Zawgyiလူတွေက ပျော်စရာကိစ္စရှိရင် အဲ့ပျော်စရာလေးကိုပဲ
စက္ကန့်နဲ့အမျှ တွေးတောပြီး ပြုံးရယ်နေတတ်ကြတယ်တဲ့..။Baek Hyun အဖို့လဲ အဲ့လိုပဲ လို့ပြောရမှာပေါ့..။
အဲ့ထက်တောင်ပိုတယ်လို့ပဲ ပြောရမလား...။မနေ့ညက မထင်မှတ်ထားလောက်တဲ့အထိ
ပျော်ဖို့ကောင်းလွန်းတဲ့ကိစ္စကြီးက Baek Hyun ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပေးခဲ့တာက အိမ်မက်တစ်ခုမြင်မက်ခဲ့တာလားလို့ထင်ယောင်ထင်မှားဖြစ်မိပေမယ့်...
ခန္ဓာကိုယ်ထဲက နာကျင်မှုတစ်ချို့ကို ခံစားသိရှိနေရတဲ့အခါ..
ဒါက တကယ်လက်တွေ့ကြုံခဲ့ရမှန်းလုံးဝကြီးအသေအချာစိတ်ဒုံးဒုံးချနိုင်လိုက်တာနဲ့အတူ..နှုတ်ခမ်းတွေကိုတွန့်ချိုးမိလိုက်တဲ့အထိ သဘောကျမိတယ်..။မနက်ခင်းမှာ အော်ဟစ်မြည်ကြွေးနေတဲ့ငှက်ကလေးတွေရဲ့မြည်သံက...
တေးသံသာတစ်ပုဒ်နားဆင်နေရတယ်လို့ထင်မှတ်ရအောင်သာယာလို့နေပြန်သည်..။အင်း..ပျော်ရွှင်စရာလေးလို့ခေါင်းစဉ်တပ်ထားပေမယ့်..
တကယ်တော့ကိုယ့်အသွေးအသားတောင့်တမှုအတွက် ဆန္ဒလေးတစ်ခုပြည့်ဝသွားတဲ့ကိစ္စမို့...
ဘယ်လိုပြောရမလဲ....။ဆန္ဒပြည့်ဝမှု အတွက် ပျော်ရွှင်ခြင်းလား..?
အဟား..ဘာမှန်းညာမှန်းမပြောတတ်တော့ပေမယ့်..
အခု မနက်နိုးလာတာနဲ့မျက်လုံးတောင်မဖွင့်ရသေး...
မနေ့ညက ပုံရိပ်တစ်ချို့က ဦးနှောက်အသိဥာဏ်ထဲ ပြန်ပေါ်လာတာနဲ့အတူ....
BaekHyun ကမ္ဘာကြီးမှာ ပကတိပျော်ရွှင်ခြင်းတွေနဲ့ပြီးပြည့်စုံနေသည်...။အောက်ဘက်ပိုင်းကနာကျင်မှုတစ်ခုကတော့BaekHyun အတွက်ဆုလာဘ်လေးတစ်ခုလို့ပဲပြောရမလား..။
အင်း...ရိုင်းရိုင်းပြောရရင်..BaekHyun အခု ကိုယ့်ကိုကိုယ် pervertတစ်ယောက်လို့ခံစားနေရပေမယ့်..
ကိုယ်သိပ်ချစ်ရတဲ့လူနဲ့အတူတူအိပ်ရတဲ့ခံစားချက်က
ဘယ်လောက်တောင်မှ ပျော်ဖို့ကောင်းလဲဆိုတာ...
ခင်ဗျားတို့ကိုယ်တိုင်ကြုံဖူးမှ သိမှာဆိုတော့လေ..။
KAMU SEDANG MEMBACA
Painter ( Mature mood ) Completed
Fiksi Penggemarညီမငယ် Asuna Park အတွက်ချစ်သောအစ်မရဲ့မွေးနေ့လက်ဆောင်