Chapter - (85)

5.1K 749 5
                                    

Chapter - (85) - သူုပြန်လာခဲ့ပြီ



ဟေး......အမေရိကား
သူပြန်လာခဲ့ပြီလေ... အမေရိကား

အမေရိကားက Tang Feng ရဲ့မွေးရပ်မြေမဟုတ်ခဲ့ပေမယ့် ဒီမြေမှာ သူကြီးပြင်းလာတယ်။ ဒီမြေမှာ သူရုန်ကန်ခဲ့တယ်။ ဒီမြေမှာပဲ သူအထွတ်ထိပ်ကိုရောက်ရှိခဲ့တယ်။

လေယာဉ်ပေါ် 10 နာရီကျော်ထိုင်ခဲ့ပြီးနောက် အရှေ့တိုင်းနဲ့ ဝေးကွာလွန်းတဲ့ အနောက်တိုင်းမြေပေါ်ကို ဆိုက်ရောက်လာခဲ့ပြီ။ လေယာဉ်ပေါ်က ဆင်းပြီးနောက် Tang Feng သက်ပြင်းချလိုက်မိတယ်။ တောက်ပတဲ့ ကောင်းကင်မှာ အလင်းတွေဖြာကျ နေတယ်။ အေးမြတဲ့လေထုက အရမ်းကို စိတ်ချမ်းသာစရာကောင်းလှတယ်။ ဒီမြေနဲ့ ရင်းနှီးကျွမ်းဝင်တယ် ဆိုတဲ့ ခံစားချက်အပြင် အချိန်နေရာ ကွာဟမှုကြောင့် မောပန်းလာတယ်လို့ ခံစားလာရတယ်။

"အခုချိန် ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေကတော့ ဟိုတယ်ကို သွားပြီး ရေနွေးစိမ်ချိုးမယ်။ နောက်ပြီး အားပြန်ပြည့်အောင် တရေးလောက် အိပ်လိုက်ချင်တယ်။ တနာရီအတွင် ဒါရိုက်တာ Li Wei နဲ့ သွားတွေ့ရမယ်လို့ မပြောလိုက်နဲ့။ ကျွန်တော့် ဒီလို ရုပ်ပျက်ဆင်းပျက်ပုံကိုမြင်ပြီး သူလန့်သွားလိမ့်မယ်ဗျ..."

သူ့ရဲ့ဘေးက ခရီးဆောင်အိတ်ကို ကမ်းပေးရင်း လေဆိပ်ကနေထွက်လာတဲ့အချိန်မှာ Tang Feng ရဲ့မျက်နှာပေါ်မှာ အပြုံးပန်းတွေပွင့်နေတယ်။

Lu Tian Chen က လျှောက်လာပြီး Tang Feng ရဲ့လက်ထဲက ခရီးဆောင်အိတ်ကို လှမ်းယူလိုက်တယ်။ သူ့ပုံကြည့်ရတာ လန်းဆန်းပြီး အားပြည့်ရှိနေတယ်။ အချိန်ကွာခြားတဲ့ ဒေသကို ခရီးထွက်ခဲ့လို့ မောပန်းနွမ်းနယ်တဲ့ အရိပ်စိုးစဉ်းလေးတောင် မတွေ့ရဘူး။ ဒီတချက်တော့ Tang Feng သူ့ကို တကယ်မနာလိုဖြစ်မိတယ်။

"Director Li Wei နဲ့ သဘက်ခါမှ တွေ့ဖို့ ငါတို့စီစဉ်ထားပြီးသားပါ။ ဒါကြောင့် ကနေ့နဲ့ မနက်ဖြန် တနေကုန် မင်းကြိုက်သလို အိပ်နိုင်တယ်။ ဘာမှ မပူနဲ့.. "

