"အဲ့တော့ နင်ချခဲ့ပြီလား"
"အင်းစိတ်အေးလိုက်တော့။အလကားကောင်လေးပါဟာ"
ရှောင်းကျန့် တယောက်ညီမဖြစ်သူခေါင်းအားပုတ်လိုက်သည်။တော်လိုက်တဲ့ ညီမလေး။ညီမလေးကာကွယ်နေသ၍ကိုကိုကသူတော်စင်လေးဖြစ်နေဦးမှာ။ ရှောင်းကျန့်ကရန်မဖြစ်တတ်တာမဟုတ်ဘူး အတတ်နိုင်ဆုံးမဖြစ်အောင်နေတာ။ငယ်ငယ်ထဲက သူကအေးအေးလူလူနေတတ်တဲ့ကောင်လေးပေါ့လေ တကယ်ကညီမကကာကွယ်ပေးနေတာ။ ဘာကိစ္စဖြစ်ဖြစ်သူ့ညီမကရှေ့ကကာလိုက်တော့သူလုပ်စရာမလိုဘူးလေ အလိုအလျောက်လူလိမ္မာလေးဖြစ်သွားတာပေါ့ ဟင်း ဟင်း။
ခုံပေါ်က ချောကလက်များ လက်ဆောင်ဘူးများကိုကြည့်ရင်း ရှောင်းကျန့်သက်ပြင်းချလိုက်သည်။ ဘာလို့သောက်ရုပ်ကလာချောနေရတာလဲ။ သူများတွေကအတွက် ဗယ်လင်တိုင်းဒေးက တနှစ်တခါဆိုပေမဲ့ ရှောင်းကျန့်တွက်ကနေ့တိုင်းလိုပဲ။ နေ့တိုင်း ခုံပေါ်မှာ ချောကလက်ကရှိတယ်။
ငါ့ကိုအချိုတွေစားပြီးသေအောင်လား။
ဒါတွေအပြင်မှာတော့ပြောမနေပါဘူး။လာပေးတဲ့ကောင်မလေးတွေကိုလဲရှောင်းကန့်ကအားနာတတ်သေးတယ်လေ။သူတို့ခမျာလာလာ၀ယ်ပြီး ထားထားပေးနေရတာ။ အမှိုက်ပုံးထဲလွှင့်ပစ်တာတွေမလုပ်ပါဘူး ။အတန်းနောက်ကlockerတွေထားတဲ့စင်မှာသွားတင်ထားလိုက်သည်။ မကြာပါဘူး ခဏနေအတန်းထဲကကောင်တွေတီးသွားကြလိမ့်မယ်။ ကုသိုလ်ရတာပေါ့။
"ရှောင်းကျန့်"
လာပြီလေ ထိပ်ဆုံးကဂုန်းဆင်းမဲ့ကောင်။
"သွားအနောက်မှာထားထားတယ် သွားစား"
"ဟေ့ကောင် ငါ့ကိုစားဖို့ပဲသိတဲ့ကောင်ထင်နေလား။ "
အမှန်ပြောလို့ရှူးရှူးရှဲရှဲဖြစ်နေတဲ့ကျိုးချန်ကို ဘာကိစ္စလဲဟူ၍သာမေးဆတ်ပြလိုက်သည်။
"မင်း ညီမ ဟိုကြွက်စုတ်ကို ဆော်ပလော်တီးလိုက်ပြီလား "
"အေး တီးပစ်လိုက်ပြီ။"
"အေအေမင်းလဲ ညီမအကာကွယ်ပဲယူနေသလား"
ပြတင်းပေါက်အပြင်ကိုငေးကြည့်နေရင်း ကျိုးချန်စကားကြားတော့ ပြုံးရုံသာပြုံးရင်းဖြေသည်။
YOU ARE READING
ငါ့ကောင်လေး မင်းသိဖို့(Unicode only)
Fanfictionငါ့ကောင်လေး မင်းသိဖို့...အများကြီးလိုပါသေးတယ်