အပိုင်း ( ၂ )
Blue moon restaurant ......
သာယာတဲ့သီချင်းဆိုသံကြောင့် လူအချို့မိန်းမောတိတ်
ဆိတ်လျက်ရှိနေသည် ။သီချင်းဆိုသံအဆုံးမှာတော့ ကျယ်
လောင်သောလက်ခုပ်သံများပေါ်ထွက်လာပြီး ထောပနာပြုကြ
လေတော့သည် ။"ကျေးဇူးတင်ပါတယ်....."
ချိုသာတဲ့နှုတ်ဆက်စကားသံနှင့်အတူ စင်ပေါ်မှဆင်းလာ
သောကောင်လေးတစ်ယောက် ။အနက်ရောင်ဂျင်းဘောင်းဘီ
ကို အနက်ရောင်shirt နဲ့တွဲဝတ်ထားသောကောင်လေးရဲ့ပုံစံ
က မြင်သူတိုင်းလည်ပြန်ငေးရအောင်သန့်ပြန့်ချောမောလျက်ရှိ
သည် ။"ပင်ပန်းနေပြီလား မုန်းရိပ်...."
"မပင်ပန်းပါဘူး ကိုထက်ရဲ့ ဟို ဒါနဲ့ ကျွန်တော်ပြောထားတာ..."
"အော် အိမ်စောပြန်ဖို့လား အင်း ငါ မမနွယ်ဒါလီကိုပြောထား
ပေးပြီးပြီ သူက....""မောင်လေး ခခ...."
ကိုထက်နိုင်ရဲ့စကားမဆုံးခင် မုန်းရိပ်ရဲ့ကျောနောက်
ဖက်မှ ထွက်ပေါ်လာသောချွဲအီအီမိန်းမအသံကြောင့် မုန်းရိပ်
လူပင်တုန်သွားရလေသည် ။"မ မမ နွယ်ဒါလီ...."
"မောင်လေးတောင် သီချင်းဆိုလို့ပြီးပြီလား ဟွန်း မမ လာတာ
နောက်ကျသွားတာပဲ မောင်လေးဆီလာခံနီး အရေးကြီးကိစ္စပေါ်
လာတာနဲ့ မောင်လေးရဲ့သီချင်းကိုနားမထောင်ရတော့ဘူး...."အနီရောင်ရဲရဲကိုဆိုးထားသောနှုတ်ခမ်းထူထူကို တထော်
ထော်လုပ်ကာ အသံကိုညုတုတုလုပ်ပြောနေသော နွယ်ဒါလီ
ဆိုတဲ့မိန်းမကြောင့် မုန်းရိပ် ကြက်သီးတောင်ထသွားရသည် ။ဆိုးဝါးလိုက်တာနော်.....မျောက်ဖင်နီရဲ့ဖင်ကိုသွားကြည့်
တာကမှ တော်ကာကျအုန်းမယ်....မုန်းရိပ် စိတ်ထဲတွေးနေတုန်း လက်မောင်းကိုပွတ်သီး
ပွတ်သပ်လုပ်လာသော ထိုမိန်းမကြောင့် မုန်းရိပ် လန့်ကာအမြန်
ရုန်းလိုက်မိတော့သည် ။"ဟို မမ ကျွန်တော် ဒီနေ့အိမ်ကိုစောပြန်မယ်နော်...."
"အင်း ရပါတယ် မမရဲ့ဆိုင်ကို ရောင်းအားကောင်းအောင်လုပ်
ပေးနေတဲ့ အဖိုးတန်လေးကို ဒီလောက်တော့လုပ်ပေးရမှာပေါ့.."
VOUS LISEZ
Roman d'amourအချစ်က သိပ်နားလည်ရခက်တဲ့အရာဆိုပေမဲ့ အချစ်နဲ့တော့ ဘယ်သူမှကင်းကင်းမနေနိုင်ကြဘူးလေ အချစ်က သိပ်နားလည်ရခက်တဲ့အရာဆိုပေမဲ့ အချစ်နဲ့တော့ ဘယ်သူမှကင်းကင်းမနေနိုင်ကြဘူးလေ Own creation Both zawgyi & unicode