးပါဦး"
"အာ.. ဟုတ်ကဲ့ အမကဂျူရီယာပါ အမကတော့ Event and Wedding Planer ပါ"
"ဟုတ်ကဲ့ အမရဲ့ပွဲတွေကတကယ်ကို နာမည်ကြီးပဲနော် အထူးသဖြင့် wedding တွေ , ဒီမှာဆို အမစီစဉ်တဲ့ပွဲနဲ့မှ မင်္ဂလာဆောင်ချင်တဲ့သတို့သမီးတွေ အများကြီးပါပဲ"
"ဟမ်း.. ဒါကအမရဲ့ Team ကတော်လို့ပါ အမက idea လောက်ပဲပေးတာပါ"
"ဟုတ်ပါပြီ ပရိတ်သတ်တော်တော်များများကစိချင်နေကြတယ် အမသူများပွဲတွေပဲစီစဉ်နေတာ အမအတွက်ရောဘယ်တော့မှစီစဉ်မှာလဲတဲ့"
"ကဲ.. ဒါကတော့ဖြေရခက်တဲ့မေးခွန်းပဲ"
"အမ အင်တာဗျူးတစ်ခုမှာ အမရဲ့ one sided love အကြောင်းဖြေထားတာတွေ့ရတယ် အဲ့တာတွေ့ပြီးထဲက ညီမအရမ်းကိုစိတ်ဝင်စားနေတာ အမအနေနဲ့ အဲ့အကြောင်းအရာလေးကိုများ ဒီအစီအစဉ်မှာ ပြောပြချင်လား"
"ရရဲ့လား... ဒီအစီအစဉ်မှာက အိမ်ထောင်သည်တွေပဲလာတာတွေ့တော့ အမကိုဖိတ်တုန်းကနော်တော်အံ့သြခဲ့တာ "
"လူတိုင်းမှာတော့ ပုံပြင်လေးတွေရှိဖူးတယ်မလား ညီမတို့က အမရဲ့ပုံပြင်လေးကိုစိတ်ဝင်စားပါတယ် , ညီမလိုပဲ ပိရိတ်သတ်တွေလဲစိတ်ဝင်စားနေကြပါတယ်"
"ပြောရရင် အမရဲ့ပုံပြင်လေးက တစ်ဖတ်သတ်အချစ်ပုံပြင်လို့ဆိုရမှာပေါ့ ဟဟား"
-----" စပြောရရင်တော့ သူ့ကိုစသိခဲ့တာ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော် ခုနှစ်နှစ်လောက်တုန်းကထင်ပါတယ် Heroic Dynasty Game ထဲမှာ စသိခဲ့တာ. ဒီဂိမ်းဆော့ဖြစ်တာကလဲ ၁၀ တန်းတုန်းက ဂိုက်ဆရာအကိုကြီးကို ကြိုက်လို့ သူနဲ့ ပိုရင်းနှီးချင်လို့ အကြောင်းရှာရင်း ဆော့ဖြစ်တာ.အဲ့လိုနဲ့ စွဲသွားတယ်ဆိုပါတော့. နောက်ပိုင်းသူတို့ Guild ထဲတောင်ဝင်ဖြစ်သွားတယ်ကို့ Crush ကြီးရှိတာကိုး.ကျောင်းတောင်ရှိဆရာတဲ့ ကွန်ပြူတာကို ရွေးခဲ့တာ."
"အော် အဲ့တာဆို အမကွန်ပြူတာနဲ့ဘွဲ့ရတာပေါ့"
"မဟုတ်ဘူး အမ ဒုတိယနှစ်ပြီးတော့ ကျောင်းနားပြီး Hotelier ဘက်ကိုလေ့လာချင်တာနဲ့ နိုင်ငံခြားထွက်သွားခဲ့တာ"
"အော်"
"အဲ့နှစ်ကပွဲလုပ်တော့ အမ အသင်းကပြိုင်မယ်ဆိုတော့သွားအားပေးတာပေါ့. ပထမဆုံးအကြိမ်သူ့ကို စတွေ့ဖူးတာပဲ. ဆရာ မိတ်ဆက်ပေးလို့ သု့နာမည်သိခဲ့ရတယ်.အဲ့မှာစကားတွေဘာတွေပြောရင်း FB Acc တွေဘာတွေ အပ်နဲ့ပဲ လွယ်လွယ်ပြောရင်ရင်းနှီးသွားတယ်ဆိုပါတော့. အဲ့လိုနဲ့ပဲ သူဆိုတဲ့လူသားတစ်ယောက်နဲ့ စပြီးသိခဲ့ရတယ်."
"အမ နာမည်တော့ထည့်မပြောတော့ဘူးရတယ်မလား ဟီး"
"ရပါတယ်"
"Love in first sight ဆိုတာကိုယုံလား? "
"...."