Lu Tian Chen ကပြောပြီး လမ်းဘေးကိုလျှောက်လာခဲ့တယ်။ ကားအနက်နှစ်စီးက သူတို့ရပ်နေတဲ့နေရာကို မောင်းချလာပြီး ၀တ်စုံနက်ဝတ်ထားတဲ့ Bodygurard နှစ်ယောက်စီ ဆင်းလာပြီး သူတို့လက်ထဲက ခရီးဆောင်အိတ်တွေကို လှမ်းယူလိုက်တယ်။ ကားတစီးထဲကို Xiao Yu နဲ့ လက်ထောက်က တက်သွားပြီး ကျန်တဲ့ကားနားမှာ Lu Tian Chen နဲ့ Tang Feng တို့ ရပ်နေတယ်။

Tang Feng က တံခါးကိုဆွဲဖွင့်ပြီး သူ့ခုံမှာ ၀င်ထိုင်ရင်း ပြုံးပြီး ပြောလိုက်တယ်။

"နောက်ဆုံးတော့ ခင်ဗျား ကျွန်တော့်အတွက်ကို စိုးရိမ်တတ်လာပြီပဲ..."

"မင်းက ဘ၀င်မြင့်တာလား၊ မောက်မာတာလား။"

Lu Tian Chen က သူ့ဘေးဝင်ထိုင်ရင်း မေးလိုက်တယ်။ ဒရိုင်ဘာနဲ့ နောက်ခန်းကြား ကာထားတာရှိလို့ သူတို့နှစ်ယောက် ပြောတာ လုပ်တာတွေအားလုံး ရှေ့ကလူတွေ မြင်မှာ ကြားမှာ ပူစရာမလိုဘူး။

သူတို့ထိုင်နေတဲ့ အနောက်ပိုင်းက အတော်လေးကို ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ TV နဲ့ အရက်ပုလင်း အပြည့်ပါတဲ့ ရေခဲသေတ္တာ အသေးလေးတောင်ပါသေးတယ်။ Lu Tian Chen က ရေခဲသေတ္တာ ဖွင့်ပြီး တပုလင်းကို ထုတ်လိုက်ရင်း Tang Feng ကိုမေးလိုက်တယ်။


"မင်း သောက်ချင်တာ ရှိလား..."

 Tang Feng ခေါင်းပဲယမ်းလိုက်တယ်။ ကားစီးနေတုန်း သောက်ရင် သူ နေမကောင်းဖြစ်ချင်လာသလို ခံစားရလို့ပဲ။

"ကျွန်တော်က မောက်မာတာလည်း မဟုတ်ဘူး။ ဘ၀င်မြင့်တာလည်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ။ President Lu ခင်ဗျားရဲ့ ၀န်ထမ်းတွေပေါ်ကို ယုံကြည်တတ်ဖို့  ခင်ဗျားသင်ယူသင့်တယ်...."


"ငါမင်းကို အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။"

Lu Tian Chen က လက်ထဲ ရေခဲရေထားတဲ့ ၀ီစကီ ခွက်ကိုကိုင်ပြီး သူ့ထိုင်ခုံနောက်ကိုမှီရင်း ပြောလိုက်တယ်။ နောက် ခေါင်းငုံ့ပြီး သူ့လက်ထဲက အရက်ကို တကျိုက်တည်းနဲ့ တ၀က်လောက်ကို သောက်လိုက်တယ်။ မျက်လုံးထောင့်နေပြီး သူ ရှုခင်းကိုငေးနေတာကို Tang Feng မြင်လိုက်တယ်။

"ခင်ဗျား ဒီအတိုင်းသောက်ရင် အစာအိမ်ကိုထိလိမ့်မယ်.."

ကျန်းမာရေးကို အလေးထားတဲ့ Tang Feng က သူ့ကို ကြင်နာစွာနဲ့ သတိပေးလိုက်တယ်။


"င့ါမှာ အစာအိမ်ရောဂါရှိပြီးသားပါ...."

သူက ပြန်ဖြေပြီး လက်ကျန် ဖန်ခွက်ကို ဘေးကိုတင်လိုက်ပြီး ထပ်မထိတော့ဘူး။

"တကယ်လို့ ခင်ဗျားရဲ့ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ရမှန်း မသိရင် တယောက်ယောက်ကို အားကိုးလို့ရပါတယ်..."

