P.5..

6.2K 592 16
                                    

Zawgyi

"Baek Hyun ..​ရောက်​ခါနီးပြီလား..?"

"........"

"အွန်း..hyung မင်းအတွက်​ ဟင်း​တွေချက်​ထားလို့
အွန်း..ထမင်းစားပွဲ​ပေါ်မှာ ထားခဲ့​ပေးမယ်​​နော်​..
ရောက်​ရင်​စားလိုက်​..
စားပြီးမှ Lee Yeol တို့ဆီသွား​နော်​..."

ဒီ​နေ့ ရုံးပတ်​ရက်​ဖြစ်​တာကတစ်​​ကြောင်း..
ချစ်​ရတဲ့ညီ​က​လေးက ဒီည သူ့ရည်းစားနဲ့ အိမ်​မှာ လာအိပ်​မယ်​လို့ ဖုန်းဆက်​အ​ကြောင်းကြားလို့ကတစ်​​ကြောင်း..
Chan Yeol ဒီည​နေပိုင်း အပြင်​မထွက်​ဖြစ်​​တော့ပဲ
အားလုံးစားဖို့ ညစာ ချက်​ပြုတ်​ရင်းနဲ့ပဲ အချိန်​ကုန်​ဆုံးလိုက်​​တော့သည်​...။

Baek Hyun က သူ့အ​မေဆီသွားကြည့်​လို့ ဒီည ​နောက်​ကျမှ ​ရောက်​မယ်​ ​ပြောသွား​ပေမယ့်​ အရှုပ်​ထုတ်​Lee Yeol ​က ည၇နာရီအမှီ အိမ်​ပြန်​​ရောက်​ရမယ်​လို့ ရာဇသံထုတ်​လိုက်​တာ​ကြောင့်​ ​စော​စောစီးစီး ပြန်​လာရတဲ့​ကောင်​​လေးတစ်​​ယောက်​..
ပိတ်​ရက်​မှာ အ​မေနဲ့အချိန်​ကြာကြာမ​နေရလို့ထင်​..။

ဖုန်းထဲမှာ​တောင်​အသံ​လေးမသာမယာ ဖြစ်​​နေတာကို အတိုင်းသားကြား​နေရသည်​..။

မျက်​နှာ​လေးဆူဆူပုတ်​ပုတ်​နဲ့အခု​လောက်​ဆို Lee Yeolကို​ကောင်း​ကောင်းကြီး​မေတ္တာပို့​နေ​ရော​ပေါ့...။

အေး​လေ..သူ့ခမျာ ​ကျောင်းပိတ်​ရက်​မှ အ​မေနဲ့ကြာကြာ​တွေ့ရတာကို...။

အဲ့ဒီ ​သောက်​လုပ်​မဟုတ်​တဲ့ပုံ​တွေဆွဲ​ပေးရဦးမှာဆို​တော့
တင်းရှာမှာ​ပေါ့...။

Lee Yeolဆိုတဲ့သ​ကောင့်​သားက ကိုယ့်​အစ်​ကိုရဲ့
ယောက်ျား​လောင်းလျာကို အဲ့လိုစိတ်​ငြိုငြင်​​အောင်​လုပ်​မှပဲ စားဝင်​အိပ်​​ပျော်​တာလားမသိ​ပေမယ့်​ Chan Yeolက​တော့ ​ကောင်​​လေးအိမ်​​စော​စောပြန်​လာမှာမို့ ​ပျော်​ပါသည်​..။

သူကြိုက်​တတ်​တဲ့ဟင်းအနည်းအကျဉ်းချက်​​ပေးပြီး
စားပွဲ​ပေါ်မှာ သူအဆင်​သင့်​စားလို့ရ​အောင်​ ခင်းကျင်း​ပေး​နေရတာကိုက ကြည်​နူးဖွယ်​အတိ..။

Painter ( Mature mood ) CompletedWhere stories live. Discover now