"အမတော့ယုံတယ်ဘာလို့လဲဆိုတော့ သူ့ကိုမြင်မြင်ချင်းသဘောကျခဲ့မိလို့. ဟုတ်တယ် သူ့ကိုတွေ့လိုက်တဲ့အချိန်မှာပဲ သိလိုက်တယ် သူ့ကငါ့ရဲ့ soulmate ဆိုတာကိုပေါ့ ကို့ရင်ခုန်သံက မညာဘူးလေ. သူပြိုင်ပွဲဝင်နေတုန်း စင်ပေါ်မှာဂိမ်းဆော့နေတဲ့ပုံက တကယ်ကို ပြိုင်ဘက်ကင်းပဲ. ကို့ဖုန်းထဲမှာ သူ့ပုံတွေဆိုတာ မနည်းမနောပဲ. နားတဲ့အချိန်သူတို့နောက်လိုက်ချင်ပေမဲ့ ကျောင်းကစီနီယာတွေအဖွဲ့ကလည်း လာပြိုင်တော့သွားနှုတ်ဆက်ရသေးတယ်. စီနီယာ့တို့အဖွဲ့က နာမည်ကြီးပဲလေခုခေတ်ကလေးတွေတောင် အမနာမည်ပြောရင်သိမှာ ဒါပေမဲ့ ဘာလို့မှန်းတော့မသိ အမဂိုဏ်းကလူတွေကအားနေ စီနီယာတို့ဂိုဏ်းကိုရန်သွားသွားရှာနေတာ.ထားပါ. ဒီလိုနဲ့လိုရင်းမရောက်တော့ဘူး."
"ကံကောင်းတာလား ကံဆိုးတာလားတော့မသိဘူး အမအပြင်မှာ Dipaloma သင်တန်းတစ်ခုမှာအမေ့ အဆက်အသွယ်နဲ့ Assistant Guide ဝင်လုပ်တဲ့အချိန် သူတို့ကလည်း အဲ့မှာလာတတ်ကြတယ်လေ"
"အမရဲ့ Crush လား"
"ဟုတ်တယ် သူနဲ့ ဆရာ့ရဲ့ညီလေးနဲ့ နောက်တစ်ယောက်နဲ့. အဲ့တုန်းကတကယ်ပျော်သွားခဲ့တာ ဒါပေမဲ့ ကံကြမ္မာဆိုတာရက်စက်တယ်လေ သိတယ်မလား တုဖည်းဖြည်းနဲ့အမသိလာရတာက သူကသူ့သူငယ်ချင်းကောင်လေးကိုစိတ်ဝင်စားနေတာလေ. နောက်တော့ အမလည်း အစောကပြောသလိုပဲ ကျောင်းထွက်နိုင်းငံခြားသွားဖို့ပြင်ဆင်ဘာညာနဲ့ အဆက်အသွယ်ပြတ်သွားလိုက်တာ အခုထိပဲ"
"အာ့တာဆို အခုကော သူ့ကိုပဲသဘောကျတုန်းပဲလား ကြားမှာကောရည်းစားတွေဘာတွေထားသေးလား"
"ဟယ် အဲ့လိုတွေမေးတယ်နော် တို့အမေသိသွားရင် ပြဿနာပဲ ဟားဟား"
"ထားကြည့်တာပေါ့ အမဟိုရောက်တော့ ဒါပေမဲ့လည်းစိတ်ထဲသူမှသူဖြစ်နေတာကို"
"အခုခေတ် စကားနဲ့ပြောရရမယ်ဆိုရင် အမရှခဲ့တာပေါ့"
"ဟားဟား အင်းပေါ့ အဲ့လိုပြောလို့ရတယ် social media တွေမှာသူနဲ့ Fri ဖြစ်တုန်းကဆို သူ ပုံ တွေတင်တိုင်းငိုရတာ နောက်ပိုင်းအမလည်း block လိုက်တယ် ပြီးတော့ စာပဲအာရုံစိုက်ဖြစ်တော့တယ်.အာ့တာကြောင့်လဲ ဒီနေ့လိုအောင်မြင်လာတာထင်ပါရဲ့"
(အပိုတွေ deadline ကဖင်ထဲဝင်နေပြီ ဘာစာအာရုံစိုက်တာလဲ 🤣)
"ဟုတ်ပါပြီ ကြေကွဲစရာဇာတ်လမ်းလေးပေါ့နော် ကဲပါသိချင်တာလဲစပ်စုပြီးပြီ အချိန်လဲကျော်နေပြီဆိုတော့ ဒီမှာပဲနှုတ်ဆက်ကြတာပေါ့"
"အားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေနော်"
DU LIEST GERADE
One Sided Love (Z+U) !COMPLETE!
FanfictionAnna Lynn ရဲ့ illicit , The little straight guy is so cute that I can't help but bent him ထဲက Character ဖြစ်တဲ့ ထွန်းအောင်ကျော် ရဲ့ fan fiction တစ်ခုပါ. အတိအကျပြောရရင်တော့ ကိုနဲ့ OC ထားတဲ့ Fan Fic တစ်ခုပါ. ထွန်းထွန်းဘယ်သူနဲ့လက်ထပ်သွားလဲဆိုတာကို သ...