"မင်း ငါ့ကို ဂရုစိုက်ပေးမလား"

Lu Tian Chen က Tang Feng ဘက်ကို ခေါင်းငဲ့ကြည့်ပြီး နူတ်ခမ်းက အပေါ်ကို ကော့ညွတ်ပြုံးပြီး မေးလိုက်တယ်။

"ခင်ဗျား ဒီထက် အသက်ရှည်ရှည်နေချင်သေးတယ်ဆိုရင် ခင်ဗျားရဲ့ အနာဂါတ်ဇနီးအတွက် ဒီလို ဗရမ်းဗတာ အလုပ်မျိုးကို ရှောင်သင့်တယ်..."

Tang Feng က ဒီစကားကိုပြောပြီး သူ့ခေါင်းကို ထိုင်ခုံအနောက်ကို မှီလိုက်ပြီး မျက်လုံးမှိတ်ပြီး အိပ်လိုက်တော့တယ်။ Lu Tian Chen က ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်တယ်။

---------------

နောက်တနာရီကြာ ကားရပ်သွားတော့ Tang Feng က Lu Tian Chen ဆီက အနမ်းနဲ့နှိုးတာကို ခံလိုက်ရတယ်။

သူတို့စီးလာတဲ့ တန်ဖိုးကြီးကားရဲ့ကောင်းကွက်က အရမ်းကို ငြိမ်ပြီး တိတ်ဆိတ်တာပဲ။ ဒါကြောင့် Tang Feng က အလွယ်တကူပဲ အိပ်ပျော်သွားပြီး အိပ်မက်တောင် မက်နေခဲ့တယ်။ အိပ်မက်ထဲမှာ သူက သမုဒ္ဒရာထဲကို ရုတ်တရက် ပြုတ်ကျသွားခဲ့တယ်။ ပတ်ပတ်လည်က ရေတွေက သူ့ကို အောက်ကို ဆွဲချသွားလို့ သူ အသက်ရှုရခက်လာခဲ့ပြီး ရင်ဘတ်တခုလုံး ပေါက်ထွက်မလို မွန်းကြပ်လာခဲ့တယ်။ Tang Feng က အသက်ရှုဖို့ နူတ်ခမ်းကို ဖွင့်ဟလိုက်တဲ့အချိန် နူးညံ့တဲ့ တစုံတရာက သူ့အာခံတွင်းထဲကို ကျူးကျော်ဝင်ရောက်လာခဲ့တယ်။

Tang Feng က တုန့်ဆိုင်းမှုမရှိပဲ ကိုက်လိုက်တဲ့နောက် သူ့ဘေးကနေ နာကျင်လို့ ဗလုံးဗထွေး ညည်းတဲ့အသံကို ရုတ်တရက် ကြားလိုက်ရတယ်။ သူ အိပ်မက်ကနေ နိုးလာတော့ Lu Tian Chen က ပါးစပ်ကို လက်နဲ့အုပ်ပြီး သူ့ဘေးမှာ ထိုင်နေတာကို တွေ့လိုက်တယ်။

"မင်း ...ငါ့ကို ကိုက်တယ်...."
Tang Feng က Lu Tian Chen ကို သွေးတွေ ထွက်လာတဲ့အထိကို ကိုက်လိုက်မိတာပဲ.....

Tang Feng  က Lu Tian Chen ကို ကိုက်လိုက်မိတဲ့အတွက် နည်းနည်းလေးမှ အပြစ်မကင်းစိတ်ကို မခံစားလိုက်ရဘူး။ သူက သူ့နူတ်ခမ်းကို လက်နဲ့ထိလိုက်ပြီး အေးဆေးပဲ ပြောလိုက်တယ်။


"ကျွန်တော်က ပင်လယ်ထဲက ကြောက်စရာ အကောင် ကျွန်တော့် ပါးစပ်ထဲ ၀င်လာတယ်ထင်လို့....."


