P.6*

8K 533 14
                                    

( title မှာကိုက mature mood လို့တင်​ထားတဲ့အတွက်
ဒီfic က mature on ပါမယ်​..
ကျောရိုးယူ​ရေးထားတဲ့plotကိုက အဲ့လိုမျိုးမို့ပါ..
သ​ဘောမကျဘူးဆိုရင်​အစထဲက မဖတ်​ပါနဲ့..)

Zawgyi

ပုံမှန်​ဆိုရင်​ ရုံးပြန်​ရင်​ အိမ်​တန်းပြန်​ပြီး..Baek Hyun နားမှာ တ၀ဲလည်​လည်​ လုပ်​ရင်းနဲ့အချိန်​ဖြုန်း​နေကျဖြစ်​​ပေမယ့်
ဒီ​နေ့မှာ​တော့...ရုံးကအပြန်​ ​ခြေလှမ်း​တွေက အိမ်​ရှိရာ တည့်​တည့်​မလှမ်းဖြစ်​...။

မီးမှိန်​မှိန်​​လေးထွန်းထားတဲ့ အရက်​ဆိုင်​​လေးတစ်​ဆိုင်​ရဲ့ ​ထောင့်​မကျတကျ​နေရာ​လေးမှာထိုင်​ရင်း....
အရက်​တစ်​ခွက်​ကိုဇိမ်​ကျကျ​သောက်​ပြီး..Lee Yeol
အလာကို​စောင့်​​နေသည်​....။

လုပ်​စရာကိုင်​စရာရှိရင်​ညီအစ်​ကိုနှစ်​​ယောက်​တိုင်​တိုင်​ပင်​ပင်​လုပ်​ကြတဲ့ထုံးစံအတိုင်း..အင်း..ဒီတစ်​​ခေါက်​က​တော့
တိုင်​ပင်​တာထက်​အသိ​ပေးရုံသ​ဘောမျိုးဆို​​ပေမယ့်​..
ကိုယ့်​အကြံဥာဏ်​​ကောင်းမ​ကောင်း..
ညီဖြစ်​သူကို နည်းနည်းပါးပါး​မေးကြည့်​မလို့ပါ​လေ....။

လွန်​ခဲ့တဲ့ရက်​အနည်းငယ်​​လောက်​ကတည်းက..
သေချာ​ထောင့်​​စေ့​အောင်​​တွေး​တောကြံဆထားတဲ့
အကြံ​လေးတစ်​ခုက..​တော်​​တော်​​လေး ​ကောင်း​နေတာမို့..
အရက်​​လေးတစ်​ငုံငုံလိုက်​.....အပြုံး​လေးတစ်​ချက်​ပြုံးလိုက်​နဲ့Chan Yeol​တော်​​တော့်​ကို​ပျော်​​နေသည်​...။

"Hyung..! ကျွန်​​တော်​​နောက်​မကျဘူး​နော်​.."

"​အေးပါ..."

ချိန်းထားတဲ့အချိန်​ထက်​ မိနစ်​အနည်းငယ်​​လောက်​ခွာပြီးမှ
ရောက်​ချလာသည့်​ Lee Yeol...။

အင်း....ခရီး​ရောက်​မဆိုက်​ ကိုယ့်​အကြံ​လေးကိုတိုက်​ရိုက်​ပဲ ဖွင့်​ချရ​တော့မှာ​ပေါ့..။
နောက်​ထပ်​နာရီပိုင်းအနည်းငယ်​ကြာရင်​ပဲ..အဲ့အကြံဥာဏ်​​လေးကို အ​ကောင်​အထည်​​ဖော်​​တော့မှာပဲ​လေ....။

"ငါ..ဒီည Baek Hyunနဲ့တူတူအိပ်​မလို့.."

"အိပ်​​ပေါ့...အိပ်​သင့်​တာကြာပြီကို..သူ့ဘာသာသူအချိန်​ဆွဲ​နေတာကြီးကို.."

Painter ( Mature mood ) CompletedOnde histórias criam vida. Descubra agora