အပိုင်း ၁
107 8 0
အပိုင်း ( ၁ ) 🌸🌸
* ချပ် ချလပ် *
"အိုကေ perfect....."
ကင်မရာအတွင်းမှ မိမိရိုက်ယူထားသောပုံလေးတွေကို
ကြည့်ကာ ကျေနပ်စွာပြုံးလိုက်သော ကောင်လေး....
အချိန်အားဖြင့် ညနေ ၃ နာရီခွဲအတိ.....
ဝမ်းထဲကအချက်ပြလာမှုကြောင့် ကင်မရာလေးကို ကျော
ပိုးအိတ်လေးထဲသို့ ဂဂုတစိုက်ထည့်ကာ အာဟာရဖြည့်ရန်
အစားအသောက်တန်းများဆီသို့ ခြေလှမ်းကိုဦးတည်လိုက်
တော့သည် ။
"အန်တီ ကျွန်တော့်ကို မုန့်ဟင်းခါးတစ်ပွဲ အိုးဘဲဥနဲ့ အဲ နံနံပင်
မထည့်ဘူးနော်...."
စားချင်တာကိုမှာပြီး ရေနွေးလေးတစ်ခွက်ငှဲ့ကာ အအေး
ခံထားရင်း ပတ်ဝန်းကျင်ကို မျက်စိကစားနေမိတော့သည် ။
လူအများရှုပ်ယှက်ခတ်နေသော လမ်းမထက်ကမြင်ကွင်းက
မျက်စိရှုပ်စရာဆိုပေမဲ့ သခင် ကတော့သဘောကျမိသည် ။
ဒါကမှ တကယ့် လွတ်လပ်ခြင်းရဲ့ အရသာအစစ်....
သခင် တွေးလိုက်ရင်း အရှေ့တွင်လာချပေးသော မုန့်ပွဲ
လေးကို ခပ်စားလိုက်တော့သည် ။အရသာရှိလှသော မုန့်ဟင်း
ခါးလေးကို အရသာခံစားရင်း ငယ်ငယ်တုန်းက မေမေ ချက်
ကျွေးခဲ့ဖူးတာကိုပြန်တွေးမိတော့ မျက်ရည်ကအလိုလိုလည်လာ
မိသည် ။
လွမ်းလိုက်တာ မေမေရယ်.....
အချိန်ကား ၆ နာရီ.....
သွားစရာလည်းမရှိတာကြောင့် အဆောင်ရှိရာသို့သာ
ပြန်ရန် စိတ်ကူးလိုက်တော့သည် ။နန်းတော်တမျှခမ်းနားသော
အိမ်ကြီးအိမ်ကောင်းရှိပါရက်နဲ့ ကျဉ်းမြောင်းသောအခန်းငယ်
လေးကို ပိုက်ဆံပေးနေနေသော သခင့် ကိုအခြားသူတွေနား
လည်ချင်နားလည်ပါလိမ့်မည် ။
သို့ပေမဲ့ သခင်ကတော့ ဂရုမစိုက်ပါ ။ဘယ်လောက်ပဲ
ခမ်းနားတဲ့အိမ်ကြီးဖြစ်ပါစေ သခင့် အတွက်တော့ ထောင်တစ်ခု
ထက်မပိုပေ ။
"ဟင် ‼❗ "
အဆောင်နားသို့ ရောက်ခါနီးတွင် အဆောင်ရှေ့၌ ရစ်
သီရစ်သီလုပ်နေသော လူတစ်ချို့ကြောင့် သခင် အကွယ်တစ်
နေရာသို့ အမြန်ဝင်ပုန်းလိုက်ရသည် ။အထက်အောက်အနက်
ဝတ်ထားသော မာဖီးယားလိုလို ထိုလူစုကို သခင် ကောင်းကောင်းသိပါသည် ။