Lu Tian Chen က ရူးသွားတာလား။ သူက လိင်ဆွဲဆောင်နိုင်စွမ်း လျော့ကျသွားတာလား။ သူ အထီးကျန်နေတာလား။ ဒါမှ မဟုတ်ပြင်းလို့ပဲ ဒီလိုလုပ်နေတာလား။

Lu Tian Chen က စိတ်ဝင်စားစရာ တခုခုဖြစ်စေတဲ့ Tang Feng ရဲ့မျက်နှာကိုကြည့်ဖို့ ခေါင်းကိုမော့လိုက်တယ်။ ပြီးတော့ သူ့မျက်လုံးကို တင်းတင်းမှိတ်ပြီး လျှာက နာကျင်မှုကို မေ့ပစ်ဖို့ကြိုးစားလိုက်ပြီး ပြောလိုက်တယ်။


"ငါတို့ တည်းမယ့် ဟိုတယ်ကို ရောက်ပြီ။ ငါက မင်းကို နှိုးဖို့ပဲလိုက်လိုက်တာပါ....."

"President Lu ခင်ဗျားက လူတွေကို နှိုးတဲ့ ထူးထူးခြားခြားနည်းကို ရထားတာပဲ။ ခင်ဗျားရဲ့ Company က တက်သစ်စ ကြယ်ပွင့်လေးတွေ အစား ရင်လေးလိုက်တာဗျာ။ သြော် ဒါနဲ့ ကျွန်တော် ပြောဖို့ မေ့သွားလို့။ ခင်ဗျားနောက်ထပ်တခါ ကျွန်တော့်ကို ဒီလို ထပ်လုပ်ရင် ခင်ဗျားရဲ့လျှာကို ပြတ်အောင် ကိုက်ပစ်လိုက်မယ်..."

Tang Feng က သတိပေးစကားဆိုပြီး ရယ်မောရင်း ကားထဲကထွက်လိုက်တယ်။ သူ့ရှေ့မှာ Five Star ဇိမ်ခံဟော်တယ်ကြီးကို တွေ့လိုက်ရတယ်။ မြင့်မားပြီး ထုတည်ကြီးမားတဲ့ နာမည်ကျော် မည်းပြောင်နေတဲ့ဟိုတယ်ကြီးက အနက်ရောင်နှင်းဆီပွင့်လို ကောင်းကင်ပေါ်ထိုးတက်နေသလို မြင်ကွင်းက သူ့ကို အံ့အားသင့်ပြီး လေမချွန်ပဲ မနေနိုင်အောင်ဖြစ်သွားမိစေတယ်။

"President Lu ဒီခရီးစဉ်ရဲ့ ကုန်ကျစရိတ်က Company ကကျခံမယ် မဟုတ်လား။ဒါမှ မဟုတ် ကျွန်တော့် လစာထဲက နူတ်မယ်ဆိုရင် ဈေးပေါတဲ့ ဟိုတယ်ကိုပဲ သွားကြစို့ဗျာ။"

Lu Tian Chen က ပတ်ဝန်းကျင်ကို အလေးမထားပဲ Tang Feng ရဲ့လက်ကိုဆုပ်ကိုင်ပြီး ဟိုတယ်ထဲကို ဆွဲခေါ်လာခဲ့တယ်။

"တကယ်တော့ ငါတို့ အသုံးစရိတ်တွေကို လစာထဲက ဖြတ်ဖို့ပဲ။ ငါ ဟိုတယ်မှာ အခန်းစုံ တခန်းမှာထားတယ်။ "

Tang Feng က ဂရုမစိုက်တဲ့ပုံပဲ ပြလိုက်တယ်။ ဘာပဲပြောပြော အခန်းစုံမှာက အိပ်ခန်းနဲ့ ရေချိုးခန်းက တခန်းထက်တော့ ပိုပါမှာပဲမဟုတ်လား။



(ငါတို့ရဲ့ ရေခဲတုံး President က တကယ်ပဲ လိင်ဆွဲဆောင်မှုတွေ လျော့ကျနေပြီလား.....)

Presidential suite Hotel room- ဧည့်ခန်း၊ မီးဖိုခန်း၊ အပိုအိပ်ခန်း စသဖြင့်အစုံပါတဲ့ ဈေးကြီးပေးရတဲ့ ဟော်တယ် အထူးခန်း
===================

V_1 (76-End) ကောင်းကင်ယံထက်က ငွေကြယ်ပွင့်  _ (MM)Opowieści tętniące życiem. Odkryj je teraz