Ep 1

4.4K 187 5
                                    

"ရှောင်းကျန့်!! ရှောင်းကျန့်!! "

အာရုံစိုက်ရေးနေတဲ့စာလုံးများကအော်သံကြောင့်တချက်မှားသွား၍ရှောင်းကျန့်ဒေါသထွက်သွားသည်။ ဒါမင်းအဖေ ကျောင်းကောင်စီကိုအပ်ရမဲ့စာအုပ်ကွ။
စာအုပ်ကိုတချက်ပိတ်လိုက်ရင်း အတန်း၀မှလှမ်းခေါ်သူကိုစိတ်ပျက်စွာကြည့်လိုက်သည်။ ဒီတခါရောဘာရန်ပွဲတွေဖြစ်ပြန်ပြီလဲ။ ရှောင်းကျန့်တော်တော်စိတ်ညစ်သည်။ ကျောင်းတက်ခါစ သူငယ်ချင်းများအလှော်ကောင်း၍သူမလုပ်ချင်ပါ‌‌ေသာအတန်းခေါင်းဆောင်ဖြစ်လာရသည်။ ရှောင်းကျန့်ကသူ့ဘာသာအေးဆေးနေရတာကြိုက်သည်။ ကိုယ့်အလုပ်ကိုယ်လုပ်နေရတာကိုကြိုက်သည်။ အခုတော့ပါလေရာငပိကျက်ဘ၀မှာရောက်နေသည်။
လာခေါ်တဲ့ တတန်းထဲသားပြောပုံအရ ရန်ဖြစ်တဲ့ထဲပါနေသည်က မိမိသူငယ်ချင်း။ ဒီနေ့ကျိုးချန်တို့ ဘတ်စကတ်ဘောပြိုင်ပွဲရှိသည်။ရှောင်းကျန့်က အားကစားလုပ်ရတာမျိုးမကြိုက်သလို ကြည့်ရတာလဲပျင်းသည်။ အခုတော့ အားကစားပြိုင်ပွဲလာကြည့်ရတာမဟုတ်ပဲ ရန်ဖြစ်ပွဲလာကြည့်ရတော့သည်။
ဖြစ်နေတာကအ၀တ်လဲခန်းမှာ။။ ထုံးစံအတိုင်း ပြိုင်ပြီး ညစ်တယ် ဘာညာရန်ဖြစ်ကြပြန်ပြီထင်ပါတယ် ။သူမကြိုက်တာအဲ့တာတွေပဲ အရှုံးမခံနိုင်ရင်မပြိုင်နဲ့လေ ခုမှရန်ထဖြစ်နေတာအားကုန်ရုံပဲမဟုတ်ဘူးလား။ ဝိုင်းအုံနေသောလူထဲအတင်းတိုးဝှေ့ရင်း မိမိသူငယ်ချင်းဖြစ်သူအားဆွဲလိုက်သည်။

"ကျိုးချန် တော်တော့ လက်မပါကြနဲ့ ဒါကျောင်းထဲမှာ "

"ရှောင်းကျန့် မင်းဟိုကောင်ကိုပြောရမှာ သူအရင်ငါ့ကိုလာရန်စတာကွ"

"ခင်ဗျားတို့အရင်ညစ်တာလေ"

"မိုက်ရိုင်းနေတာက ငါ မင်းထက်အသက်ကြီးတယ်ကွ"

ဆွဲနေရင်းနဲ့ကိုအတင်း ဟိုကောင်လေးကိုထိုးမယ်ကြိတ်မယ်ဖြစ်နေသော ကျိုးချန်ကြောင့် တော်တော်စိတ်ညစ်နေပြီ။

"တော်တော့လို့ ငါပြောနေတယ် ကျိုးချန်။ ဟိုဘက်ကညီလေးလဲတော်တော့"

"ဘာကိုတော်ခိုင်းနေတာလဲ ခင်ဗျားတို့ဘက်ကကျွန်တော့်သူငယ်ချင်းကိုခြေထိုးခံလို့ရှုံးရတာလေ "

ငါ့ကောင်လေး မင်းသိဖို့(Unicode only)Where stories live. Discover now